မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကြီးထွားလာတဲ့အရေး ကုလအရာရှိတွေ သတိပေး

စစ်ကိုင်းတိုင်း သပြေသာရွာ လေကြောင်းတိုက်ခိုက်ခံရအပြီးတွေ့ရစဉ် (ဇွန် ၈၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်မိကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ဒီကနေ့ပဲ သတိပေးလိုက်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရေး ကုလသမဂ္ဂ အထူးအကြံပေး Alice Wairimu Nderitu နဲ့ လူမျိုးတုန်း သတ်ဖြတ်မှုအရေး ကာကွယ်ရန် တာဝန်ရှိမှုဆိုင်ရာ အထူးအကြံပေး Mô Bleeker တို့ရဲ့ ဒီနေ့ပူးတွဲထုတ်ပြန်ချက်မှာ သတိပေးလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ကို အနီးကပ် စောင့်ကြည့်နေသလို၊ ၂၀၂၁ ခုနှစ် မတ်လ ကတည်းက အထူးအကြံပေး Wairimu Nderitu နဲ့ ထိုအချိန်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michele Bachelet ကလည်း မြန်မာနိုင်ငံတွင် စနစ်ကျသော အပြစ်ပေးတာတွေကို အဆုံးသတ်ဖို့ ပူးတွဲကြေညာချက်ထုတ်ပြန်ထားပါတယ်။

အထူးသဖြင့် အရပ်သားတွေကို လေကြောင်းကတိုက်ခိုက်ခြင်း၊ ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုတခုဖြစ်တဲ့ အတင်းအကြပ် လက်နက်ကိုင်တပ်ဖွဲ့ထဲကို ဝင်ရောက်စေခြင်းတွေလည်း ပါဝင်ပါတယ်။
နိုင်ငံတကာတရားရုံးက ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ယာယီအစီအမံများ ချမှတ်ခဲ့သော်လည်း အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများသည် ပစ်မှတ်ထား သတ်ဖြတ်မှုများနှင့် ဆက်လက် ကြုံတွေ့နေရဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ UNOCHA ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ဒီလို ပဋိပက္ခတွေကို ရှောင်ရှားနိုင်ဖို့အတွက် မြန်မာနိုင်ငံက လူပေါင်း ၃.၂ သန်းကျော်ဟာ နိုင်ငံကနေ ထွက်ပြေးနေရတယ်လို့လည်း ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကြီးထွားလာတဲ့အရေး ကုလအရာရှိတွေ သတိပေး