ရွေ့လျားနေတဲ့ ကျောက်ချပ်ထုကြီးတွေနဲ့ ပြတ်ရွေ့ကြောတွေရှိရာ မတည်ငြိမ်တဲ့ ငလျင်ရပ်ဝန်းပေါ်မှာ တည်ရှိတဲ့ တူရကီမှာ မကြာသေးခင်က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်းသောင်းချီ သေဆုံးခဲ့ရပါတယ်။ ဒီလိုမတည်ငြိမ်တဲ့ ငလျင်ရပ်ဝန်းမျိုးမှာတည်ရှိနေတဲ့ မြန်မာနိုင်ငံမှာရော အလားတူ အဖြစ်မျိုး ကြုံလာနိုင်ပါသလား။
ရွေ့လျားနေတဲ့ ကျောက်ချပ်ထုကြီးတွေနဲ့ ပြတ်ရွေ့ကြောတွေ ရှိရာ မတည်ငြိမ်တဲ့ ငလျင်ရပ်ဝန်းပေါ်မှာ တည်ရှိတဲ့ တူရကီမှာ မကြာသေးခင်က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်းသောင်းချီ သေဆုံးခဲ့ရပါတယ်။ ဒီလို မတည်ငြိမ်တဲ့ ငလျင်ရပ်ဝန်းမျိုးမှာတည်ရှိနေတဲ့ မြန်မာနိုင်ငံမှာရော အလားတူ အဖြစ်မျိုး ကြုံလာနိုင်ပါသလား။
တူရကီနိုင်ငံအရှေ့တောင်ပိုင်းနဲ့ ဆီးရီယားအနောက်မြောက်ပိုင်း ၂ နိုင်ငံ နယ်စပ်ဒေသမှာ လွန်ခဲ့တဲ့ သီတင်းပတ်က လှုပ်ခတ်သွားတဲ့ အားပြင်းငလျင်ကြောင့်သေဆုံးရသူဟာ ဆယ်ရက်အကြာမှာ အတည်ပြုသေဆုံးရသူက ၄ သောင်းကျော်နေပြီဖြစ်သလို တူရကီတနိုင်ငံတည်းမှာတင် အဆောက်အဦးပေါင်း ၆,၀၀၀ နီးပါး ပျက်စီးခဲ့ရပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ခရစ်ယာန်ဘာသာဝတ်ပြုဆုတောင်းတာကို စစ်ကောင်စီက ပြန် ခွင့်ပြုပေမဲ့ ကျန်တဲ့ချင်းပြည်နယ်က မြို့နယ်တွေမှာ အလားတူ ခွင့်ပြုချက်မရသေးသလို မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အေးအေးချမ်းချမ်း ဝတ်ပြုဆုတောင်းဖို့ မဖြစ်နိုင်ကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ တတိယအကြိမ် စစ်တပ်အာဏာသိမ်းခဲ့တာဟာ ဆေးဘက်ဆိုင်ရာ ကုသကာကွယ်ရေး မှာသာမက ဆေးသုတေသနနဲ့ ပညာပေးတာ အထိ ဆေးပညာကဏ္ဍအတွက် ကြီးမားတဲ့ဆုတ်ယုတ်မှု ဖြစ်စေတယ်လို့ သုံးသပ်ကြပါတယ်။ ဘာ့ကြောင့်ပါလဲ။ ဆေးပညာရှင် ဒေါက်တာတင့်ဆွေကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ကမ္ဘာတလွှား စစ်ပွဲတွေနဲ့ အလုပ်များနေချိန်မှာ တရုတ်က အာတိတ်စက်ဝန်းဒေသမှာ သုတေသနကို ထဲထဲဝင်ဝင် လုပ်လာနေတဲ့ အပေါ် ကမ္ဘာ့နိုင်ငံတွေက စိုးရိမ်လာနေတာပါ။ ဘာ့ကြောင့်ပါလဲ။ ဂျပန်အဏ္ဏဝါသိပ္ပံနဲ့ နည်းပညာဌာနက ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ရေခဲပြင်ဖုံးနေတဲ့ မြောက်ဝင်ရိုးစွန်းက အာတိတ်စက်ဝန်းဒေသမှာ ရေခဲတွေ အရည်ပျော်နှုန်းက မကြာခင်နှစ်တွေအတွင်း သိသိသာသာ မြန်လာနေတယ်လို့ တရုတ်သုတေသနစာတမ်းမှာ တွေ့ရပါတယ်။
" အမေရိကန်က ယူကရိန်းအတွက် Abrams တင့်ကား ၃၁ စီးပို့ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ ယူကရိန်း တပ်ရင်းတရင်းအင်အားနဲ့ ညီမျှပါတယ်။ ယူကရိန်းတွေ သူတို့ပိုင်နက်ကို သူတို့ကာကွယ်ရေးနိုင်ရေးနဲ့ သူတို့မဟာဗျူဟာအောင်မြင်ရေးအတွက် ပိုကောင်းလာစေမယ်လို့ ကာကွယ်ရေးဝန်ကြီး Lloyd Austin ကလည်း အကြံပေးပါတယ်။” (သမ္မတဘိုင်ဒန်)
၂၀၂၃ခုနှစ် ဇန်နဝါရီ ၁၂ ရက်တုန်းက အုတ်ကျင်းမှာရှိတဲ့ ရေခဲစက်ရုံ အမိုးနီးယား ယိုစိမ့်မှုကြောင့် လူအများအပြား ဆေးရုံရောက်ခဲ့ရပါတယ်။ လူသားတွေအတွက် အင်မတန် အသုံးဝင်တဲ့ အမိုးနီးယားကို သုံးစွဲတဲ့အခါ ယိုစိမ့်မှုမဖြစ်အောင် သတိထားဖို့ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုက သတိပေးပါတယ်။ ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။
