မြန်မာ့လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေး

(Zawgyi/Unicode)

ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီလို လူ့အခွင့်အရေးနေ့ မျိုးမှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အထိမ်းအမှတ် အခမ်းအနားတွေ၊ ဆွေးနွေးပွဲ စကားဝိုင်းတွေ ကျင်းပကြလေ့ ရှိသလို၊ လူ့အခွင့်အရေး ပိုမို တိုးတက်ကောင်းမွန်လာအောင် ဘာတွေ လုပ်ဆောင်သင့်တယ် ဆိုတာတွေကို အလေးအနက်ထား ထောက်ပြ ပြောဆိုကြလေ့ရှိပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ ကျမတို့ မြန်မာနိုင်ငံမှာရော ပြည်သူ့ အစိုးရလက်ထက်မှာ အရင်စနစ်ဟောင်းနဲ့မတူတဲ့ တိုးတက်ပြောင်းလဲမှု ဘာတွေ ရှိနေပါလဲ။ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေရော တိုးတက် ပြောင်းလဲ လာပါပြီလား။ မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်အရေး အခြေအနေ၊ အမျိုးသမီး အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ဥက္ကဋ္ဌ မတင်တင်ညိုကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

“အခုဆိုရင် ကျမတို့နိုင်ငံမှာ အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရ အုပ်ချုပ်လာတာ ၁၀ နှစ်ဆိုတဲ့ အတိုင်းအတာ ရှိလာပြီပေါ့နော်။ ဒီ ၁၀ နှစ် အတိုင်းအတာမှာ ကျမတို့ လူ့အခွင့်အရေး ကိစ္စရပ်တွေကို ကြည့်လိုက်မယ်ဆိုရင် အထူးသဖြင့် ဒီအထဲမှာ ကျမ ဖော်ပြချင်တာက ကျမတို့ရဲ့ လူ့အခွင့်အရေးထဲမှာမှ အရေးကြီးတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပေါ့နော်။ အဲ့ဒီ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကတော့ အကြီးမားဆုံး ကန့်သတ်မှုတွေ ဆက်ပြီးတော့မှခံရတယ်လို့ ပြောချင်တာပေါ့လေ။ အထူးသဖြင့် အစိုးရကို၊ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို check and balance ဖြစ်ဖို့ ထောက်ပြပြောဆိုတာတွေ၊ ဝေဖန် သုံးသပ်တာတွေဆိုရင် အစိုးရအနေနဲ့ ဒါ သည်းခံတာမျိုးမရှိဘဲနဲ့ ဖမ်းဆီးတာ၊ ချုပ်နှောင်တာ၊ ထောင်ချတာ၊ တရားစွဲတာ၊ ဒါမျိုးတွေကို တောက်လေ ျှာက် လုပ်ဆောင်ခဲ့တာ ရှိတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ တက်ကြွလှုပ်ရှားသူတွေကို ရော နိုင်ငံရေးသမားတွေကိုရော၊ ပြီးတဲ့အခါ သတင်းမီဒီယာတွေမှာ လုပ်ဆောင်နေကြတဲ့ သတင်းထောက်တွေ၊ အယ်ဒီတာချုပ်တွေကိုကအစ ဒီလိုမျိုး ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာကို ကျမတို့ တွေ့ရတာပေါ့။ တကယ့်တကယ်ဆိုရင် ကျမတို့ အထူးသဖြင့် ဒီ NLD ဦးဆောင်တဲ့ အရပ်သား အစိုးရ လက်ထက်မှာ ပြောရမယ်ဆိုရင် လွတ်လပ်မှုနဲ့ လုံခြုံမှုကို ထိပါးစေတဲ့ ဥပဒေတွေကို ကအစ သူတို့က ဖျက်သိမ်းမယ်။ တရားဥပဒေ စိုးမိုးရေးလုပ်မယ် ဆိုပြီးတော့မှ ဒါ အစိုးရသစ် တက်လာချိန်တုန်းက ပြောခဲ့တာတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ လက်တွေ့မှာကတော့ အဲ့ဒါတွေနဲ့ တခြားစီဖြစ်တယ်။ ဆိုတဲ့အခါကျတော့ သူတို့ရဲ့ပြောဆိုမှုတွေကို အကောင်အထည် မဖော်လိုက်နိုင်တဲ့ အနေအထားတခုကို ပြောရမယ်ဆိုရင်တော့ ဒီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က အကြီးမားဆုံး ဆုံးရှုံးမှု တခုအနေနဲ့ ကျမက ထောက်ပြချင်ပါတယ်။”

