ထိရောက်တဲ့ အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှု

Anti-coup protesters hold posters with "CDM," initials that stand for Civil Disobedience Movement, as they gather outside the Hledan Centre in Yangon, Myanmar, Sunday, Feb. 14, 2021. Daily mass street demonstrations in Myanmar are on their second week, with neither protesters nor

Your browser doesn’t support HTML5

မင်းဆိုးမင်းညစ် ဆန့်ကျင်ရေး

စစ်အာဏာသိမ်းဖို့အတွက် တပ်ချုပ်ဟောင်း ဦးသန်းရွှေတို့အုပ်စု ပြဌာန်းထားတဲ့ အခြေခံဥပဒေအခန်း (၁၁) ကို အလွဲသုံးစားလုပ်သူဟာ တပ်ချုပ်မင်းအောင်လှိုင် ဖြစ်ပါတယ်။ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမယ့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လာတဲ့အတွက် အုပ်ချုပ်ရေးလုပ်ငန်းကို ဥပဒေအတိုင်း မဆောင်ရွက်နိုင်ရင် နိုင်ငံတော်သမ္မတဟာ အရေးပေါ်အခြေအနေကို ကြေညာနိုင်တယ်။ တချိန်တည်းမှာပဲ သင့်တော်တဲ့ ပုဂ္ဂိုလ်လက်ထဲအာဏာ အပ်နှင်းနိုင်တယ်လို့ ဆိုပါတယ်။ မဲစာရင်းကိစ္စဟာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ်ပြုတဲ့ အရေးပေါ်အခြေအနေ မဟုတ်ပါဘူး။

လက်နက်နဲ့ အကြမ်းဖက်ပြီး အာဏာသိမ်းတာကသာ ပြည်သူ့အသက်အိုးအိမ်ကို အန္တရာယ်ပြုတာပါ။ ဒါကြောင့် ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့အစိုးရကို ကလိမ်စေ့ငြမ်းဆင်ပြီး ဖယ်ရှားလိုက်တဲ့ တပ်ချုပ်မင်းအောင်လှိုင်ကို အစိုးရဝန်ထမ်းတွေ မထောက်ခံကြတာပါ။ စစ်အာဏာရှင် ဆန့်ကျင်သူတွေကို အကြမ်းဖက်တိုက်ခိုက် နှိမ်နင်းနေတဲ့ သတင်းဓါတ်ပုံတွေ တကမ္ဘာလုံးမှာ နေ့စဉ်မြင်တွေ့နေရတာဟာ မင်းဆိုးမင်းညစ် စစ်အာဏာရှင်စနစ်ကို သက်သေပြနေတာ ဖြစ်ပါတယ်။

စစ်တပ်ဟာ ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့ တည်ထောင်ထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ တနည်းဆိုရင်တော့ ရန်သူကို ဖျက်ဆီးဖို့ ရည်ရွယ်ပြီး၊ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။ ဖျက်ဆီးဖို့ ဖွဲ့စည်းထားတဲ့ အခြေခံသဘာဝကြောင့် စစ်တပ်ကြီးစိုးရင် ပျက်စီးဆုတ်ယုတ်မှုနဲ့ နိဂုံးချုပ်တာများပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဆရာဆရာမ၊ ကုန်သည်ပွဲစား၊ အလုပ်သမား၊ လက်သမားစတဲ့ အရပ်သားတွေဟာ တည်ဆောက်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်တည်ဆောက်တဲ့ အရပ်သားကို စစ်ခေါင်းဆောင်ပိုင်းက ရန်သူလို သဘောထားတာဟာ ဆုတ်ယုတ်ကျဆင်းမှု ဖြစ်ပါတယ်။ အမိန့်နာခံမှုကိုသာ အဓိကထားတဲ့ စစ်တပ်မှာ အမိန်မနာခံတာကို အပြစ်လို့ မြင်ကြတဲ့အတွက် တပ်ချုပ်ခိုင်းတာကိုသာ အဓိကထားတဲ့ စစ်တပ်မှာ အမိန်မနာခံတာကို အပြစ်လို့ မြင်ကြတဲ့အတွက် တပ်ချုပ်ခိုင်းတာကိုသာ လုပ်ကြပါတယ်။ အမှားအမှန်၊ ကောင်းမကောင်း၊ ဝေဖန်ပိုင်းခြားစဉ်းစားတာမျိုး အလွန်နည်းပါတယ်။ ဒါကြောင့် တိုင်းပြည်မှာ ဆင်းရဲချမ်းသာ အကြီးအကျယ်ကွာခြားတာကို စစ်တပ်က ဂရုမစိုက်တာပါ။

