[Zawgyi/Unicode]
အေမရိကန္သမၼတေရြးေကာက္ပဲြမွာ မဲဆႏၵရွင္ေတြေပးထားတဲ့ မဲေတြအားလုံးကို အျပည့္အ၀ေရတြက္ဖို႔ ၿမိဳ႕ေတာ္အမ်ားမ်ားမွာ လူေတြက ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။ တခ်ိန္တည္းမွာပဲ သမၼတထရမ့္ပ္ကို ေထာက္ခံတဲ့သူတခ်ိဳ႕ကလည္း မီရွီဂန္ျပည္နယ္နဲ႔ အရီဇုိးနားျပည္နယ္ေတြက မဲေရတြက္တဲ့ ေနရာအျပင္ဘက္မွာ စုေ၀းဆႏၵျပတာေတြ ရွိခဲ့ၾကပါတယ္။
နယူးေယာက္ၿမိဳ႕မွာလည္း ဆႏၵျပပဲြေတြ ၿငိမ္းခ်မ္းစြာ ျဖစ္ပြားခဲ့ေပမဲ့ ေနာက္ပိုင္းမွာေတာ့ ဆႏၵျပတဲ့သူတခ်ိဳ႕က အမႈိက္ပုံးေတြကို မီးရႈိ႕တာ၊ ရဲတပ္ဖဲြ႔႔ဝင္ေတြနဲ႔ ထိပ္တုိက္ေတြ႔ခဲ့တာေၾကာင့္ လူဒါဇင္ေပါင္းမ်ားစြာကို ဖမ္းဆီးလိုက္တယ္လို႔ ရဲတပ္ဖဲြ႔က ေျပာပါတယ္။
SEE ALSO: အေမရိကန္ ေရြးေကာက္ပြဲ မဲေရတြက္မႈျပႆနာဒါ့အျပင္ Chicago, Los Angeles, Seattle, Houston, Pittsburg, Minneapolis နဲ႔ San Diego ၿမိဳ႕ေတြမွာလည္း ခ်ီတက္ဆႏၵျပခဲ့ၾကတာပါ။ ဆႏၵျပတဲ့သူေတြက မဲေတြအားလုံးကို ေရတြက္ဖို႔ ေတာင္းဆုိခဲ့ၾကတဲ့အျပင္ လူမ်ိဳးေရးတန္းတူညီမွ်ရွိဖို႔ အတြက္ကိုလည္း ေတာင္းဆုိခဲ့ၾကပါတယ္။ Oregon ျပည္နယ္ Portland ၿမိဳ႕မွာောတ့ ဆႏၵျပပဲြေတြကို အဓိကရုဏ္းအျဖစ္ေၾကျငာၿပီး ရဲတပ္ဖဲြ႔က ဖမ္းဆီးမႈရွိခဲ့သလို ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Kate Brown က ႏုိင္ငံေတာ္အရန္တပ္ဖဲြ႕ေတြကို ေခၚယူလိုက္ပါတယ္။
သမၼတထရမ့္ကို ေထာက္ခံတဲ့သူေတြကလည္း Detroit နဲ႔ Michigan ၿမိဳ႕ေတြက မဲေရတြက္တဲ့ေနရာကို သြားၿပီး မဲေရတြက္တာေတြကို ရပ္တန္႔ဖို႔ ေတာင္းဆုိခဲ့ၾကပါတယ္။ အဲဒီေနာက္ အရီဇုိးနားျပည္နယ္ Phoenix ၿမိဳ႕မွာလည္း သမၼတထရမ့္ကို ေထာက္ခံသူေတြက မဲေရတြက္တဲ့ေနရာအျပင္ဘက္မွာ သြားေရာက္စုေဝးၿပီးေတာ့ ဆႏၵျပခဲ့ၾကပါတယ္။
Your browser doesn’t support HTML5
ကန္ၿမိဳ႕ႀကီးတခ်ဳိ႕မွာ ေရြးေကာက္ပြဲဆက္စပ္ ဆႏၵျပပြဲေတြျဖစ္
[Unicode Version]
ကန်မြို့ကြီးတချို့မှာ ရွေးကောက်ပွဲဆက်စပ် ဆန္ဒပြပွဲတွေဖြစ်
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေပေးထားတဲ့ မဲတွေအားလုံးကို အပြည့်အဝရေတွက်ဖို့ မြို့တော်အများများမှာ လူတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ သမ္မတထရမ့်ပ်ကို ထောက်ခံတဲ့သူတချို့ကလည်း မီရှီဂန်ပြည်နယ်နဲ့ အရီဇိုးနားပြည်နယ်တွေက မဲရေတွက်တဲ့ နေရာအပြင်ဘက်မှာ စုဝေးဆန္ဒပြတာတွေ ရှိခဲ့ကြပါတယ်။
နယူးယောက်မြို့မှာလည်း ဆန္ဒပြပွဲတွေ ငြိမ်းချမ်းစွာ ဖြစ်ပွားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဆန္ဒပြတဲ့သူတချို့က အမှိုက်ပုံးတွေကို မီးရှို့တာ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာကြောင့် လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
SEE ALSO: ကန္ သမၼတေရြးေကာက္ပြဲ မဲအားလံုးေရတြက္ဖို႔ ဂ်ာမနီ တိုက္တြန္းဒါ့အပြင် Chicago, Los Angeles, Seattle, Houston, Pittsburg, Minneapolis နဲ့ San Diego မြို့တွေမှာလည်း ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြတဲ့သူတွေက မဲတွေအားလုံးကို ရေတွက်ဖို့ တောင်းဆိုခဲ့ကြတဲ့အပြင် လူမျိုးရေးတန်းတူညီမျှရှိဖို့ အတွက်ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ Oregon ပြည်နယ် Portland မြို့မှာောတ့ ဆန္ဒပြပွဲတွေကို အဓိကရုဏ်းအဖြစ်ကြေငြာပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးမှုရှိခဲ့သလို ပြည်နယ်အုပ်ချုပ်ရေးမှူး Kate Brown က နိုင်ငံတော်အရန်တပ်ဖွဲ့တွေကို ခေါ်ယူလိုက်ပါတယ်။
သမ္မတထရမ့်ကို ထောက်ခံတဲ့သူတွေကလည်း Detroit နဲ့ Michigan မြို့တွေက မဲရေတွက်တဲ့နေရာကို သွားပြီး မဲရေတွက်တာတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီနောက် အရီဇိုးနားပြည်နယ် Phoenix မြို့မှာလည်း သမ္မတထရမ့်ကို ထောက်ခံသူတွေက မဲရေတွက်တဲ့နေရာအပြင်ဘက်မှာ သွားရောက်စုဝေးပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။