(Zawgyi / Unicode)
သမၼတ Donald Trump က အေရးပါတဲ့ အေမရိကန္ အေရွ႕တာင္ပိုင္းက ေဂ်ာ္ဂ်ီယာျပည္နယ္ကို သြားေရာက္ၿပီး အထက္လႊတ္ေတာ္အမတ္ ေနရာအတြက္ ယွဥ္ၿပိဳင္ေနတဲ့ ရီပတ္ဘလစ္ကန္ ကိုယ္စားလွယ္ေလာင္း ၂ ဦးအတြက္ မဲဆြယ္စည္း႐ုံးေရး လုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီ အထက္လႊတ္ေတာ္အမတ္ ၂ ေနရာက ဆီးနတ္ အထက္လႊတ္ေတာ္ကို ဘယ္ပါတီ ႀကီးစိုးထားမလဲ ဆိုတာကို အဆုံးအျဖတ္ေပးမွာပါ။
ရီပတ္ဘလစ္ကန္ ကိုယ္စားလွယ္ေလာင္း ၂ ဦးအတြက္ မဲဆြယ္ပြဲမွာ သမၼတ Trump က ႏုိဝင္ဘာလ ၃ ရက္ သမၼတေရြးေကာက္ပြဲမွာ ေရြးေကာက္ပြဲ မသမာမႈေတြ ရွိတယ္ဆိုတာ ထပ္ခါတလဲလဲ ေျပာခဲ့ပါတယ္။
SEE ALSO: ရီပတ္ဘလစ္ကန္ အမတ္ေတြအတြက္ မဲဆြယ္ဖို႔ Donald Trump ေဂ်ာ္ဂ်ီယာျပည္နယ္သြားေဂ်ာ္ဂ်ီယာျပည္နယ္မွာ တရားဝင္ အတည္မျပဳရေသးတဲ့ မဲရလဒ္ေတြအရ ဒီမိုကရက္တစ္ ကိုယ္စားလွယ္ သမၼတေလာင္း Joe Biden က မဲ ၁၂,၀၀၀ ဝန္းက်င္နဲ႔ အႏုိင္ရရွိထားတာပါ။ လူ ၅ သန္းေက်ာ္ မဲေပးတဲ့ အဲဒီျပည္နယ္မွာ ၁၉၉၂ ေနာက္ပိုင္း ဒီမိုကရက္တစ္ပါတီက သမၼတေလာင္း ပထမဆုံးအႀကိမ္ အႏိုင္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။
အခုလို အထက္လႊတ္ေတာ္ အမတ္ေနရာအတြက္ မဲဆြယ္စည္း႐ုံးေရး မဆင္းမီ သမၼတ Trump က ေဂ်ာ္ဂ်ီယာျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးကို တယ္လီဖုန္းဆက္ စကားေျပာၾကားၿပီး ျပည္နယ္လႊတ္ေတာ္က ရီပတ္ဘလစ္ကန္ ပါတီဝင္ေတြ အေနနဲ႔ အထူးအစည္းအေဝးတရပ္ ေခၚယူၿပီး လက္ရွိ ေရြးေကာက္ပြဲရလဒ္ကို ပယ္ဖ်က္ဖို႔နဲ႔ သမၼတ Trump ကို ေထာက္ခံတဲ့ သမၼတေရြးခ်ယ္ေရးအဖြဲ႔ဝင္ေတြ ခန္႔အပ္ဖို႔ တိုက္တြန္းခဲ့ေၾကာင္း Washington Post သတင္းစာက ေျပာပါတယ္။
ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက သမၼတရဲ႕ တိုက္တြန္းခ်က္ကို လက္ခံဖို႔ ျငင္းဆန္ခဲ့တယ္လို႔ ေအပီသတင္းက ေျပာပါတယ္။
အထက္လႊတ္ေတာ္ကို ထိန္းခ်ဳပ္ႏုိင္ဖို႔ အထက္လႊတ္ေတာ္အမတ္ ေရြးေကာက္ပြဲေတြ ျပန္လည္ျပဳလုပ္ဖို႔ရွိတဲ့ ေဂ်ာ္ဂ်ီယာျပည္နယ္မွာ ရီပတ္ဘလစ္ကန္ပါတီ အေနနဲ႔ အနည္းဆုံး ၁ ေနရာ အႏိုင္ရဖို႔ လိုအပ္ပါတယ္။
Your browser doesn’t support HTML5
ေဂ်ာ္ဂ်ီယာ အထက္လႊတ္ေတာ္အမတ္ ေရြးေကာက္ပဲြအတြက္ ကန္သမၼတ မဲဆြယ္
------------------------
(Unicode)
