အမေရိကန်နဲ့ အာရှပစိဖိတ်၄ နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်

အမေရိကန်နှင့်အာရှမစ္စဖိတ် မဟာမိတ်များစစ်ရေးလေ့ကျင့်

တောင်တရုတ် ပင်လယ်ပြင်ထဲမှာ စနေနေ့က အမေရိကန်နဲ့ အာရှ- ပစိဖိတ်နိုင်ငံ တွေပါဝင်တဲ့ ၅ နိုင်ငံတပ်ဖွဲ့တွေ ရေကြောင်းပူးတွဲ လေ့ကျင့်မှု လုပ်ခဲ့သလို ပိုင်နက်အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာပဲ တရုတ်စစ်တပ်ကလည်း စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါတယ်။

ဖိလစ်ပိုင်ရဲ့ စီးပွါးရေးဇုံ အဖြစ်သတ်မှတ်ထားတဲ့ နယ်နိမိတ်ထဲမှာ ပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်၊ အမေရိကန်၊ Australia နဲ့ ဂျပန်နိုင်ငံတွေ အပြင် နယူးဇီလန် ကလည်း ပထမဆုံး အကြိမ်အဖြစ် ပါဝင်လာတာ ဖြစ်ကြောင်း ဖိလစ်ပိုင်ကြည်းတပ်က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

စနေနေ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုမှာ ဖိလစ်ပိုင် စစ်သင်္ဘောကြီးတစင်း၊ အမေရိကန် USS Howard ၊ ဂျပန်က JS Sazanami နဲ့ နယူးဇီလန်က HMNZS Aotearoa သင်္ဘောကြီးတွေ ပါဝင် လေ့ကျင့်ခဲ့တာလို့လည်း ဖေါ်ပြထားပါတယ်။

Australia ကာကွယ်ရေးဌာနကတော့ အခုလို ပူးတွဲစစ်ရေး လေ့ကျင့်မှုကနေ ဒေသတွင်းနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာ စေပြီး အင်ဒို- ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ သာယာဝပြောရေး အတွက် အထောက်အကူရစေဖို့ ဖြစ်ကြောင်း ပြောပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်တို့ကြား ရေပြင်မှာရော ဝေဟင်မှာပါ ထိပ်တိုက် ရင်ဆိုင်မှုတွေနဲ့ ပဋိပက္ခတွေ ဆက်တိုက် ဖြစ်ပွါးခဲ့တဲ့ နောက် အခုလို စစ်ရေးလေ့ကျင့်မှု လုပ်တာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်နဲ့ တိုင်ဝမ်ရေလက်ကြား ဒေသတည်ငြိမ် အေးချမ်းရေး အတွက် တရုတ်ကို တိုက်တွန်း ပြောကြားနေကြောင်း Australian နိုင်ငံခြားရေး ဝန်ကြီး Penny Wong က စနေနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့တာပါ။

Your browser doesn’t support HTML5

အမေရိကန်နဲ့ အာရှပစိဖိတ်၄ နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်