စားသုံးသူတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကာအကွယ်ပေးရေးဗျူရို (CFPB) အလုပ်တွေ အားလုံးနီးနီးကို အမေရိကန်သမ္မတ ထရမ့် အစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။
၂၀၀၈ ခုနှစ်မှာ အိမ်ချေးငွေ ပြဿနာတွေနဲ့ ငွေကြေးအကြပ်အတည်း ကြုံခဲ့ရပြီးနောက် ဒီဌာနကို အစိုးရက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အစိုးရ စီမံခန့်ခွဲမှုနဲ့ ဘတ်ဂျက်ရုံး ညွှန်ကြားရေးမှူး Russell Vought က CFPB ကို စနေနေ့ညက အီးမေးပို့ခဲ့တာပါ။
၂၀၁၀ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု ဥပဒေမှာ အဲဒီတုန်းက သမ္မတအိုဘားမားက CFPB ကို ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ အီလွန်မာ့စ်က သူ့ရဲ့ X လူမှုစာမျက်နှာမှာ “CFPB RIP” လို့ သောကြာနေ့မှာ ရေးသားခဲ့ပါတယ်။
စနေနေ့ နှောင်းပိုင်းမှာတော့ စီမံခန့်ခွဲမှုနဲ့ ဘတ်ဂျက်ရုံး ညွှန်ကြားရေးမှူး Russell Vought က CFPB ရဲ့ ဘဏ္ဍာငွေ နောက်အသုတ် ဗဟိုဘဏ်ကနေ ထုတ်လို့ မရတော့ပါဘူးလို့ ရေးခဲ့ပါတယ်။ ဗဟိုဘဏ်မှာ CFPB အတွက် ချထားတဲ့ အမေရိကန်ဒေါ်လာ $711.6 သန်းက လွန်လွန်းတယ်လို့ Russell Vought က လူမှုစာမျက်နှာမှာ ရေးပါတယ်။
နိုင်ငံရေးဖိအားတွေကနေ ကာကွယ်နိုင်အောင် ဗဟိုဘဏ်က CFPB ကို တိုက်ရိုက် ရန်ပုံငွေ ပေးရမယ်လို့ အောက်လွှတ်တော်ကနေ ပြဌာန်းထားခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ CFPB အင်တာနက် စာမျက်နှာကို ဖွင့်တဲ့အခါ စာမျက်နှာ မတွေ့ပါ ဆိုတဲ့ သတင်းစကားကိုပဲ တွေ့ရတာပါ။
Your browser doesn’t support HTML5
အမေရိကန် စားသုံးသူ ကာကွယ်ရေးဌာန လုပ်ငန်းတွေ ရပ်ဆိုင်းခံရ