သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအနိုင်ရပါတီ ဖျက်သိမ်းဖို့ ထိုင်းရွေးကောက်ပွဲကော်မရှင် တောင်းဆိုမည်

Move Forward ပါတီခေါင်းဆောင်ဟောင်း Pita Limjaroenrat နဲ့ လက်ရှိပါတီခေါင်းဆောင် Chaithawat Tulathon တို့ကို ပါတီဝင်များနှင့်အတူ တွေ့ရစဉ်
Move Forward ပါတီခေါင်းဆောင်ဟောင်း Pita Limjaroenrat နဲ့ လက်ရှိပါတီခေါင်းဆောင် Chaithawat Tulathon တို့ကို ပါတီဝင်များနှင့်အတူ တွေ့ရစဉ်

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲအတွင်း လွှတ်တော်နေရာ အများစု အနိုင်ရထားတဲ့၊ ပြုပြင် ပြောင်းလဲရေး လိုလားတဲ့ Move Forward ပါတီ ကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးကို တောင်းဆိုမယ်လို့ ထိုင်း ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်နဲ့ တော်ဝင် မိသားစုအပေါ် မထီမဲ့မြင် ဝေဖန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးလေ့ရှိတဲ့ lese-majeste ဥပဒေကို ပြင်ဆင်သွားမယ်လို့ ဆိုပြီး ရွေးကောက်ပွဲ မဲဆွယ် အနိုင်ရခဲ့တဲ့ Move Forward ပါတီ ကို ဖျက်သိမ်းပေးဖို့ ကော်မရှင်အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်း သဘောတူခဲ့ကြတဲ့အကြောင်း ဒီကနေ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါတီ ခေါင်းဆောင်ဟောင်း Pita Limjaroenrat ဦးဆောင်ပြီး ဒီဥပဒေကို ပြင်ဆင် သွားမယ့်အကြောင်း ပါတီအနေနဲ့ ပြောဆို မဲဆွယ်ခဲ့တာတွေဟာ အပြစ်ရှိတယ်လို့ ဖွဲ့စည်းပုံတရားရုံးက ဒီနှစ်အစောပိုင်းတုန်းက ဆုံးဖြတ်ခဲ့သလို၊ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ပါတီ ဖျက်သိမ်းရေး တောင်းဆိုမယ့်အကြောင်း ပြောဆိုလိုက်တာပါ။ ပြုပြင်ပြောင်းလဲရေး ပါတီအဖြစ် ယူဆခံထားရတဲ့ Move Forward ပါတီ ကတော့ စစ်တပ် ပြုပြင်ပြောင်းလဲရေး အပြင် နိုင်ငံတွင်းမှာ တော်ဝင်မိသားစုက စီးပွားရေး လုပ်ငန်းတွေကို ကြီးစိုးထားတာတွေကို ပြုပြင်ပြောင်းလဲသွားမယ်လို့ ကတိပြု ပြောဆိုထားပါတယ်။

Move Forward ပါတီအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများစုကို အနိုင်ရခဲ့ပေမဲ့လို့၊ အဲ့ဒီအချိန်က ပါတီခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်နေရာ အဆိုတင်သွင်းခဲ့တာမှာ ကန့်ကွက်ခံခဲ့ရသလို၊ ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရာမှာလည်း ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG