အေမရိကန္ အလုပ္လက္မဲ့ေတြကုိ သီတင္းတပတ္ ေဒၚလာ ၄၀၀ ေပးဖို႔ သမၼတ ညႊန္ၾကား

အလုပ္လက္မဲ့ ျဖစ္ေနတဲ့ အေမရိကန္ေတြအတြက္ စီးပြားေရး ေထာက္ကူ ပံ့ပိုးေပးမႈဆိုင္ရာ အမိန္႔ညႊန္ၾကားခ်က္ကို လက္မွတ္ထုိးေနတဲ့ Donald Trump. (ၾသဂုတ္ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ကပ္ေဘးေၾကာင့္ အလုပ္လက္မဲ့ ျဖစ္ေနတဲ့ သန္းနဲ႔ခ်ီတဲ့ အေမရိကန္ေတြအတြက္ စီးပြားေရး ေထာက္ကူ ပံ့ပိုးေပးမႈဆိုင္ရာ သမၼတရဲ႕ အမိန္႔ညႊန္ၾကားခ်က္ကို အေမရိကန္သမၼတ Donald Trump က စေနေန႔မွာ လက္မွတ္ေရးထိုးလိုက္ပါၿပီ။

နယူးဂ်ာစီျပည္နယ္ Bedminster က သူ႔ရဲ႕ ေဂါ့ဖ္ကြင္းမွာ သတင္းစာရွင္းလင္းပြဲ လုပ္ၿပီး ညႊန္ၾကားခ်က္မွာပါတဲ့ အခ်က္ေလးခ်က္ကို ရွင္းျပခဲ့ပါတယ္။

အရင္က သီတင္းတပတ္ကို ေဒၚလာ ၆၀၀ ေပးေနတဲ့ အလုပ္လက္မဲ့ ခံစားခြင့္ကို အခုအခါမွာ သီတင္းတပတ္ ေဒၚလာ ၄၀၀ ဆက္လက္ေပးမွာျဖစ္ၿပီး ျပည္နယ္ေတြက ၂၅ ရာခိုင္ႏႈန္း က်ခံရမွာျဖစ္ၿပီး ျပည္ေထာင္စုအစိုးရက ၇၅ ရာခိုင္ႏႈန္း က်ခံမွာျဖစ္ပါတယ္။

Your browser doesn’t support HTML5

COVID-19 ေထာက္ပံ့ေရးအစီအစဥ္ လႊတ္ေတာ္သေဘာတူညီခ်က္မရေသး

ေဒၚလာ ၁၀၀,၀၀၀ ေအာက္ ၀င္ေငြရွိတဲ့ အေမရိကန္ေတြကိုေတာ့ အခြန္သက္သာခြင့္ေပးမွာ ျဖစ္ပါတယ္။ ေနာက္ ေက်ာင္းသားေခ်းေငြေတြ ျပန္ဆပ္ေနတာကို ဆိုင္းငံ့ေပးထားမွာ ျဖစ္ပါတယ္။ ေနာက္ အိမ္ေတြကေန ဖယ္ရွားခိုင္းတာကို ဆိုင္းငံ့ထားခ်က္ကိုလည္း သက္တမ္းတိုးလုိက္ပါတယ္။

ကပ္ေဘးေရာဂါနဲ႔ မဆိုင္တာေတြကို ကူညီပံ့ပိုးမႈဆိုင္ရာ ဥပေဒၾကမ္းမွာ ဒီမိုကရက္ လႊတ္ေတာ္အမတ္ေတြက ထည့္တယ္လို႔ သမၼတ Trump က စြပ္စြဲပါတယ္။

ဒီမိုကရက္ေတြျဖစ္ၾကတဲ့ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi နဲ႔ အထက္လႊတ္ေတာ္အမတ္ အနည္းစုေခါင္းေဆာင္ Chuck Schumer တို႔က မူလ အဆိုျပဳထားတဲ့ ေဒၚလာ ၃ ဒသမ ၄ ထရီလီယံ တန္ဖိုးရွိ ကို႐ုိနာဗိုင္းရပ္စ္ ကူညီ ေထာက္ပံ့ေရး အစီအစဥ္ကို သံုးပံုတပံုနီးပါး ေလွ်ာ့ခ်မယ္၊ ရီပတ္ဘလစ္ကန္ေတြဘက္က အဆိုျပဳထားတဲ့ ေဒၚလာ ၁ ထရီလီယံကို ထပ္တိုးေပးဖို႔ သေဘာတူရမယ္ဆိုၿပီး ေသာၾကာေန႔က ကမ္းလွမ္းခဲ့တာပါ။

