စိုက်ပျိုးရေးမှာ မသုံးမဖြစ် သုံးနေကြတဲ့ ပိုးသတ်ဆေးနဲ့ပတ်သက်ပြီး သိထားသင့်တာတွေကို မြန်မာသြဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများအသင်း တည်ထောင်သူ ဇီဝနည်းပညာရှင် ဒေါက်တာသန်းသန်းစိန်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
သိပ္ပံနဲ့နည်းပညာ - ကျန်းမာရေး လိုက်စားသူတွေကြား ရေပန်းစားလာတဲ့ ပရိုဘိုင်အိုတစ် အကြောင်း ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို မေးမြန်းပြီး ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
သိပ္ပံနဲ့နည်းပညာကဏ္ဍ -- လူ့ကျန်းမာရေးအတွက် အကျိုးဖြစ်စေတဲ့ ရှင်သန်နေတဲ့ ဘက်တီးရီးယား လေးတွေပါတဲ့ ပရိုဘိုင်အိုတစ်နဲ့ ဒီပရိုဘိုင်အိုတစ် ကို အလွယ်တကူရနိုင်တဲ့ ဒိန်ချဉ် အကြောင်း ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံအခြေအနေဟာ ပြိုလဲတော့မယ့် အန္တရာယ်ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ အပစ်အခတ်ချက်ချင်းရပ်စဲပြီး စစ်ကောင်စီက ဖမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ နော်ဝေးနိုင်ငံဆိုင်ရာ သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
စစ်ကိုင်းတိုင်း၊ တမူးမြို့က ကျောင်းတကျောင်းမှာကိုဗစ်ကပ်ရောဂါ အစုလိုက် ကူးစက်မှုရှိခဲ့ပြီး ကိုဗစ်အတည်ပြုလူနာ ၁၅ဝ လောက်ရှိနေပါတယ်။ ရန်ကုန်မြို့က ပေးပို့တဲ့ ဒီသတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ဒီတပတ် သိပ္ပံနဲ့ နည်းပညာအစီအစဉ်မှာ ရန်ကုန်မြို့အတွင်း မြေအောက်စက်ရေတွင်းသုံးတာနဲ့ ပတ်သက်ပြီး သတိထားသင့်တာတွေကို ဇလဗေဒပညာရှင် ဦးမြင့်သိန်း ကို မေးမြန်းပြီး ဒေါ်ခင်မျိုးသက် က တင်ဆက်ထားပါတယ်။
မိုင်းကိုင်မြို့နယ် TNP ခေါ် တအန်း(ပလောင်) အမျိုးသားပါတီ ဥက္ကဌ မိုင်းနုမ်ဟန်ဟာ သူ့မိခင်ဈာပနကို သွားရောက်ပြီး ဇနီးသည်နဲ့ ၇လသားအရွယ်ကလေးနဲ့အတူ မိုင်းကိုင်ကို ပြန်လာစဉ် တုံလော့ကျေးရွာအုပ်စု ပန်လော့ရွာအနီးမှာ အဆက်အသွယ်ပြတ် ပျောက်ဆုံးခဲ့တာပါ။
တရုတ် မြန်မာနယ်စပ် မူဆယ် ကုန်သွယ်ရေးဇုန်မှာ မြန်မာကုန်ကားတွေ ရာနဲ့ချီ ပိတ်ဆို့နေပါတယ်။ ကူးစက်မြန် အိုမီခရွန်ကြောင့် နယ်စပ်ဂိတ်ပြန်ပိတ်သွားမှာကို မြန်မာကုန်သည်တွေက စိုးရိမ်တဲ့အတွက် ကုန်တွေစုပြုံပြီး ရသလောက်တင်ပို့နေတာဖြစ်နိုင်ကြောင်း ကုန်သည်တွေက ခန့်မှန်းပါတယ်။ ဒေါ်ခင်မျိုးသက် က ပြောပြပေးမှာပါ။
နိုင်ငံရေးနဲ့ ပညာရေးအပါအဝင် တနိုင်ငံလုံးအတိုင်းတာနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ ၂၀၂၁ ခုနှစ် အတွင်း သိပ္ပံနဲ့နည်းပညာဆိုင်ရာ တိုးတက်မှုတွေ မြန်မာနိုင်ငံမှာရှိခဲ့ပါသလား။ မြန်မာနိုင်ငံအတွက် သိပ္ပံနည်းပညာဆိုင်ရာ အကူညီပေးတဲ့ ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာနက ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းထားပါတယ်။
နိုင်ငံရေးနဲ့ ပညာရေးအပါအဝင် တနိုင်ငံလုံးအတိုင်းအတာနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ ၂ဝ၂၁ ခုနှစ် အတွင်း သိပ္ပံနဲ့နည်းပညာ ဆိုင်ရာ တိုးတက်မှုတွေ မြန်မာနိုင်ငံမှာ ရှိခဲ့ပါသလား။ ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းထားပါတယ်။
