ယူကရိန်းစစ်ပွဲ အရပ်သားထိခိုက်နစ်နာမှုရှောင်ဖို့ ကုလအကြီးအကဲတိုက်တွန်း

APTOPIX Poland Russia Ukraine War

[[Zawgyi/Unicode]]

စစ်ဆင်ရေးတွေမှာ အရပ်သားတွေနဲ့ သူတို့ရဲ့အိမ်တွေ၊ သူတို့ရဲ့အခြေခံအဆောက် အအုံတွေကိုမထိခိုက်အောင် စစ်ဖြစ်နေတဲ့အဖွဲ့တွေက စိုက်လိုက်မတ်တပ် ဂရုစိုက် ရပါမယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

လူသားချင်း စာနာထောက်ထားရေးနဲ့ အရေးပေါ် ကယ်ဆယ်ရေးဌာန လက်ထောက် အတွင်းရေးမှူးချုပ်နဲ့ ပေါင်းစပ်ညှိနှိုင်းရေးမှူး Martin Griffiths က လုံခြုံရေး ကောင်စီကို ခုလို ပြောလိုက်ပါတယ်။

“အရပ်သားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာ ကျနော်တို့ ကျဆုံးနေပါတယ်။ မနက်ဖြန်မှာ မကျဆုံးဖို့ ကျနော် မျှော်လင့်ပါတယ်။” လို့ ပြောခဲ့တာပါ။

သူတို့သွားလိုတဲ့အရပ်ကို သွားနိုင်တဲ့ လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းတွေ ရှိသင့်ပါတယ်လို့လည်း သူက လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို ပြောပါတယ်။ သူတို့ ရပ်ရွာမှာ ဆက်လက် နေထိုင်သည် ဖြစ်စေ၊ ထွက်သွားကြသည်ဖြစ်စေ၊ လေးစားရပါမယ်။ အကာအကွယ် ပေးကြရပါမယ်လို့လည်း သူက ပြောပါတယ်။

ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ယူကရိန်းက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်ပေါင်း ၂ သန်း ရှိသွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

လူတွေ လုံခြုံစိတ်ချစွာ ထွက်နိုင်ရေးနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့ တိုက်နေတာတွေကို ရပ်နားဖို့လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က တိုက်တွန်းလိုက်ပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းစစ်ပွဲ အရပ်သားထိခိုက်နစ်နာမှုရှောင်ဖို့ ကုလအကြီးအကဲတိုက်တွန်း

=================

[[Unicode]]







=================