(Zawgyi/ Unicode)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံနိုင်ရေး အတွက် တနလာၤနေ့မှာဘဲ ဘင်္ဂလားဒေရှ့် နိုင်ငံ ကို ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။
အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ၄ ရက်ကြာ ခရီးစဉ် အဖြစ် ဒီကနေ့မှာဘဲ ဘင်္ဂလားဒေရှ့် နိုင်ငံကို ဆိုက်ရောက်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တိုက်ရိုက်တွေ့ဆုံနိုင်ရေး အတွက် ကောဇ့်ဘဇားကို သွားရောက်မှာ ဖြစ်သလို မြို့တော် ဒါကာမှာ အာဏာပိုင်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနလာၤနေ့ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
၂၀၁၇ ခုနှစ် အတွင်း ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကနေ ရိုဟင်ဂျာ ဒုက္ခသည် သိန်းချီပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ရတာဟာ အခုဆိုရင် ၅ နှစ်တာ ကာလထဲကို ရောက်လာပေမဲ့ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ရေးကတော့ မရေမရာ ဖြစ်နေဆဲပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Heyzer က ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာဘဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ပဋိပက္ခတွေ လျော့ပါးရေး အဓိက တိုက်တွန်းခဲ့တဲ့ အကြောင်းလည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5
အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် ဘင်္ဂလားဒေ့ရှ်ကို ဆိုက်ရောက်
(Unicode)