နယ်စပ်လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းသစ် ကန်သမ္မတလက်မှတ်ထိုး ထုတ်ပြန် 

အမေရိကန်သမ္မတ Joe Biden က တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေကြောင့် အမေရိကန်-မက္ကဆီကို နယ်စပ်ကို ယာယီပိတ်မယ့်အကြောင်း အိမ်ဖြူတော်ကနေ ကြေညာချက်ထုတ်ပြန်စဥ်။ (ဇွန် ၄၊ ၂၀၂၄)

အမေရိကန် မက္ကဆီကိုနယ်စပ်ကနေ ဝင်ရောက်ပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူအရေအတွက် ကန့်သတ်မယ့်အမိန့်ကို အမေရိကန်သမ္မတဘိုင်ဒန်က အင်္ဂါနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

နယ်ခြားတွေလုံခြုံရမယ်လို့ သမ္မတဘိုင်ဒန်က ယုံကြည်တာကြောင့် ခုလို လက်မှတ်ထိုးလိုက်တာဖြစ်ကြောင်း အိမ်ဖြူတော်က အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။ ဒီအမိန့်အရ တောင်ဘက်နယ်စပ်ကနေ ဝင်ရောက်လာကြသူ တပတ်ပျမ်းမျှ တနေ့ကို ၂,၅၀၀ ရောက်ရှိတာနဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတာကို ယာယီရပ်လိုက်မှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ လူဝင်မှု ကြီးကြပ်ရေးစနစ်နဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်တဲ့အထိ တောင်ဘက်ဝင်ပေါက်တွေက ဝင်ရောက်သူ ကျသွားမယ်ဆိုရင် အဲဒီလို ရပ်ထားတာကို ပြန်ဖွင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအမိန့်ကြောင့် အားနည်းထိခိုက်လွယ်တဲ့ ရွှေ့ပြောင်း ဝင်ရောက်လိုသူတွေဟာ မက္ကဆီကိုနိုင်ငံက လုံခြုံစိတ်ချမှုမရှိတဲ့မြို့တွေမှာ သောင်တင်နေကြမှာမို့ အန္တရာယ်ကြီးလှပါတယ်လို့ ယူအက်စ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ရဲ့အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး အယ်ဗရီးလ် ဘင်န်ဝှာက ဝေဖန်ပါတယ်။

သမ္မတဟောင်း ထရမ့်လက်ထက်တုန်းကတော့ နယ်စပ်က ဝင်ရောက်လာတာကို လုံးဝသည်းမခံခဲ့တဲ့အပြင် မူဆလင်လူဦးရေများတဲ့ ၇ နိုင်ငံက ခရီးသည်တွေကိုလည်းကန့်သတ်ခဲ့တာပါ။

Your browser doesn’t support HTML5

နယ်စပ်လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းသစ် ကန်သမ္မတလက်မှတ်ထိုး ထုတ်ပြန်