ကိုဗစ်ကာကွယ်ဆေး သန်း ၁၀၀ ဝယ်ယူဖို့ ကန်အစိုးရနဲ့ Moderna သဘောတူ

"COVID 19 ကာကွယ်ဆေး" လို့ တံဆိပ်ကပ်ထာတဲ့ ပုလင်း တချို့။

[Zawgyi/Unicode]

COVID-19 ရောဂါကာကွယ်ဆေးထုတ်ဖို့ စမ်းသပ်နေတဲ့ အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna က ဆေး သန်း ၁၀၀ ထုတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအစိုးရနဲ့ သဘောတူ စာချုပ်ခဲ့တယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။ အမေရိကန် ကူးစက်ရောဂါဌာန၊ သုတေသနဌာနနဲ့ Moderna ကုမ္ပဏီတို့ပေါင်းပြီး ဖော်စပ်ထားတဲ့ ကိုဗစ်ရောဂါကာကွယ်ဆေး သုံးမျိုးကို လူတွေနဲ့ စမ်းသပ်နေတာ နောက်ဆုံးအဆင့်မှာ ရောက်နေပါပြီ။

အမေရိကန် သမ္မတ Donald Trump

ကာကွယ်ဆေးကို အတည်ပြုတာနဲ့ ဆေး သန်း ၁၀၀ အမြန်ဆုံးထုတ်လုပ်ပေးဖို့နဲ့ နောက်ထပ် သန်း ၅၀၀ မကြာခင်ဆက်ပြီး ထုတ်လုပ်ပေးဖို့ အမေရိကန်အစိုးရနဲ့ Moderna ကုမ္ပဏီတို့ သဘောတူခဲ့တယ်လို့ သမ္မတ Trump က အင်္ဂါနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါကူးစက်သူ သန်း ၂၀ ကျော်ရှိနေနိုင်မှာ အစိုးရတွေနဲ့ ဇီဝနည်းပညာကုမ္ပဏီတွေဟာ ကိုဗစ်ရောဂါကာကွယ်ဆေး ထုတ်နိုင်ဖို့ အပူတပြင်းကြိုးစားနေကြတာပါ။ ကမ္ဘာတဝန်းစမ်းသပ်နေကြတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးအမျိုး ၁၀၀ ကျော်ရှိပါတယ်။

SEE ALSO: မရှိမဖြစ်ဆေးဝါးတွေ အမေရိကန်ကုမ္ပဏီထုတ်ပဲဝယ်ဖို့ သမ္မထရမ့်ပ် အမိန့်ထုတ်

ရုရှားနိုင်ငံကတော့ ပထမဆုံးကိုဗစ်ကာကွယ်ဆေးကို အတည်ပြုလိုက်ပြီလို့ ရုရှားသမ္မတက အင်္ဂါနေ့က ကြေညာပါတယ်။ ဒါပေမဲ့ အသေအချာစမ်းသပ်ခဲ့ပုံ မရတဲ့ ဆေးအတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ရုရှားနိုင်ငံထဲက အပါအဝင် သိပ္ပံပညာရှင်တွေကမေးခွန်းထုတ်နေကြပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်နေကြတဲ့ ဓါတ်ခွဲခန်းတွေကနေ ရုရှားက အချက်အလက်တွေ ခိုးယူတယ်လို့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်ကာကွယ်ဆေး သန်း ၁၀၀ ဝယ်ယူဖို့ ကန်အစိုးရနဲ့ Moderna သဘောတူ

[Unicode Version]




SEE ALSO: ကိုဗစ်ကာကွယ်ဆေးတမျိုး ရုရှားအတည်ပြု