အဓိက ကတော့ ပြည်သူရွေးကောက်တင်မြှောက်တဲ့ အစိုးရတက်လာတဲ့အခါမှာ ဒီလိုအခြေအနေတွေတော့ ပိုပြီးတော့ တိုးတက်ကောင်းမွန်လာမှာပဲလို့ အများက မေ ျှာ်လင့်ခဲ့ကြပြီးတော့မှ ထင်သလောက် မဖြစ်တဲ့ အခြေအနေေတွေ ရှိနေတဲ့သဘောလို့ နားလည်ပါတယ်။ ဒါပေမဲ့ တဘက်မှာကျတော့ရော ဒီ အစိုးရလက်ထက်မှာ အရင်နဲ့မတူတဲ့ တိုးတက်ပြောင်းလဲမှု ဘာတွေများရှိတယ်လို့ ပြောနိုင်မလဲရှင့်။

“အထူးသဖြင့်ကတော့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုကို ပြောမယ်ဆိုလို့ရှိရင်တော့ အတိုင်းအတာ တခုအထိကတော့ ဝေဖန်တာတွေ၊ သုံးသပ်တာတွေ လုပ်နေကြတာတွေ ရှိတယ်။ နောက်ပြီးတဲ့အခါကျလို့ရှိရင် တချို့ လိုအပ်နေတဲ့ ပြည်သူလူထုတွေကို လိုက်လံ ကူညီနေနိုင်တဲ့ အနေအထားတချို့ ရှိတယ်။ အကန့်အသတ်နဲ့ပေါ့နော်။ အရမ်း sensitive ဖြစ်တဲ့ (ထိရှလွယ်တဲ့) conflict (ပဋိပက္ခ) ဖြစ်တဲ့နေရာမျိုးတွေကတော့ ဒါ တားဆီးပိတ်ပင်ခံရတဲ့ ပုံစံမျိုးတွေ ရှိမယ်။ ဒါပေမဲ့ တကယ့်တကယ် တချို့မြို့တွေမှာ တချို့နယ်တွေမှာတော့ အစိုးရကို တိုက်ရိုက် မထိခိုက်ဘူး။ အစိုးရရဲ့ မူ ပေါ်လစီကို တိုက်ရိုက် မကိုင်လှုပ်ဘူးဆိုရင်တော့ တစုံတရာ လှုပ်ရှားလို့ရတယ်။ အလုပ် လုပ်လို့ရတယ်။ ပြည်သူလူထုတွေကို ကာကွယ်စောင့်ရှောက်တာတွေ၊ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာတွေ။ ဒီလိုမျိုးဟာတွေကိုတော့ အတိုင်းအတာတခုအထိ လုပ်လို့ရတဲ့ အနေအထားတွေတော့ တွေ့ရတယ်။ လုံးဝကြီး လွတ်လွတ်လပ်လပ်ဆိုတဲ့ အနေအထား တခုတော့ မရှိနေဘူးပေါ့နော်။”

ဟုတ်ကဲ့။ တဆက်တည်းပဲ အမျိုးသမီးတွေနဲ့ပတ်သက်လို့ရော ကျား-မ တန်းတူ အခွင့်အရေးပဲပြောပြော၊ အမျိုးသမီးတွေ နိုင်ငံရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပိုမို ပါဝင်လာနိုင်ဖို့ အခွင့်အလမ်း အခြေအနေ တိုးတက်မှုတွေ၊ အမျိုးသမီးအခွင့်အရေး အာမခံချက်တွေ ပိုပြီး ရှိလာတာမျိုးရော တွေ့ရပါလားရှင့်။

“ဟုတ်ကဲ့။ နှစ်ပိုင်းတော့ရှိတယ်ရှင့်။ ဒီအမျိုးသမီး အခွင့်အရေးကိစ္စရပ်ကို ပြောမယ်ဆိုလို့ရှိရင် တခုကကျတော့ ဥပဒေရေးရာအရ အကာအကွယ်တွေ ပေးနိုင်မယ့် အနေအထားတွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်ဖို့ရယ်။ ဒီဥပဒေတွေ ပေါ်ပေါက်လာပြီဆိုရင် တကယ်ပဲ ဒီဥပဒေတွေက ဒီအမျိုးသမီးတွေကို အကာအကွယ်ပေးတယ်ဆိုတဲ့ တရားဥပဒေ စိုးမိုးမှုအဆင့် ဖြစ်လာဖို့ရယ်။ နောက်တခုကျတော့ လူတွေရဲ့ အတွေးအခေါ် အမြင်တွေကို ပြောင်းလဲနိုင်တယ်ဆိုတဲ့ အနေအထားပေါ့နော်။ ဆိုတော့ အဲ့ဒီအပိုင်းနှစ်ခုနဲ့ ကျမတို့က ပြန်ပြီးတော့ သုံးသပ်ရမယ့် အနေအထား ဖြစ်မယ်။ ဆိုတော့ တစ်တချက်က ကျတော့ လူတွေရဲ့အမြင် အတွေးအခေါ်ပိုင်းတွေကို ကျမ ပြန်ပြီး သုံးသပ်ကြည့်တဲ့အခါကျတော့ ကျမတို့မှာက ကျမတို့မေ ျှာ်မှန်းတဲ့အဆင့်ကို မရောက်နေဘူးပေါ့။ တချို့ကကျတော့ လုပ်ငန်းသဘောအရ ဖိအားတွေကြောင့်မိုလို့ အမျိုးသမီးတွေရဲ့ နိုင်ငံရေး ပါဝင်မှုတွေကို အသိအမှတ်ပြုသလိုလိုနဲ့ ထည့်သွင်းလာတာ ရှိပေမဲ့ တကယ့်တကယ် လက်တွေ့မှာ ကျတော့ သူတို့ရဲ့ စိတ်ရောကိုယ်ပါ လက်ခံလိုက်တယ်ဆိုတဲ့ အနေအထား မဟုတ်ဘူးပေါ့နော်။ တကယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချရမယ့်နေရာမျိုးတွေမှာဆိုရင် အမျိုးသမီးတွေ မရနိုင်တဲ့ အနေအထားကတော့ ရှိနေဆဲပါပဲ။ ဆိုတော့ အရေးကြီးတဲ့ ရေးရာကော်မတီလို ကိစ္စရပ်မျိုးတွေမှာ။ လွှတ်တော်မှာတောင်မှ ကော်မတီတွေ အများကြီးရှိပါတယ်။ အဲ့ဒီကော်မတီတွေမှာဆိုရင်လည်း တချို့ နေရာတွေမှာတော့ အမျိုးသမီးတွေက တော်တော်လေးကို အဆင့်မြင့်တဲ့ တာဝန်တွေရမယ်။ ဥက္ကဋ္ဌလို နေရာမျိုးတွေရမယ်။ ဒါပေမဲ့ ဒါက အနည်းအကျဉ်းပဲ။ အဲ့ဒီလို ရတယ်ဆိုရင်တောင်မှ တခြားသော အကြောင်းအရာတွေကိုပဲ ပိုမိုအာရုံစိုက် လုပ်သွားပြီးတော့ အမျိုးသမီးရေး၊ အမျိုးသမီးတွေရဲ့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ အဲ့ဒီကိစ္စရပ်တွေကိုတော့ အာရုံစိုက်တာ အခုထိ နည်းတယ်ပေါ့နော်။ ဒီအစိုးရ ၅ နှစ်သက်တမ်းမှာ ပြောရမယ်ဆိုလို့ရှိရင် အမျိုးသမီး issue ကို ဒါကြီးက အရေးကြီးတဲ့ issue ၊ ဒါကြီးကို ဦးစားပေး လုပ်ရမယ်ဆိုတဲ့ အမြင်တွေ အတွေးအခေါ်တွေက အဆင့်ဆင့် အစိုးရမှာ တာဝန်ယူနေတဲ့သူတွေ ကိုယ်တိုင်မှာလည်း မရှိဘူး။ တဘက်ကလည်း ကျမတို့ တက်ကြွလှုပ်ရှားတဲ့ လှုပ်ရှားမှုမှာပဲ ပြောပြော၊ နိုင်ငံရေးပါတီတွေ အဝန်းအဝိုင်းမှာပဲပြောပြော အမျိုးသမီးတွေရဲ့ နိုင်ငံရေး ပါဝင်မှု၊ အမျိုးသမီးတွေရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေပေါ်မှာ လက်ခံနိုင်မှုက အတိုင်းအတာ တခုအထိပဲ ရှိတယ်။ အဲ့ဒါကကျတော့လည်း မဖြစ်မနေ ထည့်သွင်းပေးရမယ်ဆိုတဲ့ အဆင့်ကြောင့်မိုလို့ ထည့်သွင်းလာတယ်ဆိုတာက အများစုလို့ ကျမ အနေနဲ့ သုံးသပ်တယ်ပေါ့နော်။ ပြီးခဲ့အခါကျလို့ရှိရင် အတွေးအခေါ်ပိုင်း attitude ၊ mindset တွေပေါ့။ အတွေးအခေါ်တွေ အယူအဆတွေ အရိုးစွဲနေတဲ့အမြင်တွေကို ကျမတို့က အခုထိ ပြောင်းလဲနိုင်ဖို့မှာတော့ တော်တော်လေး အားနည်းနေသေးတာကို ကျမတို့ တွေ့ရတာပေါ့နော်။”

