(Zawgyi / Unicode)
COVID-19 ကူးစက္ခံရတာ တပတ္ေက်ာ္ၾကာလာခ်ိန္မွာ အေမရိကန္သမၼတ Donald Trump က သူဟာ ဘာေဆးမွ ဆက္ေသာက္စရာ မလိုေတာ့ဘဲ က်န္းမာေရးအေျခေန သိပ္ေကာင္းေၾကာင္း တနဂၤေႏြေန႔မွာ ေျပာၾကားလိုက္ပါတယ္။
ဆိုးဝါးတဲ့ တ႐ုတ္ဗုိင္းရပ္စ္ပိုးကို သူ ေအာင္ႏိုင္ၿပီျဖစ္ေၾကာင္း Fox သတင္းဌာန ေမးျမန္းခန္းမွာ သမၼတက တယ္လီဖုန္းနဲ႔ ေျဖၾကားခဲ့တာျဖစ္ၿပီး ဒီပိုးအတြက္ သူခံႏိုင္ရည္ရွိသြားပံုရၿပီး ဒါဟာ တာရွည္ျဖစ္ေစ တခဏျဖစ္ေစ တသက္လံုးအတြက္ျဖစ္ေစ ျဖစ္ႏုိင္ေၾကာင္း ေျပာၾကားခဲ့တာပါ။
ေဆး႐ုံမွာ ၄ ရက္ၾကာ ကုသမႈခံယူခဲ့ရၿပီး ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ သမၼတအိမ္ျဖဴကို ျပန္ေရာက္လာတဲ့ သမၼတမွာ ဒီေရာဂါပိုး မရွိေတာ့ေၾကာင္း စမ္းသပ္ထားတဲ့ အေျဖရမရေတာ့ Fox သတင္းဌာနက Maria Bartiromo က မေမးခဲ့ပါဘူး။
SEE ALSO: ေဆး႐ုံကဆင္းၿပီး သမၼတ Trump ပထမဦးဆုံးအႀကိမ္ လူထုေတြ႔ဆုံပြဲ က်င္းပ႐ုပ္သံေမးျမန္းခန္း ထုတ္လႊင့္ၿပီး သိပ္မၾကာခင္မွာပဲ သမၼတက သူ႔ကို ေဆးကုဖို႔ မလိုေတာ့ေၾကာင္း အိမ္ျဖဴေတာ္ဆရာဝန္ေတြက မေန႔က ေျပာခဲ့တယ္လို႔ သူ႔တြစ္တာကေန ေရးခဲ့သလို ဒါဟာ သူ႔ကို ဒီေရာဂါပိုး မကူးႏုိင္ေတာ့သလို သူမ်ားကိုလည္း မကူးစက္ေစႏုိင္ေတာ့ဘူးလို႔ ဆိုလိုေၾကာင္း မွားယြင္းစြာ ေကာက္ခ်က္ခ်ထားတာလည္း ေတြ႔ရပါတယ္။
ဒီေရးသားခ်က္ဟာ COVID-19 အတြက္ မွားယြင္းတဲ့ အခ်က္လက္ ျပန္႔ပြားမႈ ျဖစ္ေစတာေၾကာင့္ တြစ္တာစည္းမ်ဥ္း ခ်ိဳးေဖာက္ေၾကာင္း ေနာက္ပိုင္းမွာ တြစ္တာက ေျဖရွင္းခ်က္ ေရးသားေဖာ္ျပခဲ့တာပါ။
သမၼတဟာ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဆိုင္ရာ CDC ဌာနက လက္ရွိသတ္မွတ္ထားတဲ့ သီးျခားခြဲေနဖို႔ မလိုေတာ့တဲ့ စိတ္ခ်ရတဲ့အဆင့္မွာ ရွိေနၿပီျဖစ္ၿပီး လက္ရွိသတ္မွတ္ထားတဲ့ စံေတြအရလည္း သူကေန တျခားသူေတြကို ကူးစက္ႏုိင္တဲ့အဆင့္မ်ိဳး မဟုတ္ေတာ့ဘူးလို႔ သမၼတရဲ႕ သမားေတာ္ႀကီး Dr. Sean Conley က စေနေန႔ညမွာ ေျပာၾကားခဲ့တာပါ။ ဒါ့အျပင္ သမၼတ Trump မွာ ၂၄ နာရီေက်ာ္ အဖ်ားမရွိေတာ့သလို စမ္းသပ္စစ္ေဆးခ်က္ေတြအရလည္း သမၼတမွာ ဗိုုင္းရပ္စ္ပိုး ဆက္ပြားေနမႈ မရွိေတာ့ေၾကာင္းလည္း ေျပာပါတယ္။
ေရြးေကာက္ပဲြက ႏိုဝင္ဘာ ၃ ရက္ေန႔မွာ က်င္းပေတာ့မွာမို႔ သမၼတ Trump ကေတာ့ အိမ္ျဖဴေတာ္မွာ စေနေန႔က သူ႔ကိုေထာက္ခံသူေတြနဲ႔ ႏိုင္ငံေရးစုေဝးပြဲ က်င္းပခဲ့သလို တနလၤာေန႔ကစၿပီး သူ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရဖုိ႔ရွိတဲ့ ဖေလာ္ရီဒါ၊ Pennsylvania နဲ႔ Iowa ျပည္နယ္ေတြမွာ ႀကီးမားတဲ့ လူထုစုေဝးပြဲေတြ က်င္းပဖို႔ စီစဥ္ေနပါတယ္။
Your browser doesn’t support HTML5
COVID-19 ကို ခံႏုိင္ရည္ရွိသြားၿပီလို႔ သမၼတ Trump ေၾကညာ
-----------------------
