နှစ်ပေါင်း ၁၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကန်အစိုးရအပြောင်းအလဲကာလမှာ သေဒဏ်စီရင်

Idaho ပြည်နယ် Boise မြို့က သေဒဏ်စီရင်သောနေရာ။

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲအပြီး အစိုးရ အကူးအပြောင်းကာလအတွင်း ရာဇဝတ်သားတယောက်ကို ပြည်ထောင်စုအစိုးရက သမိုင်းမှာ ပထမဆုံး ကွပ်မျက် လိုက်ပါတယ်။

Indiana ပြည်နယ်က အကျဉ်းထောင်တခုထဲမှာ လူသတ်မှုနဲ့ ပြစ်ဒဏ်ကျနေသူ ရာဇဝတ်သား Orlando Hall ကို နိုဝင်ဘာ ၁၉ ရက်နေ့က ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။ အစိုးရသစ်မတက်ခင် အကူးအပြောင်းကာလမှာ ခုလို သုတ်သင်ကွက်မျက်မှုဟာ နှစ်ပေါင်း ၁၃၀ မှာ ပထမဆုံးဖြစ်ပါတယ်။

SEE ALSO: အမေရိကန်မှာ ဒုတိယမြောက် သေဒဏ်စီရင်ဖို့ တရားရုံးချုပ်ဆုံးဖြတ်

ရွေးကောက်ခံသမ္မတ Biden ကျမ်းကျိန်ပွဲလုပ်မယ့် ဇန်နဝါရီက ၂၀ ရက်နေ့မတိုင်ခင် နောက်ထပ် ရာဇဝတ်သား ၅ ယောက်ကို ကွပ်မျက်ဖို့လည်း လက်ရှိ Trump အစိုးရက အလေးထားပြောနေပါတယ်။ အဲဒီထဲမှာ သေဒဏ်ကျနေသူတွေထဲက တဦးတည်းသော အမျိုးသမီးလည်း ပါဝင်ပါတယ်။

အခုလို လက်ရှိအစိုးရ ဆင်းခါနီး အကျဉ်းသားကွပ်မျက်မှုကို သမ္မတဟောင်း Grover Cleveland ရဲ့ ပထမသက်တမ်းအကုန် ၁၈၈၉ ခုနှစ်က နောက်ဆုံးလုပ်ခဲ့တာပါ။ အစဉ်အလာအားဖြင့် ရာထူးကဆင်းသွားတော့မယ့် သမ္မတတွေဟာ ရာဇဝတ်သားကို ကွပ်မျက်သင့် မသင့် ဆုံးဖြတ်ချက်တွေ မချတော့ဘဲ အသစ်တက်လာမယ့် သမ္မတတွေ လက်ကို လွှဲပေးခဲ့ကြလေ့ ရှိပါတယ်။

Your browser doesn’t support HTML5


[Unicode Version]




SEE ALSO: အမေရိကန်မှာ ဒုတိယမြောက် သေဒဏ်စီရင်မယ့်အပေါ် တရားသူကြီး တားမြစ်

