တရုတ်ရောက် သမ္မတ Trump လေသံပျော့ေ့ပျာင်း

 ကန်သမ္မတ Trump နဲ့ တရုတ်သမ္မတ Xi Jinping

ကန်သမ္မတ Trump နဲ့ တရုတ်သမ္မတ Xi Jinping

အာရှနိုင်ငံတွေကို သွားရောက်နေတဲ့ အမေရိကန် သမ္မတ Donald Trump ဟာ တရုတ်နိုင်ငံမှာ တရုတ်သမ္မတ Xi Jinping နဲ့ မြောက်ကိုရီးယား အရေးဆိုင်ရာတွေနဲ့ ကုန်သွယ်ရေး ဆိုင်ရာလို ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သိသိသာသာပဲ နူးနူးညံ့ညံ့ ပြောဆိုနေတာ တွေ့ရပြီး အထူး နွေးနွေးထွေးထွေး ဆက်ဆံလိုကြောင်း ပြနေပါတယ်။

ဘေဂျင်းမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတွေ အပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီယားပြဿနာ ကို အမေရိကန်နဲ့ တရုတ်တို့ ဖြေရှင်းနိုင်မယ်လို့ သူယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ Xi Jinping ရဲ့ ဦးဆောင်မှုကို သိပ်ကိုလေးစားကြောင်း သမ္မတ Trump က ပြောကြားခဲ့ပြီး အမေရိကန်က သူ့မူဝါဒကို ပြောင်းလဲရမယ်လို့ လည်း မှတ်ချက်ချခဲ့ပါတယ်။ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး မျှမျှတတ လုပ်နိုင်ရင် ၂ ဖက်လုံး အကျိုးရှိမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
သမ္မတ Trump က သူဟာ တရုတ်ခေါင်းဆောင်နဲ့ သိပ်အဆင်ပြေ နေတယ် လို့ ပြောပါတယ်။

တရုတ်ခေါင်းဆောင်ကလည်း အမေရိကန်နဲ့ ဆက်ဆံရေးဟာ ခရီးသစ်တခုရဲ့ အစကိုရောက်နေပြီဖြစ်ပြီး ကိုရီးယား ကျွန်းဆွယ် နျူကလီယား အရေးနဲ့ တခြားအရေးကြီးတဲ့ ကိစ္စရပ်တွေမှာလည်း ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

တရုတ် အမေရိကန် ဆက်ဆံရေးမှာ ပူးပေါင်း ဆောင်ရွက်ရေးသည်သာလျင် တခုထည်းသော ရွေးချယ်စရာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်၊

သမ္မတ Trump ရဲ့ ၁၂ ရက်ကြာ ၅ နိုင်ငံ ခရီးစဉ် အတွင်း သောကြာနေ့ ဆက်လက် သွားရောက်မယ့် နိုင်ငံကတော့ ဗီယက်နမ် နိုင်ငံ ဒါနန်း မြို့ဖြစ်ပြီး အဲဒီမှာ APEC ခေါ် အာရှ-ပစိဖိတ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ ထိပ်သီးအစည်းဝေးမှာ မိန့်ခွန်းပြောကြားမှာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တရုတ်ရောက် သမ္မတ Trump လေသံပျော့ေ့ပျာင်း