ကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်ထိပ်တန်းသံတမန် Yang Jiechi တို့ ၆ နာရီကြာ တွေ့ဆုံဆွေးနွေး

၂၀၁၈ ခုနှစ် တရုတ်နိုင်ငံ Beijing မြို့မှာ တွေ့ဆုံခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ တရုတ်နိုင်ငံ ထိပ်တန်းသံတမန်၊ ပေါ်လစ်ဗြူရိုအဖွဲ့ဝင် Yang Jiechi။ (အောက်တိုဘာ ၀၈၊ ၂၀၁၈)

[Zawgyi/Unicode]

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ တရုတ်နိုင်ငံရဲ့ ထိပ်တန်းသံတမန်တဦးလည်းဖြစ်၊ ပေါ်လစ်ဗြူရိုအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ Yang Jiechi တို့ အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပါတယ်။

သူတို့ နှစ်ဦးဟာ Honolulu မြို့က Hickam လေတပ်အခြေစိုက်စခန်းမှာ ၆ နာရီကြာ တံခါးပိတ်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ သြဂုတ်လ နှောင်းပိုင်းမှာ တွေ့ဆုံပြီးတဲ့နောက် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအတွင်း သူတို့နှစ်ဦးနဲ့အတူ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Stephen Biegun နဲ့ တရုတ် သံအမတ်ကြီး Cui Tiankai တို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး Pompeo နဲ့ Mr. Yang Jiechi တို့ဟာ အင်္ဂါနေ့ကလည်း ညစာအတူစားခဲ့ကြပါတယ်။

SEE ALSO: ဟောင်ကောင်နဲ့ ဆက်ဆံရေး ကန်လျှော့ချမှု ဟောင်ကောင်တာဝန်ရှိသူတွေ ဝေဖန်

ဆွေးနွေးပွဲအတွင်း ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို နှစ်ဘက်စလုံးက မထုတ်ပြန်ပေမဲ့လည်း တရုတ်အစိုးရပိုင် သတင်းမီဒီယာကတော့ ဒီဆွေးနွေးပွဲက အပြုသဘောဆောင်တယ်လို့ ဖော်ပြပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်နဲ့ တရုတ်အစိုးရကြား ဆက်ဆံရေးကို အပြန်အလှန် အပြည့်အ၀ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ဝန်ကြီး Pompeo က အလေးပေးပြောကြားခဲ့တဲ့အကြောင်း သူ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။

နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ တရုတ်အစိုးရက ဟောင်ကောင်အပေါ် တင်းတင်းကြပ်ကြပ် ထိန်းချုပ်လာတာ၊ တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ပိုပြီးတော့ အင်အားတိုးချဲ့လာနေတာနဲ့ တရုတ်အလယ်ပိုင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလနှောင်းပိုင်းက စတွေ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇာစ်မြစ်နဲ့ ပတ်သက်တာအပါအဝင် ကိစ္စရပ် အများအပြားပေါ် အငြင်းပွားမှုတွေကြောင့် ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ဆယ်စုနှစ်တွေအတွင်းမှာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်ထိပ်တန်းသံတမန် Yang Jiechi တို့ ၆ နာရီကြာ တွေ့ဆုံဆွေးနွေး

[Unicode Version]


ဝန်ကြီး Mike Pompeo နဲ့ တရုတ်နိုင်ငံ ထိပ်တန်းသံတမန်၊ ပေါ်လစ်ဗြူရိုအဖွဲ့ဝင် Yang Jiechi။




SEE ALSO: သတင်းထောက်တွေကို တရုတ်က ပြည်နှင်ဒဏ်ပေးတဲ့အပေါ် ကန် လက်တုံ့ပြန်မည်