စစ်ဦးစီးချုပ်ဟာ သူ့အမိန့်နာခံမယ့် အဖွဲ့အစည်းကိုသာ လိုလားပါတယ်။ စစ်တပ်လက်အောက်ခံ အဖွဲ့အစည်းအားလုံး စစ်ဦးစီးချုပ်အမိန့်ကို နာခံလိမ့်မယ်လို့ ယူဆထားပါတယ်။ ဒီဓလေ့ကို အားကိုးပြီး ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ချုပ်ကို နိုင်ငံရေးမလုပ်နိုင်အောင် ထိန်းချုပ်ဖို့ ကြိုးပမ်းတာဟာ အမြော်အမြင်ကင်းမဲ့တဲ့ အကြံအစည်းပါ။ စစ်အာဏာသိမ်းပြီး နောက်တနေ့မှာ အစိုးရအမှုထမ်းတွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကို စတင်အကောင်အထည်ဖော်တာဟာ တပ်ချုပ်ကြီးတို့အဖွဲ့အတွက် စိန်ခေါ်မှုကြီး တခုပါပဲ။ အမိန့်နာခံလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ ဝန်ထမ်းတွေ CDM မှာ ပါဝင်လာတာဟာ နွေဦးတော်လှန်ရေးရဲ့ ထူးခြားချက်တခု ဖြစ်ပါတယ်။

အစိုးရဝန်ထမ်းတွေ နေထိုင်ပြီး စစ်ခေါင်းဆောင်ဟောင်းအချို့ အခြေချတဲ့ နေပြည်တော်မှာ (၉၀) ရာခိုင်နှုန်းက NLD ကို ထောက်ခံမဲပေးပြီး၊ စစ်အာဏာသိမ်းတာကို အလုံးအရင်းနဲ့ ဆန္ဒပြကန့်ကွက်ကြတာဟာ တပ်ချုပ်ကြီးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ အမိန့်နာခံမယ်လို့ ယူဆထားတဲ့ ရဲတပ်ဖွဲ့နဲ့ နိုင်ငံခြားရောက် မြန်မာသံတမန်ထဲမှာလည်း CDM မှာ ပါဝင်သူတွေ ရှိလာတာဟာ NLD အတွက် တတပ်တအား ဖြစ်ပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖမ်းဆီးထိန်းသိမ်းပြီး လက်နက်နဲ့ စစ်အာဏာသိမ်းတာကို တပြည်လုံးက လက်မခံနိုင်တဲ့အတွက် မင်းဆိုးမင်းညစ် ဆန့်ကျင်ရေး လှုပ်ရှားမှု နေရာအနှံ့အပြားမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ လူဦးရေတရပ်လုံးရဲ့ ဆန့်ကျင်မှုကို ခံနေရတဲ့ စစ်အစိုးရရဲ့ ပြဿနာဟာ အလွန်ကြီးမားတယ်လို့ စင်္ကာပူဝန်ကြီးချုပ်ကတောင် ဝေဖန်လိုက်ပါသေးတယ်။ စစ်အာဏာရှင်ကို မင်းဆိုးမင်းညစ်အဖြစ် စက်ဆုပ်ရွံရှာလာကြပြီ ဖြစ်ပါတယ်။

မင်းဆိုးမင်းညစ် ဆန့်ကျင်ရေးမှာ မျိုးဆက်သစ်လူငယ်တွေ အများဆုံး ပါဝင်နေပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ မနေနိုင်ကြောင်း လူငယ်လေးတွေက ပြသနေတာပါ။ လူငယ်တွေဟာ အမျိုးမျိုးဝတ်စားဆင်ယင်ပြီး ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ရည်ရွယ်ချက်ချင်း တူနေပါတယ်။ အသက်စွန့်ပြီး ရေရှည်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတဲ့ Generation Z ကို NLD ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ချီးကျုးဂုဏ်ပြုပါတယ်။ စစ်တပ်က အကြမ်းဖက်လို့ ဆန္ဒပြသူဦးရေ လျော့ပါးသွားတာမျိုး ရှိပေမယ့် အရှိန်သေသွားတာမျိုးတော့ မတွေ့ရသေးပါဘူး။

အမှုထမ်းတွေရဲ့ CDM လှုပ်ရှားမှုနဲ့ အရပ်သားတွေရဲ့ ဝိုင်းကြဉ်ကြမယ် Social Punishment လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာ အလွန်ထိရောက်နေပါတယ်။ စစ်အာဏာပိုင်ဟာ ထွေအုပ်ဌာနကို ပြည်လည်ဖွဲ့စည်းရာမှာ စစ်ကြိုက်မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်။ မိသားစုဝင်တွေ အကြဉ်ခံရမှာ စိုးရိမ်လို့ ရပ်ကျေးအဖွဲ့ကို ရှောင်ကြဉ်လာကြပါတယ်။ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ရပ်ရွာထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကြိုးပမ်းနေကြပါတယ်။

=== Unicode ===







