ယူကရိန်းဘက်က ဒရုန်းအမြောက်အများနဲ့ တိုက်ခိုက်ကြောင်း ရုရှားစွပ်စွဲ

Belgorod ဒေသအုပ်ချုပ်ရေးမှူးရဲ့တရားဝင် တယ်လီဂရမ်မှာတင်ထားတဲ့နေ့စွဲအတိအကျမရှိဘဲလ်ဂိုရော့မြို့တိုက်ခိုက်ခံရပြီး မီးငြိမ်းသတ်နေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၁၊ ၂၀၂၄)

ယူကရိန်းဘက်က များပြားတဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် မော်စကိုမြို့တော်အနီးက ဓာတ်အားပေး စက်ရုံနဲ့ ရေနံချက်စက်ရုံတွေအပါအဝင် နေရာအများအပြား ထိခိုက်ခဲ့တယ်လို့ ရုရှားအရာရှိတွေက ပြောပါတယ်။ ဒါဟာ ယူကရိန်းတိုက်ခိုက်မှု တိုးမြှင့်လာတာပဲလို့လည်း ဆိုပါတယ်။

ရုရှားလေကြောင်း ကာကွယ်‌ရေးက မော်စကိုမြို့ပေါ်မှာနှစ်စင်းနဲ့ ကျန်အနီးအနားက ၉ စင်းကို ပစ်ချနိုင်ခဲ့ပြီး Kursk မြို့ပေါ်မှာ ၄၆ စင်း ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရေနံချက်စက်ရုံတွေမှာ ကျရောက်တဲ့ အပိုင်းအစတွေကြောင့် မီးလောင်ကျွမ်းခဲ့ပေမဲ့ လုပ်ငန်းမရပ်ဆိုင်းဘဲ မီးကို ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ရုရှားဘက်က ဆိုပါတယ်။ ရုရှားဘက်က ပြောဆိုချက်ကို လွတ်လပ်တဲ့ အတည်ပြုချက် မရနိုင်သလို ယူကရိန်းဘက်ကလည်း ချက်ချင်း ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။

အခြားတဘက်မှာတော့ ရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ kharkis ဒေသမှာ ကလေးသူငယ် ၅ ဦးအပါအဝင် လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအရာရှိတွေက ဆိုပါတယ်။ ယူကရိန်းလေတပ်ကလည်း ရုရှားဒရုန်း ၁၁ စင်းအနက် ၈ စင်းကို ပစ်ချနိုင်ခဲ့ပါတယ်။ ယူကရိန်းသမ္မတ Volodymyr Zelensky ကတော့ ရုရှားနိုင်ငံအတွင်းပိုင်းကို ဝင်ရောက်တိုက်ခိုက်နိုင်အောင် အနောက်နိုင်ငံတွေဆီက အဆင့်မြင့် ဒုံးကျည်တွေကို ပိုမို တောင်းခံနေပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းဘက်က ဒရုန်းအမြောက်အများနဲ့ တိုက်ခိုက်ကြောင်း ရုရှားစွပ်စွဲ