ထင်ရှားတဲ့ အတိုက်အခံတွေကိုအကျဉ်းချထားပြီး အာဏာသိမ်းစစ်တပ်က ကျင်းပဖို့စဉ်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်တဲ့အတွက် အမေရိကန်က အသိအမှတ်ပြုမှာမဟုတ်ကြောင်း ကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်က ဒဲရစ်ရှိုလေး(Derek Chollet)က ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းစဉ်မှာ ပြောဆိုလိုက်ပါတယ်။
“UNHCR က နောက်ဆုံးရစာရင်းတွေအရ ၂၀၂၂ မှာ ဘင်္ဂလားပင်လယ်အော်နဲ့မုတ္တမပင်လယ်ပြင်ထဲ အသက်အန္တရာယ်ကြားက လှေ ၃၉ စင်းနဲ့ ဖြတ်ပြေးဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၃,၅၀၀ ကျော်ရှိနေပါတယ်။ ဒါဟာ ၂၀၂၁ ကနဲ့စာရင် ၃၆၀% တိုးလာတာပါ။ ဒီခရီးကို အသက်မသေဘဲ ဖြတ်သွားနိုင်သူကတော့ ၇၀၀ လောက် ရှိပါတယ်။” - UNHCR ပြောခွင့်ရ Shabia Mantoo
Big bang သီအိုရီလို သိပ္ပံပညာရှင်တွေ ဆယ်စုနှစ်နဲ့ချီ လက်ခံထားတဲ့ အယူအဆမျိုးကို အငြင်းပွါးဖို့ ဖြစ်လာစေတဲ့ ပုံရိပ်တွေထုတ်ပေးတဲ့ James Webb အာကာသမှန်ပြောင်းနဲ့ ဥက္ကာပျံအန္တရာယ်တားဆီးရေးလို ၂၀၂၂ ရဲ့ သိပ္ပံဆိုင်ရာအောင်မြင်မှုတွေအကြောင်း နက္ခတ္တဗေဒပညာရှင် ဒေါက်တာဝင်းသာထွေးကို ဒေါ်ခင်မျိုးသက်မေးမြန်းထားပါတယ်။
၂၀၂၃ မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းမှာဖြစ်ကြောင်းနဲ့ ဒီအဖွဲ့ကို သူကိုယ်တိုင်ဦးဆောင်မှာဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
Virtual reality လို့ခေါ်တဲ့ ပကတိအသွင်နီးပါးဖြစ်အောင် ပုံဖေါ်တဲ့ VR နည်းပညာကို ဂိမ်းဆော့တဲ့လူတွေ အများဆုံးသုံးနေရာကနေ အခုတော့ ဆေးပညာလောကမှာ စိတ်ဖိစီးမှုဖြေလျှော့တာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအတွက် ပြုပြင်လေ့ကျင့်ပေးတာ၊ နာကျင်မှုဝေဒနာခံနိုင်ရည် ရှိအောင်လုပ်ပေးတာအပါအဝင် ဆေးလောကမှာ အတော်အသုံးပြုလာနေတာပါ။
နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း သိပ္ပံနည်းပညာကဏ္ဍ ဆုတ်ယုတ်မှု မရှိအောင် မြန်မာပညာရှင်တွေ ဘယ်လို ကြိုးစားနေကြတယ် ဆိုတာကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေတဲ့ ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြ ပေးထားပါတယ်။
မြန်မာရဲ့ အိမ်နီးချင်း တရုတ်မှာ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ကိုဗစ် ၁၉ နဲ့ ပတ်သက်ပြီး သတိထားသင့်တာတွေကို ယူတားပြည်နယ် Co- Diagnostics သုတေသနဌာနက အဏုဇီဝဗေဒပညာရှင် ဒေါ်ခင်ဇာဝင်းပြည့်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြ ထားပါတယ်။
ကမ္ဘာ့ကပ်ရောဂါ အဖြစ်သတ်မှတ်ထားတဲ့ ကိုဗစ် ၁၉ ကူးစက် ရောဂါဟာ အခုအခါမှာ ဒေသအလိုက် ကူးစက်ပြန့်နှံ့တဲ့ အနေထားဖြစ်လာချိန်မှာပဲ တရုတ်နိုင်ငံမှာတော့ ကူးစက်မှုတွေ တိုးလာနေပါတယ်။ ဘာ့ကြောင့်ပါလဲ။ ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။
နေနဲ့ ကြယ်တွေမှာသာ တွေ့ရတဲ့ အန္တရာယ်ကင်း သန့်ရှင်းတဲ့ နျူကလီယား စွမ်းအင်မျိုးကို အမေရိကန်သိပ္ပံပညာရှင်တွေ ဓါတ်ခွဲခန်းမှာ ထုတ်နိုင်ပါပြီ။ ၂၀၂၂ အတွက် သိပ္ပံပညာရပ်ဆိုင်ရာ အထူးခြားဆုံး အောင်မြင်မှုအကြောင်း နျူကလီယား ရူပဗေဒပညာရှင် ပါမောက္ခ ဒေါက်တာခင်မောင်မောင်ကို ဒေါ်ခင်မျိုးသက် မေးမြန်းတင်ပြထားပါတယ်။
မြန်မာသြဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများအသင်း တည်ထောင်သူ ဇီဝနည်းပညာရှင် ဒေါက်တာသန်းသန်းစိန်က ပိုးသတ်ဆေးဟာ အဆိပ်ဆိုတာကို သုံးစွဲသူတွေနားလည်ဖို့၊ ရောင်းချသူတွေ အသေအချာသိထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဘာကြောင့်ပါလဲ။ ေ ဒါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်