သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအတိုက်အခံခေါင်းဆောင် ဖိထာ လွှတ်တော်အမတ် ပြန်ဖြစ်ခွင့်ရ


ထိုင်းအခြေခံ ဥပဒေတရားရုံးကို ရောက်လာတဲ့ MFP ပါတီခေါင်းဆောင် Pita Limjaroenrat (ဇန်နဝါရီ ၂၄၊ ၂၀၂၄)
ထိုင်းအခြေခံ ဥပဒေတရားရုံးကို ရောက်လာတဲ့ MFP ပါတီခေါင်းဆောင် Pita Limjaroenrat (ဇန်နဝါရီ ၂၄၊ ၂၀၂၄)

ပြီးခဲ့တဲ့နှစ် ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Move Forward (MFP) ပါတီခေါင်းဆောင်လည်းဖြစ်၊ ဝန်ကြီးချုပ်လောင်းလည်း ဖြစ်ခဲ့သူ Pita Limjaroenrat ကို နိုင်ငံရေးလုပ်ကိုင်ခွင့် ပိတ်ပင်ထားတဲ့အမှုကို ဖျက်သိမ်းပြီး လွှတ်တော်အမတ်အဖြစ် ပြန်ပြီး ခန့်အပ်ကြောင်း ထိုင်းအခြေခံ ဥပဒေတရားရုံးက ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ရွေးကောက်ပွဲမှာ မဲအများဆုံးရခဲ့တဲ့ MFP ပါတီခေါင်းဆောင် အသက် (၄၃)နှစ်အရွယ် Pita Limjaroenrat ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ လွှတ်တော်အမတ်အဖြစ်ကနေ ရပ်ဆိုင်းခြင်း ခံခဲ့ရသလို ရွေးကာက်ပွဲအနိုင်ရ သူ့ပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ပြီး သူ၀န်ကြီးချုပ်ဖြစ်မယ့်အရေးကလည်း ပိတ်ပင် တားဆီးခံခဲ့ရပါတယ်။

ထိုင်းဘုရင့်တော်၀င်မိသားစုတွေနဲ့ပတ်သက်လို့ ၀ေဖန်လို့မရအောင် တင်းကျပ်ထားတဲ့ ဥပဒေနဲ့ စစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လက်၀ါးကြီးအုပ် ချယ်လှယ်နေမှုတွေကို ပြုပြင်ပြောင်းလဲဖို့ MFP ပါတီက တောင်းဆိုခဲ့ပြီးနောက် အုပ်ချုပ်ရေးညွှန့်ပေါင်းအဖွဲ့ကနေ ဖယ်ထုတ်ခံခဲ့ရပါတယ်။ လွှတ်တော်အမတ်တွေအနေနဲ့ မီဒီယာကုမ္ပဏီတွေမှာ အစုရှယ်ယာ ပိုင်ဆိုင်ခွင့်မရှိရဘူးလို့ တားမြစ်ထားတဲ့ ထိုင်းနိုင်ငံ ဥပဒေကို Pita အနေနဲ့ ကျူးလွန်ခြင်းမရှိကြောင်း ထိုင်းအခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ ကွယ်လွန်သွားတဲ့ဖခင်ရဲ့ ITV ရုပ်မြင်သံကြားအုပ်စုမှာ ပါ၀င်နေတဲ့ အစုရှယ်ယာတွေကို Pita အနေနဲ့ အမွေဆက်ခံခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမှုရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ထိုင်းအတိုက်အခံခေါင်းဆောင် ဖိထာ လွှတ်တော်အမတ် ပြန်ဖြစ်ခွင့်ရ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG