အိမ်ဖြူတော်ကို Ricin အဆိပ်ပို့ခဲ့တဲ့ မသင်္ကာသူကို ဖမ်းမိ

ဝါရှင်ဒန်ဒီစီမြို့တော်ရှိ သမ္မတအိမ်ဖြူတော်။ (စက်တင်ဘာ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

Ricin အဆိပ်တွေပါတဲ့ စာအိတ်ကို အိမ်ဖြူတော်လိပ်စာ တပ်ပေးပို့ခဲ့တယ်လို့ မသင်္ကာသူအမျိုးသမီးကို New York ပြည်နယ်နဲ့ Canada နိုင်ငံနယ်စပ်မှာ ဖမ်းဆီးမိခဲ့ပါတယ်။ အမေရိကန်သမ္မတနဲ့ အိမ်ဖြူတော်ကို လိပ်မူပြီး ပေးပို့တဲ့စာတွေကို ကြားက စစ်ဆေးနေကျအတိုင်း စစ်ဆေးခဲ့စဉ် အဆိပ်ပါတဲ့စာကို ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက တေ့ွရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအမျိုးသမီးကို Buffalo မြို့နားက နယ်စပ်တံတားမှာ အမေရိကန်နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေက ဖမ်းမိခဲ့တာဖြစ်ပြီး ပြည်ထောင်စုဥပဒေ ပုဒ်မတွေနဲ့ တရားစွဲခံရမယ်လို့ ခန့်မှန်းကြောင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိ ၃ ယောက်က AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီအမျိုးသမီး ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အမေရိကန်သမ္မတအတွက် အိမ်ဖြူတော်ကို လိပ်စာတပ် ပို့ခဲ့တဲ့စာဟာ ကနေဒါကနေ ပို့တာ ဖြစ်ပုံရတယ်လို့ ကနေဒါနိုင်ငံ ရဲတပ်ဖွဲ့က ပြောပါတယ်။

Your browser doesn’t support HTML5

အိမ်ဖြူတော်ကို Ricin အဆိပ်ပို့ခဲ့တဲ့ မသင်္ကာသူကို ဖမ်းမိ

[Unicode Version]



