မြန်မာလူထုအားလုံး ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး UNAIDS တိုက်တွန်း

Switzerland နိုင်ငံ Geneva မြို့က UNAIDS ဌာနချုပ် အဆောက်အအုံ။ (ဧပြီ ၁၆၊ ၂၀၁၉)

[Zawgyi/Unicode]

ဒီဇင်ဘာလ ၁ ရက်၊ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ World AIDS Day မှာ “အားလုံးညီညွတ်ပေါင်းစည်းလို့ တာဝန်ကိုယ်စီမျှယူစို့” ဆိုတဲ့ဆောင်ပုဒ်နဲ့ မြန်မာနိုင်ငံတွင်းလူတိုင်း ကျန်းမာရေးစောင့်ရှောက်မှုရအောင် ဝိုင်းဝန်းလုပ်ဆောင်ဖို့ AIDS တိုက်ဖျက်ရေး ကုလသမဂ္ဂပူးတွဲအစီအစဉ် UNAIDS က တိုက်တွန်းလိုက်ပါတယ်။

COVID-19 ကပ်ရောဂါကြောင့် AIDS တိုက်ဖျက်ရေးလုပ်ငန်းတွေ နှောင့်နှေးနေရပြီး ရည်မှန်းထားတဲ့အတိုင်း ဖြစ်မလာတဲ့အတွက် ဒါကိုသင်ခန်းစာယူပြီး တကမ္ဘာလုံး ပူပေါင်းဆောင်ရွက်ဖို့လည်း UNAIDS က ဒီကနေ့ထုတ်ပြန်တဲ့အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

SEE ALSO: မြန်မာ HIV/AIDS စီမံကိန်း MSF မှ ကျန်းမာရေးဝန်ကြီးဌာနသို့ လွဲပြောင်း

"၂၀၂၀ ခုနှစ်မှာ ကမ္ဘာတဝန်း HIV ပိုးကူးခံရသူ ၅၀၀,၀၀၀ အောက်ထိ သိသိသာသာကျဆင်းသွားတာတွေ့မြင်ရမယ့်နှစ်ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပိုးကူးခံထားရသူသစ် ၁.၇ သန်းကျော်ရှိနေတဲ့အတွက် HIV ကူးစက်မှု ထိန်းချုပ်ထားနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်တွေ အလှမ်းဝေးနေပါသေးတယ်။" လို့ အမေရိကန် Johns Hopkins တက္ကသိုလ် ဆေးပညာဌာနပါမောက္ခ Chris Beyrer ကပြောပါတယ်။

ကုလသမဂ္ဂရဲ့အဆိုအရ ကပ်ရောဂါဂယက်ကြောင့် ၂၀၂၂ ခုနှစ်အရောက်မှာ HIV ပိုးကူးစက်ခံရသူနောက်ထပ် ၁၂၃,၀၀၀ ကနေ ၂၉၃,၀၀၀ ထိတိုးလာနိုင်ပြီး HIV/AIDS နဲ့ဆက်စပ်ပြီး အသက်သေဆုံးသူ ၇၀,၀၀၀ လောက်ကနေ ၁၅၀,၀၀၀ ထိရှိလာနိုင်တယ်လု့ိ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၀ ခုနှစ်ကစပြီး ခုခံအားကျဆင်းစေတဲ့ HIV ပိုးကူးစက်ခံရသူ ၃၇% ထိကျဆင်းသွားသလို AIDS နဲ့ သေဆုံးသူက ၃၀% ထိကျဆင်းသွားတာပါ။ မြန်မာနိုင်ငံမှာ လက်ရှိ HIV ပိုးရှိသူ ၂၄၀,၀၀၀ ဝန်းကျင်ရှိပြီး ဒီထဲမှာ အသက် ၁၅ နှစ်အောက် ကလေး ၁၁,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာတဝန်းလက်ရှိ HIV ပိုးရှိသူ ၃၈ သန်းဝန်းကျင်နဲ့ ကုသမှုခံယူနေသူ ၂၆ သန်းဝန်းကျင်ရှိပါတယ်။

Your browser doesn’t support HTML5

မြန်မာလူထုအားလုံး ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး UNAIDS တိုက်တွန်း

[Unicode Version]





SEE ALSO: ကိုဗစ်ကြောင့် ငှက်ဖျား၊ တီဘီနဲ့ HIV/AIDS ရောဂါနဲ့ သေဆုံးမှု တဟုန်ထိုးမြင့်တက်နေ
