ဗီယက်နမ်ရေဘေး ၁၅ ဦးသေ

ဗီယက်နမ် နိုင်ငံ မြောက်ပိုင်းမှာ မိုးသည်းထန်ပြီး ရေကြီး မြေပြိုတာကြောင့် ၁၅ ဦး သေဆုံးခဲ့ရပါတယ်။ သဘာ၀ ဘေးဒဏ် အတွင်း အိမ်တွေ မျောပါ၊ ကောက်ပဲသီးနှံတွေနဲ့ လမ်းတွေလည်း ပျက်စီးခဲ့ရပြီး အနည်းဆုံး ၁၁ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဘေးဒုက္ခ ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနက ပြောဆိုထားပါတယ်။

မုန်းတိုင်းဒဏ်ကြောင့် ဒေါ်လာ ၆ သန်းကျော်ဖိုး ပျက်စီးခဲ့ရတယ်လို့လည်း ပြောဆိုထားပါတယ်။ ဗီယက်နမ်နိုင်ငံမှာ သဘာ၀ ဘေးဒဏ်ကြောင့် နှစ်စဉ် လူပေါင်း ရာချီ သေဆုံးရသလို စိုက်ပျိုးရေး နဲ့ လမ်းပန်းဆက်သွယ်ရေးလို အခြေခံ အဆောက်အဦတွေ ပျက်စီးရတာကြောင့်လည်း ဒေါ်လာ သန်းနဲ့ချီ ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဗီယက်နမ်ရေဘေး ၁၅ ဦးသေ