[Zawgyi/Unicode]
Microsoft အမှုဆောင်အရာရှိချုပ် Satya Nadella
Video ရုပ်သံအတိုလေးတွေ မ ျှဝေနိုင်တဲ့ TikTok လူမှုကွန်ယက်ကို Microsoft ကုမ္ပဏီက ဝယ်ယူရေးနဲ့ ပတ်သက်လို့ အမှုဆောင်အရာရှိချုပ် Satya Nadella က သမ္မတ Donald Trump နဲ့ ဆွေးနွေးခဲ့တယ်လို့ Microsoft ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။
TikTok ကို Microsoft ကဝယ်မယ်ဆိုတဲ့ သတင်းထွက်နေချိန်မှာ Microsoft က သူ့ရဲ့ Blog post မှာ ပထမဆုံး အတည်ပြု အသိပေးလိုက်တာလည်း ဖြစ်ပါတယ်။
မိခင်ကုမ္ပဏီက တရုတ်နိုင်ငံကဖြစ်နေတာကြောင့် TikTok ဟာ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တယ်လို့ သမ္မတ Trump ကပြောဆိုပြီး TikTok app ကို အမေရိကန်ပြည်ထောင်စုမှာ မသုံးနိုင်အောင် ပိတ်မယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ခြိမ်းခြောက်ထားတာပါ။
SEE ALSO: အမေရိကန်မှာ TikTok သုံးတာ ပိတ်မယ် - သမ္မတ TrumpTikTok နဲ့ပတ်သက်လို့ သမ္မတရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ အရေးကြီးတယ်ဆိုတာ Microsoft က အပြည့်အဝ နားလည်ကြောင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စကို အလုံးစုံ ပြန်လည်သုံးသပ်မှာဖြစ်ပြီး အမေရိကန်ဘဏ္ဍာရေးဌာနအပါအဝင် အမေရိကန်ပြည်ထောင်စုအတွက် စီးပွားရေး အကျိုးအမြတ် အသေအချာ ရအောင်လုပ်သွားမှာဖြစ်တယ်လို့လည်း Microsoft ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
TikTok ကုမ္ပဏီကို ဝယ်ယူမယ့်ကိစ္စကို သူ့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance တရုတ်နည်းပညာကုမ္ပဏီနဲ့ စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး ညှိနှိုင်း ဆွေးနွေးသွားမယ်လို့ Microsoft ကုမ္ပဏီက ပြောပါတယ်။
Your browser doesn’t support HTML5
TikTok ဝယ်ယူရေး မက်ကရိုဆော့ဖ်အကြီးအကဲ သမ္မတနဲ့ ဆွေးနွေးခဲ့
[Unicode Version]
TikTok ဝယျယူရေး မကျကရိုဆော့ဖျအကွီးအကဲ သမ်မတနဲ့ ဆှေးနှေးခဲ့
Video ရုပျသံအတိုလေးတှေ မ ြှဝနေိုငျတဲ့ TikTok လူမှုကှနျယကျကို Microsoft ကုမ်ပဏီက ဝယျယူရေးနဲ့ ပတျသကျလို့ အမှုဆောငျအရာရှိခြုပျ Satya Nadella က သမ်မတ Donald Trump နဲ့ ဆှေးနှေးခဲ့တယျလို့ Microsoft ကုမ်ပဏီက ပွောကွားလိုကျပါတယျ။
အမေရိကန် သမ္မတ Donald Trump
TikTok ကုမ်ပဏီကို ဝယျယူမယ့ျကိစ်စကို သူ့ရဲ့ မိခငျကုမ်ပဏီဖွဈတဲ့ ByteDance တရုတျနညျးပညာကုမ်ပဏီနဲ့ စကျတငျဘာ ၁၅ ရကျ နောကျဆုံးထားပွီး ညှိနှိုငျး ဆှေးနှေးသှားမယျလို့ Microsoft ကုမ်ပဏီက ပွောပါတယျ။