ဂျော်ဂျီယာ အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲအတွက် ကန်သမ္မတ မဲဆွယ်
သမ္မတ Donald Trump က အရေးပါတဲ့ အမေရိကန် အရှေ့တာင်ပိုင်းက ဂျော်ဂျီယာပြည်နယ်ကို သွားရောက်ပြီး အထက်လွှတ်တော်အမတ် နေရာအတွက် ယှဉ်ပြိုင်နေတဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ၂ ဦးအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ အထက်လွှတ်တော်အမတ် ၂ နေရာက ဆီးနတ် အထက်လွှတ်တော်ကို ဘယ်ပါတီ ကြီးစိုးထားမလဲ ဆိုတာကို အဆုံးအဖြတ်ပေးမှာပါ။
ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ၂ ဦးအတွက် မဲဆွယ်ပွဲမှာ သမ္မတ Trump က နိုဝင်ဘာလ ၃ ရက် သမ္မတရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုတာ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။
ဂျော်ဂျီယာပြည်နယ်မှာ တရားဝင် အတည်မပြုရသေးတဲ့ မဲရလဒ်တွေအရ ဒီမိုကရက်တစ် ကိုယ်စားလှယ် သမ္မတလောင်း Joe Biden က မဲ ၁၂,၀၀၀ ဝန်းကျင်နဲ့ အနိုင်ရရှိထားတာပါ။ လူ ၅ သန်းကျော် မဲပေးတဲ့ အဲဒီပြည်နယ်မှာ ၁၉၉၂ နောက်ပိုင်း ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
SEE ALSO: ေရြးေကာက္ပြဲဆိုင္ရာ တရားစြဲတာေတြ သမၼတ Trump ဆက္လုပ္ေနဆဲအခုလို အထက်လွှတ်တော် အမတ်နေရာအတွက် မဲဆွယ်စည်းရုံးရေး မဆင်းမီ သမ္မတ Trump က ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူးကို တယ်လီဖုန်းဆက် စကားပြောကြားပြီး ပြည်နယ်လွှတ်တော်က ရီပတ်ဘလစ်ကန် ပါတီဝင်တွေ အနေနဲ့ အထူးအစည်းအဝေးတရပ် ခေါ်ယူပြီး လက်ရှိ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့နဲ့ သမ္မတ Trump ကို ထောက်ခံတဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ဝင်တွေ ခန့်အပ်ဖို့ တိုက်တွန်းခဲ့ကြောင်း Washington Post သတင်းစာက ပြောပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးက သမ္မတရဲ့ တိုက်တွန်းချက်ကို လက်ခံဖို့ ငြင်းဆန်ခဲ့တယ်လို့ အေပီသတင်းက ပြောပါတယ်။
အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ဖို့ အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲတွေ ပြန်လည်ပြုလုပ်ဖို့ရှိတဲ့ ဂျော်ဂျီယာပြည်နယ်မှာ ရီပတ်ဘလစ်ကန်ပါတီ အနေနဲ့ အနည်းဆုံး ၁ နေရာ အနိုင်ရဖို့ လိုအပ်ပါတယ်။