ကာကွယ်ရေးတာဝန် ချောချောမွေ့မွေ့လွှဲနိုင်ဖို့ ဝန်ကြီး Austin ပြင်ဆင်​​​​​​​

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin

အမေရိကန် သမ္မတသစ် ရွေးချယ်ပြီးဖြစ်တဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တာဝန်လွှဲပြောင်းရေး ကိစ္စတွေမှာ အတတ်နိုင်ဆုံးချောချောမွေ့မွေ့နဲ့ တည်တည်ငြိမ်ငြိမ် လုပ်ဆောင်သွားမယ့်အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က မနေ့က ဖလော်ရီဒါပြည်နယ် မိုင်ယာပီမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နိုင်ငံသားတွေက သမ္မတသစ်ကို ရွေးချယ်ပြီးပြီ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့လေးနှစ်အတွင်း ဆောင်ရွက် ခဲ့တဲ့ အရေးကြီးတဲ့လုပ်ငန်းတွေအပေါ်မှာ ကာကွယ်ရေးဝန်ကြီးဌာအနေနဲ့ ဆက်ပြီး တာဝန်ယူ လုပ်ဆောင်နိုင်ဖို့ လွှဲပြောင်းပေးသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Lloyd Austin ပြောသွားတာပါ။ ပြီးခဲ့တဲ့ လေးနှစ်အတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နေတိုး မဟာမိတ်အဖွဲ့နဲ့အတူ အင်ဒို-ပစိဖိတ်ဒေသ လက်တွဲဘက်နိုင်ငံတွေနဲ့ မဟာဗျူဟာအရ အောင်မြင်မှုတွေရအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

သမ္မတသစ်ဟာ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့အတွက် သူ့မှာ အထူးအခွင့်အာဏာရှိတဲ့အကြောင်း၊ ဘယ်သူတွေကို ရွေးချယ်မယ်၊ ဘယ်သူတွေကို တာဝန်ကဖယ်ရှားမယ်ဆိုတာတွေကိုတော့ ကြိုတင် မခန့်မှန်းချင်ပါဘူးလို့ ဝန်ကြီး Austin က ပြောခဲ့ပါတယ်။

အမေရိကန်မှာ သမ္မတသစ်တက်လာရင်လည်း အမေရိကန်ပြည်ထောင်စုနဲ့ အတူလက်တွဲဆောင်ရွက် သွားမှာဖြစ်တယ်လို့ ဥရောပခေါင်းဆောင်တွေက ပြောပါတယ်။ ဥရောပခေါင်းဆောင်အားလုံး အမေရိကန်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို လိုလားတယ်လို့ EU ဥရောပ ကောင်စီ အကြီးအကဲ Charles Michael (ရှာမစ်ရှဲ) က ဒီနေ့ပြောကြားခဲ့ပါတယ်။ ယူကရိန်းကိစ္စအပါအဝင် နယ်ပယ်စုံမှာ သူနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဥရောပခေါင်းဆောင်တွေ လိုလားတယ်ဆိုတဲ့ သတင်းစကားကို Trump ကိုသူမနေ့က ပြောကြားခဲ့တယ်လို့လည်း ဟန်ဂေရီနိုင်ငံ Budapest မြို့မှာ ကျင်းပနေတဲ့ EU အစည်းအဝေးမှာ ဒီနေ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ယူကရိန်းကို စစ်တိုက်နေတဲ့ ရုရှားသမ္မတ Vladimir Putin ကလည်း Donald Trump ရွေးကောက်ပွဲ အနိုင်ရတာကို လူသိရှင်ကြား ချီးကျုးခဲ့ပြီး ရုရှားအစိုးရအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ကာကွယ်ရေးတာဝန် ချောချောမွေ့မွေ့လွဲနိုင်ဖို့ ဝန်ကြီး Austin ပြင်ဆင်