ဟုတ်ကဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီအစိုးရလက်ထက်မှာ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမို ပါဝင်လာတာတွေတော့ ရှိပါတယ်။ ဥပမာ လွှတ်တော်ထဲမှာဆိုရင်လည်း အရင်ထက်ပိုပြီး လွှတ်တော်အမတ်နေရာ ဝင် အရွေးခံတဲ့သူတွေ၊ အရွေးခံရသူတွေ ပိုများလာတာမျိုးတွေလည်း ရှိပါတယ်။ ဆိုတော့ ဒါတွေကိုရော တိုးတက်မှုလို့ မမြင်နိုင်ဘူးလားရှင့်။

“ဟုတ်ကဲ့ရှင့်။ ဆိုတော့ ဒီအစိုးရသက်တမ်းမှာ တော့ သေချာတာကတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက နံပါတ်အရပေါ့နော်။ အရေအတွက် အရကတော့ အရမ်းများလာတယ်။ ဒီအပေါ်မှာလည်း ကျမတို့ အရမ်းကြိုဆိုတယ်။ အရမ်းလည်း အားတက်တယ်။ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းသောခြေလှမ်းတခုလို့တော့ ကျမတို့ အနေနဲ့ ယူဆတယ်ပေါ့လေ။ ဒီဘက် ၂၀၂၀ မှာလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုက ပိုတောင်မှ ထပ်များလာသေးတဲ့ အနေအထား ဖြစ်တယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါကိုတော့ ကျမတို့အရမ်းကို ကြိုဆိုပါတယ်။ တခုရှိတာကတော့ အမျိုးသမီးတွေရဲ့ အရေအတွက် တိုးတက်တယ်ဆိုတဲ့နေရာမှာ အရေအတွက် တခုတည်းမဟုတ်ဘဲနဲ့ တကယ့် လက်တွေ့ အကောင်အထည်ဖော်တဲ့ အပိုင်းတွေမှာကအစ သူတို့ကိုယ်တိုင် အားလုံးက ပိုမိုပြီးတော့မှ ဒီ့ထက် အားစိုက်ထုတ်ပြီးတော့ လုပ်ဆောင်တယ်ဆိုတဲ့ အဆင့်မျိုးကိုတော့ ပိုပြီးတော့ ဖြစ်စေချင်တယ်။ အထူးသဖြင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကိုပေါ့။ ဆိုတော့ ကျမတို့ နားလည်တယ်။ တချို့အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေက စိတ်ဓာတ်ရှိတယ်။ လုပ်ဆောင်ပေးချင်တယ်။ သို့သော်လည်း ပါတီရဲ့ မူဝါဒအရ၊ ပါတီရဲ့ ဦးစားပေး မူဝါဒတွေကို ကျော်လွန်ပြီး လုပ်ဆောင်ပေးနိုင်မှု မရှိတဲ့အခါကျတော့ အကန့်အသတ်တွေ အများကြီးရှိတယ်။ အဲ့ဒီအပေါ်မှာ သူတို့ကိုယ်တိုင် အားမလိုအားမရတာတွေ စိတ်ဓာတ်ကျရတဲ့ အခြေအနေတွေ အများကြီး ရှိပါတယ်။ ပြောမယ်ဆိုလို့ရှိရင်တော့ တော်တော်များများ နေရာတွေမှာ အမျိုးသမီးတွေကတော့ တဆင့်တဆင့် တိုးပြီးတော့မှတော့ ပါဝင်လာနိုင်အောင် ကြိုးစားနေကြတာ ရှိပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုရင်လည်း ထိုနည်းလည်းကောင်းပဲပေါ့နော်။ တကယ့် အရေးပါတဲ့နေရာတွေမှာ ပြောရေးဆိုခွင့်ရှိတဲ့နေရာတွေမှာ၊ အပြန်အလှန် ဆွေးနွေးညှိနှိုင်းတဲ့ နေရာတွေမှာ အများစု မပါနိုင်ပေမဲ့လည်း တကယ် အောက်ခြေထု နေရာတွေမှာကတော့ အမျိုးသမီးတွေ ပါဝင်မှုတွေ ရှိနေအောင်လို့တော့ ကျမတို့ အမျိုးသမီးအဖွဲ့တွေ ကိုယ်တိုင်ကလည်း အများကြီး လိုက်ပြီး ကြိုးစားတာတွေ ရှိပါတယ်။”

ဟုတ်ကဲ့ ရှေ့အလားအလာနဲ့ ပတ်သက်ပြီးတော့လည်း မေးချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူထောက်ခံတဲ့ အရပ်သား အစိုးရတရပ် နောက်ထပ် ၅ နှစ်သက်တမ်း ထပ်လာဦးမယ်ဆိုတော့ လူ့အခွင့်အရေးတွေ၊ အမျိုးသမီး အခွင့်အရေးတွေ အရင်ထက်ပိုပြီး တိုးတက်လာဖို့ရော ကျမတို့ မေ ျှာ်လင့်လို့ ရနိုင်မလား။ ဘယ်လိုများသုံးသပ်မိပါလဲရှင့်။