ဒါေပမယ့္လည္း အစိုးရဘက္က ေစ့စပ္ညႇိႏႈိင္းသူေတြျဖစ္တဲ့ ဘ႑ာေရး၀န္ႀကီး Steve Mnuchin နဲ႔ အိမ္ျဖဴေတာ္ အရာရွိခ်ဳပ္ Mark Meadows တုိ႔က ဒီမိုကရက္ေတြရဲ႕ ကမ္းလွမ္းခ်က္ကို လက္မခံခဲ့ၾကပါဘူး။

Your browser doesn’t support HTML5

အေမရိကန္ အလုပ္လက္မဲ့ေတြ သီတင္းတပတ္ ေဒၚလာ ၄၀၀ ေပးဖို႔ သမၼတ ညႊန္ၾကား

---------------------------

(Unicode)

အမေရိကန် အလုပ်လက်မဲ့တွေကို သီတင်းတပတ် ဒေါ်လာ ၄၀၀ ပေးဖို့ သမ္မတ ညွှန်ကြား

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ဘေးကြောင့် အလုပ်လက်မဲ့ ဖြစ်နေတဲ့ သန်းနဲ့ချီတဲ့ အမေရိကန်တွေအတွက် စီးပွားရေး ထောက်ကူ ပံ့ပိုးပေးမှုဆိုင်ရာ သမ္မတရဲ့ အမိန့်ညွှန်ကြားချက်ကို အမေရိကန်သမ္မတ Donald Trump က စနေနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါပြီ။

နယူးဂျာစီပြည်နယ် Bedminster က သူ့ရဲ့ ဂေါ့ဖ်ကွင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ညွှန်ကြားချက်မှာပါတဲ့ အချက်လေးချက်ကို ရှင်းပြခဲ့ပါတယ်။

အရင်က သီတင်းတပတ်ကို ဒေါ်လာ ၆၀၀ ပေးနေတဲ့ အလုပ်လက်မဲ့ ခံစားခွင့်ကို အခုအခါမှာ သီတင်းတပတ် ဒေါ်လာ ၄၀၀ ဆက်လက်ပေးမှာဖြစ်ပြီး ပြည်နယ်တွေက ၂၅ ရာခိုင်နှုန်း ကျခံရမှာဖြစ်ပြီး ပြည်ထောင်စုအစိုးရက ၇၅ ရာခိုင်နှုန်း ကျခံမှာဖြစ်ပါတယ်။

ဒေါ်လာ ၁၀၀,၀၀၀ အောက် ဝင်ငွေရှိတဲ့ အမေရိကန်တွေကိုတော့ အခွန်သက်သာခွင့်ပေးမှာ ဖြစ်ပါတယ်။ နောက် ကျောင်းသားချေးငွေတွေ ပြန်ဆပ်နေတာကို ဆိုင်းငံ့ပေးထားမှာ ဖြစ်ပါတယ်။ နောက် အိမ်တွေကနေ ဖယ်ရှားခိုင်းတာကို ဆိုင်းငံ့ထားချက်ကိုလည်း သက်တမ်းတိုးလိုက်ပါတယ်။

ကပ်ဘေးရောဂါနဲ့ မဆိုင်တာတွေကို ကူညီပံ့ပိုးမှုဆိုင်ရာ ဥပဒေကြမ်းမှာ ဒီမိုကရက် လွှတ်တော်အမတ်တွေက ထည့်တယ်လို့ သမ္မတ Trump က စွပ်စွဲပါတယ်။

SEE ALSO: အေမရိကန္ အလုပ္လက္မဲ့ သန္း ၃၀ ေက်ာ္ကို ေထာက္ပံ့ေရး အေခ်အတင္ ညႇိႏႈိင္း

ဒီမိုကရက်တွေဖြစ်ကြတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နဲ့ အထက်လွှတ်တော်အမတ် အနည်းစုခေါင်းဆောင် Chuck Schumer တို့က မူလ အဆိုပြုထားတဲ့ ဒေါ်လာ ၃ ဒသမ ၄ ထရီလီယံ တန်ဖိုးရှိ ကိုရိုနာဗိုင်းရပ်စ် ကူညီ ထောက်ပံ့ရေး အစီအစဉ်ကို သုံးပုံတပုံနီးပါး လျှော့ချမယ်၊ ရီပတ်ဘလစ်ကန်တွေဘက်က အဆိုပြုထားတဲ့ ဒေါ်လာ ၁ ထရီလီယံကို ထပ်တိုးပေးဖို့ သဘောတူရမယ်ဆိုပြီး သောကြာနေ့က ကမ်းလှမ်းခဲ့တာပါ။

ဒါပေမယ့်လည်း အစိုးရဘက်က စေ့စပ်ညှိနှိုင်းသူတွေဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin နဲ့ အိမ်ဖြူတော် အရာရှိချုပ် Mark Meadows တို့က ဒီမိုကရက်တွေရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့ကြပါဘူး။