အခြေအနေမှန်ကို သမ္မတ Putin သဘောပေါက်ရင် ပြဿနာပြေလည်ရေးထွက်ပေါက်ရှာနိုင်မည် (ယူကရိန်းသမ္မတ Zelenskyy) 

Ukrainian President Volodymyr Zelenskyy is seen on a screen as he addresses the audience from Kyiv during the World Economic Forum in Davos, Switzerland, May 23, 2022.

ရုရှားနဲ့ ဆွေးနွေးညှိနှိုင်းဖို့ လမ်းဖွင့်ထားကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောလိုက်ပေမဲ့ ရုရှားသမ္မတ Vladimir Putin နဲ့သာ တိုက်ရိုက် စကားပြောမယ်လို့ ပြောပါတယ်။

အခြေအနေမှန်ကို သမ္မတ Putin သဘောပေါက်ရင် ပြဿနာပြေလည်ရေးထွက်ပေါက်ရှာနိုင်မည် (ယူကရိန်းသမ္မတ Zelenskyy)

{{Zawgyi/Unicode}}

ရုရှားနဲ့ ဆွေးနွေးညှိနှိုင်းဖို့ လမ်းဖွင့်ထားကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောလိုက်ပေမဲ့ ရုရှားသမ္မတ Vladimir Putin နဲ့သာ တိုက်ရိုက် စကားပြောမယ်လို့ ပြောပါတယ်။ ရုရှားသမ္မတသာ ပကတိအခြေအနေကို နားလည်သဘောပေါက်မယ်ဆိုရင် သံတမန်ရေး နည်းလမ်းနဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်မယ့် ထွက်ပေါက်ရှာနိုင်ကြောင်းလည်း ဆွစ်ဇာလန်နိုင်ငံ Davos မြို့က ဗုဒ္ဓဟူးနေ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ပေးပို့ခဲ့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။

ဆွေးနွေးမှုတွေအတွက် ပထမခြေလှမ်းအဖြစ် ဖေဖော်ဝါရီလနှောင်းပိုင်း ကျုးကျော်မှု မတိုင်ခင် နေရာအထိ ရုရှားတပ်တွေ ပြန်ဆုတ်ပေးရလိမ့်မယ်လို့လည်း ပြောပါတယ်။ ပဋိပက္ခတွေ အဆုံးသတ်ရေး မကြာသေးခင် သီတင်းပတ်တွေအထိ ရုရှားနဲ့ ယူကရိန်းကြား ဆွေးနွေးဖို့ ဆန္ဒမရှိကြဘူးဆိုပြီး အပြန်အလှန် စွပ်စွဲနေကြတာပါ။

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်က မူလတန်းကျောင်းမှာ ပစ်ခတ်မှုကြောင့် ကလေး ၁၉ ယောက် အပါအဝင် ၂၁ ယောက် သေဆုံးခဲ့တဲ့အပေါ် စိတ်မကောင်း ဖြစ်ရကြောင်းလည်း ယူကရိန်းသမ္မတက မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ယူကရိန်းအရှေ့ပိုင်း ဒေသတွေမှာ ရုရှားရဲ့ထိုးစစ်တွေ အရှိန်မြှင့်လာနေချိန်မှာပဲ ရုရှားအပေါ် တိုးမြှင့်ဖိအားပေးဖို့ ယူကရိန်းသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။

Your browser doesn’t support HTML5

အခြေအနေမှန်ကို သမ္မတ Putin သဘောပေါက်ရင် ပြဿနာပြေလည်ရေးထွက်ပေါက်ရှာနိုင်မည် (ယူကရိန်းသမ္မတ Zelenskyy)

.................................................


{{Zawgyi/Unicode}}