ပြည်ပကပြန်လာတဲ့ မြန်မာနိုင်ငံသား လေးဦးဆီမှာ Omicron ဓာတ်ခွဲအတည်ပြု တွေ့ရှိပြီးတဲ့နောက် လူထုကြားမှာ ကူးစက်မှုမရှိစေဖို့ ကာကွယ်ရေး နည်းလမ်းတွေကို ဆက်ပြီးလိုက်နာဖို့ကို ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ပရဟိတဆောင်ရွက်သူတွေက တိုက်တွန်းထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ဒေါ်ခင်မျိုးသက် က ပြောပြမှာပါ။
စာရေးဆရာ ဒေါ်သန်းမြင့်အောင်နဲ့ ရုပ်ရှင်သရုပ်ဆောင်ပိုင်တံခွန်တို့ကို တပ်မတော်ပြိုကွဲအောင် လှုံံ့ဆော်မှုနဲ့ သီးခြားစီ တရားစွဲဆိုခဲ့ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် စီ တရားရုံးက ဒီကနေ့ အပြစ်ပေး စီရင်ခဲ့ပါတယ်။
ခရစ္စမတ် အခါသမယမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ထုံးစံအတိုင်း စိန့်ပီတာရင်ပြင်ကို အပေါ်စီးက မြင်နေရတဲ့ ဗာတီကန်နန်းတော် လေသာဆောင်ကနေ မြန်မာအပါအဝင် ကမ္ဘာတလွှားမှာ နေထိုင်သူတွေအတွက် ဆုတောင်းပေးရင်း ခရစ္စမတ် သတင်းစကား ပါးခဲ့ပါတယ်။
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က မုန့်ဆိုင်တဆိုင်မှာ အလွတ်တန်း ဓာတ်ပုံသတင်းထောက် အမျိုးသားတဦးနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အမျိုးသမီးတဦးတို့ ဒီဇင် ဘာ ၁၉ ရက် တနင်္ဂနွေနေ့ညနေပိုင်းက ဖမ်းဆီးခံရပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် နေအိမ်မီးလောင်မှုတချို့ရှိနေသလို ကျေးရွာ ၇ ရွာကလောက် က ဒေသခံတွေဟာ ညဘက်မှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
တိုက်ပွဲတွေ ဖြစ်ပွါးရာကနေ ကျန်ရစ်တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်တွေ၊ ဗုံးတွေကြောင့် မြန်မာနိုင်ငံတလွှားမှာ မသိနားမလည်တဲ့ ကျေးလက်နေပြည်သူတွေ သေဆုံး ဒဏ်ရာရ နေတဲ့ အန္တရာယ်ကို ဘယ်လိုကာကွယ်နိုင်ပါသလဲ။ ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားပါတယ်။
Frontier Myanmar သတင်းဌာနရဲ့ အမှုဆောင်အယ်ဒီတာ အမေရိကန်နိုင်ငံသား Danny Fenster ကို အင်းစိန်အထူးတရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်တာအတွက် အမေရိကန်အစိုးရက ရှုတ်ချလိုက်သလို သူ့ကို အမြန်ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ ကရော နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF အဖွဲ့ကပါ တောင်းဆိုလိုက်ပါတယ်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲမှာ ဆန်၊ ဆီ၊ ဆား၊ ဓာတ်ဆီစတာတွေ ရောင်းဝယ်တာကို စစ်တပ်က ထိန်းချုပ်ထားပြီး စစ်တပ်ထိန်းချုပ်ထားတဲ့ နေရတွေမှာသာ အခြေခံစားကုန်တွေကို ရောင်းခွင့်ပြုထားသလို ဈေးနှုန်းကလည်း အရင်ကထက် ပိုကြီးနေတယ်လို့ ဒေသခံတွေ အခက်တွေ့ နေကြပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ - ကိုဗစ် ၁၉ ဖြစ်လာချိန်မှာ ဆရာဝန်တွေက လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးဖို့ အကြံပေးပါတယ်။ ဘာ့ကြောင့်ပါလဲ။ ဆပ်ပြာအပါအဝင် ဓါတုပစ္စည်းတွေရဲ့ သက်ရောက်မှု၊ သူတို့ရဲ့ အလုပ်လုပ်ပုံတွေကို ဓါတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုကို မေးမြန်းတင်ပြထားပါတယ်
မြန်မာနိုင်ငံမှာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တာကြောင့် နိုင်ငံတကာအသိုင်းအဝန်းက အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကတိုက်တွန်းလိုက်ပါတယ်။ ဒေါ်ခင်မျိုးသက် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်