အွန်လိုင်းပို့ချမယ့်အမေရိကန်တက္ကသိုလ်က နိုင်ငံတကာကျောင်းသားတွေ နေရပ်ပြန်ရမည်
Your browser doesn’t support HTML5
အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာ ကျောင်းသူကျောင်းသားတွေတက်နေတဲ့တက္ကသိုလ်တွေမှာအွန်လိုင်းသင်ကြားမှုပဲရှိမယ်ဆိုရင် နိုင်ငံတွင်းကနေ ထွက်ခွာရမယ်။ (သို့) လူကိုယ်တိုင် တက်ရောက်သင်ယူနိုင်တဲ့ ကျောင်းတခုခုကို ပြောင်းရွှေ့ရလိမ့်မယ်လို့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန ICE က တနင်္လာနေ့က ကြေညာလိုက်ပါတယ်။