သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump အိမ္ျဖဴေတာ္မွာ ရုံးျပန္တက္


မွတ္တမ္းဓါတ္ပံု- စက္တင္ဘာ ၄ ရက္ေန႔တုန္းက သမၼတ Trump ကို Oval ရံုးခန္းမွာ ေတြ႕ရစဥ္ (AP Photo/Evan Vucci)

(Zawgyi/Unicode)

COVID-19 ကူးစက္ၿပီး ေဆး႐ုံ ၃ ရက္တက္ ကုသမႈခံယူခဲ့တဲ့ သမၼတ Trump ဟာ ပထမဆုံး အႀကိမ္အျဖစ္ Oval Office ကို သြားေရာက္ၿပီး ႐ုံးျပန္တက္ ေနၿပီ ျဖစ္ပါတယ္။ ဗုဒၶဟူးေန႔က သမၼတ ထရမ့္ Oval Office ကို ျပန္လည္ သြားေရာက္ခဲ့ေၾကာင္း ေျပာခြင့္ရ Brian Morgenstern က အတည္ျပဳ ေျပာၾကားခဲ့တာပါ။

သမၼတ ထရမ့္ဟာ ေရာဂါပိုး သယ္ေဆာင္ ပ်ံ႕ႏွံ႔နိုင္တဲ့ အေျခအေနမွာ ရွိေနတဲ့တစ္ခ်ိန္တည္းမွာပဲ အိမ္ျဖဴေတာ္ သမားေတာ္ Sean Conley က သမၼတ Trump ဟာ ေရာဂါလကၡဏာ မျပဘဲေနတာ ၂၄ နာရီေက်ာ္ရွိေနၿပီး အေျခအေန တည္တည္ၿငိမ္ၿငိမ္ရွိတယ္လို႔ ေျပာ ပါတယ္။

သမၼတ Trump ရဲ့ေသြးထဲ ေအာက္စီဂ်င္ႏႈန္း၊ အသက္ရႈႏႈန္း အပါအဝင္ တျခားက်န္းမာေရး အေျခအေနေတြအားလုံးပုံမွန္အတိုင္း ေကာင္းမြန္တယ္လို႔ Conley က ေရးသားထုတ္ျပန္ခဲ့တာပါ။ သမၼတမွာ အဖ်ားမရွိတာလည္း ၄ ရက္ရွိေနၿပီျဖစ္ၿပီး တနလၤာေန႔က ဓာတ္ခြဲခန္း ေဆးစစ္ခ်က္ေတြအရ သူ႔ခႏၵာကိုယ္ထဲ COVID-19 ေရာဂါပိုးကို တိုက္ထုတ္နိုင္တဲ့ ပဋိဇီဝပစၥည္း ထြက္ေပၚေနတာကို ေတြ႕ရတယ္လို႔ လည္း Conley ကေျပာပါတယ္။

အေသးစိတ္ေတာ့ ထပ္ၿပီး ေျပာၾကားျခင္းမရွိသလို သမၼတ Trump ကို ဘယ္လို ကုထုံးေတြဆက္ၿပီး ေပးေနတယ္ဆိုတာကိုလည္း ေျပာမထားပါဘူး။ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးစင္တာ (CDC) ရဲ့ အဆိုအရ COVID-19 ကူးစက္ထားသူ တဦးအေနနဲ႔ ခႏၵာ ကိုယ္တြင္း ပဋိဇီဝပစၥည္း ထြက္ေပၚလာဖို႔က ေရာဂါကူးစက္ၿပီး တပတ္ကေန သုံးပတ္အထိၾကာတာပါ။

သမၼတ Trump ေရာ သူ႔ၿပိဳင္ဘက္ ဒီမိုကရက္တစ္ ပါတီ သမၼတေလာင္း Joe Biden တို႔ကပါ လာမယ့္ သီတင္း ပတ္မွာ က်င္းပမယ့္ သမၼတေလာင္းႏွစ္ဦး စကားစစ္ထိုးပြဲအတြက္ ေမၽွာ္လင့္ေနတယ္လို႔ အဂၤါေန႔ကေျပာထားပါတယ္။

ဒါေပမဲ့ သမၼတ Trump မွာ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္ထားတဲ့ အတြက္ စကားစစ္ထိုးပြဲစည္းမ်ဥ္း၊ စည္းကမ္းေတြနဲ႔ ပတ္သက္ၿပီး အျငင္းပြါးစရာေမးခြန္းေတြလည္း ထြက္ေပၚေနပါတယ္။

စကားစစ္ထိုးပြဲအတြက္ အႏၲရာယ္ကင္းရွင္းေရး ဘယ္လိုေဆာင္ရြက္ထားသလဲဆိုတဲ့ ေမးခြန္းကိုေတာ့ Biden က သူ႔အေနနဲ႔ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္းလိုက္နာသြားမယ္လို႔ ေျပာသလို သမၼတ Trump မွာ COVID ရွိေနေသးရင္ စကားစစ္ထိုး ပြဲမလုပ္သင့္ဘူးလို႔ လည္း ေျပာပါတယ္။

သမၼတ Trump အိမ္ျဖဴေတာ္မွာ ရုံးျပန္တက္
please wait

No media source currently available

0:00 0:01:18 0:00
တိုက္႐ိုက္ လင့္ခ္


.................