“ဟုတ်ကဲ့ပါရှင့်။ ဒီလာမယ့် သက်တမ်းပေါ့နော်။ ပြောမယ်ဆိုရင်တော့ အခုလက်ရှိအစိုးရကပဲ ဆက်လက်ပြီးတော့ အုပ်ချုပ်သွားမယ်ဆိုတဲ့ အနေအထား တခုပေါ့နော်။ ဆိုတော့ ဒီလို အနေအထားမျိုးမှာ ကျမတို့ အနေနဲ့ကတော့ မေ ျှာ်လင့်ချက်မဲ့ စကားတော့ မပြောချင်ဘူး။ ဒါပေမဲ့ ကျမတို့ကိုယ်တိုင်က အများကြီး ဒီပြီးခဲ့တဲ့သက်တမ်းထက် ကျမတို့ အမျိုးသမီးအဖွဲ့တွေက အများကြီး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ပိုမိုပြီးတော့မှ တိုက်တိုက်တွန်းတွန်း ကြိုးစားလုပ်ဆောင်ရမယ့် အနေအထားတွေကို ကျမ ပိုမြင်လာတယ်ပေါ့နော်။ အစိုးရအနေနဲ့ ဒီ အမျိုးသမီး၊ လူငယ်၊ ကလေး စသဖြင့်ပေါ့နော်။ သူတို့ဘာတွေ လုပ်ဆောင်ပေးမလဲ ဆိုတဲ့ သူတို့ရဲ့ အစီအစဉ်တွေ ရှိတယ်။ ဒီအစီအစဉ်တွေကို ကျမတို့က သေသေချာချာ ကျမတို့က ပုံမှန် စောင့်ကြည့်သွားရမယ်လို့ ကျမ မြင်တယ်။ ပုံမှန်စောင့်ကြည့်ပြီးတော့မှ ဒါတော့ မလုပ်ရသေးဘူး။ ဒါတော့လုပ်ဖို့လိုတယ် ဆိုတဲ့ဟာမျိုးကိုလည်း သေချာ ထောက်ပြပေးသွားရမယ်။ အဲ့ဒီလိုမျိုး လုပ်မှလည်း အစိုးရအနေနဲ့က ဒီအရေးကိစ္စတွေက သူတို့အနေနဲ့ မဖြစ်မနေ စဉ်းစားပေးလာရတော့မယ်ဆိုတဲ့အသိပေါ့နော်။ အသိတွေရှိလာမယ်။ အဲ့ဒီအသိရဲ့ နောက်ဆက်တွဲကတော့ လက်တွေ့ အကောင်အထည် ဖော်မယ့် အဆင့်။ တဆင့်ပြီးတဆင့်တော့ ရောက်လာနိုင်တဲ့ အနေအထား ဖြစ်တယ်ပေါ့။ အဓိက ကတော့ ကျမတို့တွေက ပိုမိုပြီးတော့မှ အလုပ် လုပ်ရမယ်။ ပိုမိုပြီးတော့မှ ကိုယ့်ရဲ့အလုပ်အပေါ်မှာ တစိုက်မတ်မတ် ဖြစ်ဖို့လိုတယ်။ ပိုပြီး ချိတ်ဆက်ဖို့လိုတယ်။ Networking တွေ အားကောင်းဖို့လိုတယ်ပေါ့နော်။ ဒီလို လုပ်ဆောင်မယ်ဆိုရင်တော့ ဒီလာမယ့် အစိုးရသက်တမ်းမှာတော့ ဒီအမျိုးသမီးတွေနဲ့ပတ်သက်ပြီး တစုံတရာ အပြောင်းအလဲ ပိုမိုတိုးတက်တဲ့ အနေအထားတခုကို ကျမတို့ မြင်လာလို့ရမယ်ပေါ့နော်။ ပြီးတော့ ကျမတို့အမျိုးသမီးတွေကို ကန့်သတ်ချုပ်ချယ်ထားတဲ့ ဖိနှိပ်ထားတဲ့ ဥပဒေတွေ လုပ်ဆောင်ချက်တွေ ပပျောက်အောင်လည်း ကျမတို့ အားလုံးကတော့ ဝိုင်းဝန်း ကြိုးစားရမယ်။ ပိုမိုကြိုးစားရမယ်။ ဆထက်တပိုး အများကြီး လုပ်ဆောင်ရမယ်လို့ ကျမ မြင်ပါတယ်။ ဒါမှလဲ အမျိုးသမီးရေးကို အလေးထားပြီးတော့မှ လုပ်ငန်းပိုင်းဆိုင်ရာအရ လက်တွေ့ အကောင်အထည်ဖော်တဲ့ အစိုးရတရပ်ကို ကျမတို့အနေနဲ့ ရရှိမှာဖြစ်ပါတယ်။”

Your browser doesn’t support HTML5

မြန်မာ့လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေး အခြေအနေ

===========================================

[Unicode Version]

မွနျမာ့လူ့အခှင့ျအရေးနဲ့ အမြိုးသမီးအခှင့ျအရေး အခွအေနေ (အမြိုးသမီးကဏ်ဍ)