(Unicode)
COVID-19 ကို ခံနိုင်ရည်ရှိသွားပြီလို့ သမ္မတ Trump ကြေညာ
COVID-19 ကူးစက်ခံရတာ တပတ်ကျော်ကြာလာချိန်မှာ အမေရိကန်သမ္မတ Donald Trump က သူဟာ ဘာဆေးမှ ဆက်သောက်စရာ မလိုတော့ဘဲ ကျန်းမာရေးအခြေနေ သိပ်ကောင်းကြောင်း တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဆိုးဝါးတဲ့ တရုတ်ဗိုင်းရပ်စ်ပိုးကို သူ အောင်နိုင်ပြီဖြစ်ကြောင်း Fox သတင်းဌာန မေးမြန်းခန်းမှာ သမ္မတက တယ်လီဖုန်းနဲ့ ဖြေကြားခဲ့တာဖြစ်ပြီး ဒီပိုးအတွက် သူခံနိုင်ရည်ရှိသွားပုံရပြီး ဒါဟာ တာရှည်ဖြစ်စေ တခဏဖြစ်စေ တသက်လုံးအတွက်ဖြစ်စေ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့တာပါ။
ဆေးရုံမှာ ၄ ရက်ကြာ ကုသမှုခံယူခဲ့ရပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သမ္မတအိမ်ဖြူကို ပြန်ရောက်လာတဲ့ သမ္မတမှာ ဒီရောဂါပိုး မရှိတော့ကြောင်း စမ်းသပ်ထားတဲ့ အဖြေရမရတော့ Fox သတင်းဌာနက Maria Bartiromo က မမေးခဲ့ပါဘူး။
ရုပ်သံမေးမြန်းခန်း ထုတ်လွှင့်ပြီး သိပ်မကြာခင်မှာပဲ သမ္မတက သူ့ကို ဆေးကုဖို့ မလိုတော့ကြောင်း အိမ်ဖြူတော်ဆရာဝန်တွေက မနေ့က ပြောခဲ့တယ်လို့ သူ့တွစ်တာကနေ ရေးခဲ့သလို ဒါဟာ သူ့ကို ဒီရောဂါပိုး မကူးနိုင်တော့သလို သူများကိုလည်း မကူးစက်စေနိုင်တော့ဘူးလို့ ဆိုလိုကြောင်း မှားယွင်းစွာ ကောက်ချက်ချထားတာလည်း တွေ့ရပါတယ်။
SEE ALSO: သမၼတထရမ့္ က်န္းမာေရးအေျခအေနအေပၚ လႊတ္ေတာ္ဥကၠ႒ ေမးခြန္းထုတ္ဒီရေးသားချက်ဟာ COVID-19 အတွက် မှားယွင်းတဲ့ အချက်လက် ပြန့်ပွားမှု ဖြစ်စေတာကြောင့် တွစ်တာစည်းမျဉ်း ချိုးဖောက်ကြောင်း နောက်ပိုင်းမှာ တွစ်တာက ဖြေရှင်းချက် ရေးသားဖော်ပြခဲ့တာပါ။
သမ္မတဟာ ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ CDC ဌာနက လက်ရှိသတ်မှတ်ထားတဲ့ သီးခြားခွဲနေဖို့ မလိုတော့တဲ့ စိတ်ချရတဲ့အဆင့်မှာ ရှိနေပြီဖြစ်ပြီး လက်ရှိသတ်မှတ်ထားတဲ့ စံတွေအရလည်း သူကနေ တခြားသူတွေကို ကူးစက်နိုင်တဲ့အဆင့်မျိုး မဟုတ်တော့ဘူးလို့ သမ္မတရဲ့ သမားတော်ကြီး Dr. Sean Conley က စနေနေ့ညမှာ ပြောကြားခဲ့တာပါ။ ဒါ့အပြင် သမ္မတ Trump မှာ ၂၄ နာရီကျော် အဖျားမရှိတော့သလို စမ်းသပ်စစ်ဆေးချက်တွေအရလည်း သမ္မတမှာ ဗိုင်းရပ်စ်ပိုး ဆက်ပွားနေမှု မရှိတော့ကြောင်းလည်း ပြောပါတယ်။
ရွေးကောက်ပွဲက နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပတော့မှာမို့ သမ္မတ Trump ကတော့ အိမ်ဖြူတော်မှာ စနေနေ့က သူ့ကိုထောက်ခံသူတွေနဲ့ နိုင်ငံရေးစုဝေးပွဲ ကျင်းပခဲ့သလို တနင်္လာနေ့ကစပြီး သူ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိတဲ့ ဖလော်ရီဒါ၊ Pennsylvania နဲ့ Iowa ပြည်နယ်တွေမှာ ကြီးမားတဲ့ လူထုစုဝေးပွဲတွေ ကျင်းပဖို့ စီစဉ်နေပါတယ်။