သမ္မတ Trump အိမ်ဖြူတော်မှာ ရုံးပြန်တက်

(Unicode)

COVID-19 ကူးစက်ပြီး ဆေးရုံ ၃ ရက်တက် ကုသမှုခံယူခဲ့တဲ့ သမ္မတ Trump ဟာ ပထမဆုံး အကြိမ်အဖြစ် Oval Office ကို သွားရောက်ပြီး ရုံးပြန်တက် နေပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က သမ္မတ ထရမ့် Oval Office ကို ပြန်လည် သွားရောက်ခဲ့ကြောင်း ပြောခွင့်ရ Brian Morgenstern က အတည်ပြု ပြောကြားခဲ့တာပါ။

သမ္မတ ထရမ့်ဟာ ရောဂါပိုး သယ်ဆောင် ပျံ့နှံ့နိုင်တဲ့ အခြေအနေမှာ ရှိနေတဲ့တစ်ချိန်တည်းမှာပဲ အိမ်ဖြူတော် သမားတော် Sean Conley က သမ္မတ Trump ဟာ ရောဂါလက္ခဏာ မပြဘဲနေတာ ၂၄ နာရီကျော်ရှိနေပြီး အခြေအနေ တည်တည်ငြိမ်ငြိမ်ရှိတယ်လို့ ပြော ပါတယ်။

သမ္မတ Trump ရဲ့သွေးထဲ အောက်စီဂျင်နှုန်း၊ အသက်ရှုနှုန်း အပါအဝင် တခြားကျန်းမာရေး အခြေအနေတွေအားလုံးပုံမှန်အတိုင်း ကောင်းမွန်တယ်လို့ Conley က ရေးသားထုတ်ပြန်ခဲ့တာပါ။ သမ္မတမှာ အဖျားမရှိတာလည်း ၄ ရက်ရှိနေပြီဖြစ်ပြီး တနင်္လာနေ့က ဓာတ်ခွဲခန်း ဆေးစစ်ချက်တွေအရ သူ့ခန္ဒာကိုယ်ထဲ COVID-19 ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ ပဋိဇီဝပစ္စည်း ထွက်ပေါ်နေတာကို တွေ့ရတယ်လို့ လည်း Conley ကပြောပါတယ်။

အသေးစိတ်တော့ ထပ်ပြီး ပြောကြားခြင်းမရှိသလို သမ္မတ Trump ကို ဘယ်လို ကုထုံးတွေဆက်ပြီး ပေးနေတယ်ဆိုတာကိုလည်း ပြောမထားပါဘူး။ အမေရိကန် ရောဂါထိန်းချုပ်ရေးစင်တာ (CDC) ရဲ့ အဆိုအရ COVID-19 ကူးစက်ထားသူ တဦးအနေနဲ့ ခန္ဒာ ကိုယ်တွင်း ပဋိဇီဝပစ္စည်း ထွက်ပေါ်လာဖို့က ရောဂါကူးစက်ပြီး တပတ်ကနေ သုံးပတ်အထိကြာတာပါ။

သမ္မတ Trump ရော သူ့ပြိုင်ဘက် ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း Joe Biden တို့ကပါ လာမယ့် သီတင်း ပတ်မှာ ကျင်းပမယ့် သမ္မတလောင်းနှစ်ဦး စကားစစ်ထိုးပွဲအတွက် မျှော်လင့်နေတယ်လို့ အင်္ဂါနေ့ကပြောထားပါတယ်။

ဒါပေမဲ့ သမ္မတ Trump မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ထားတဲ့ အတွက် စကားစစ်ထိုးပွဲစည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ပတ်သက်ပြီး အငြင်းပွါးစရာမေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

စကားစစ်ထိုးပွဲအတွက် အန္တရာယ်ကင်းရှင်းရေး ဘယ်လိုဆောင်ရွက်ထားသလဲဆိုတဲ့ မေးခွန်းကိုတော့ Biden က သူ့အနေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းလိုက်နာသွားမယ်လို့ ပြောသလို သမ္မတ Trump မှာ COVID ရှိနေသေးရင် စကားစစ်ထိုး ပွဲမလုပ်သင့်ဘူးလို့ လည်း ပြောပါတယ်။

XS
SM
MD
LG