အမေရိကန် ရွေးကောက်ပွဲနဲ့ အတူ ဘယ်အစိုးရတက်တက် မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အားပေးတဲ့ မူဝါဒမလျော့စေဘဲ NUG ကို တရားဝင်အသိအမှတ်ပြုရေးနဲ့ လူထုကိုကာကွယ်ပေးမယ့် နည်းပညာအကူအညီအပါအဝင်မြန်မာ့အရေး ပိုမို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကိုပြောပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မဲပေးကြမယ့် မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေဟာ အခြေခံကုန် စျေးနှုန်း၊ အခွန်စည်းကြပ်မှု၊ လူဝင်မှုကြီးကြပ်ရေး၊ ကိုယ့်လူမှုအသိုက်အဝန်းအရေးဆိုင်ရာ အရေးကိစ္စတွေကို အလေးထားကြပါတယ်။ မြန်မာနွယ်ဖွား မဲဆန္ဒရှင်တွေကို ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာ့အရေး တရုတ်က အတားအဆီး လုပ်နေတာကို အရေးပါမှုနည်းတဲ့ မြန်မာအတွက် တရုတ်နဲ့ ရန်မဖြစ်ချင်လို့ တခြားနိုင်ငံတွေက တိုက်တိုက်တွန်းတွန်း လုပ်တာမျိုး မတွေ့ရဘူးလို့ လုံခြုံရေး ကောင်စီမှာ စကားပြောခွင့်ရခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မဝေဝေနုက ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက မေးမြန်းထားပါတယ်။
တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ လူသားချင်းစာနာမှုလိုအပ်ချက်တွေကို ဆွေးနွေးပြီး ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရမယ်ဆိုပေမဲ့ လက်ရှိပြည်သူတွေကြုံနေရတဲ့ အကျပ်အတည်းက ဆွေးနွေးမှုဖြစ်ပေါ်ဖို့ တွန်းအားပေးနိုင်မှာ မဟုတ်ဘူးလို့ NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။ ကိုငြိမ်းချမ်းအေး တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာအရေးမှာ တော်လှန်ရေး အောင်မြင်မှု အပေါ် နိုင်ငံတကာက သံသယတွေ နည်းသွားပြီး စိတ်ဝင်စားမှု တိုးလာတာ တွေ့ရတယ်လို့ အမေရိကန် ခရီးစဥ်ကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ဗွီအိုအေကို ပြောပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ အဖွဲ့ဝင်အားလုံး ဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်က ရှေ့မရောက်လို့ သက်ဆိုင်တဲ့ နိုင်ငံတချို့နဲ့ ဆုံးဖြတ်ချက်တွေ ပိုထိရောက်အောင် လုပ်ဖို့ လိုနေတယ်လို့ အာဆီယံအရေး ကျွမ်းကျင်သူတဦးက ထောက်ပြလိုက်ပါတယ်။ Lowy Institute က ဒေါက်တာ Abdul Rahman Yaacob ကို ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
တရုတ်ဟာ ကျားဖြန့်နှိမ်နင်းဖို့ထက် စစ်တပ်ပြုတ် မကျရေး ပိုအလေးပေးလာတယ်လို့ အမေရိကန် ငြိမ်းချမ်းရေးသိပ္ပံက မြန်မာ့အရေးသုတေသီ ဂျေဆင်တာဝါက ထောက်ပြပါတယ်။ အကျိုးဆက်က အွန်လိုင်းဒုစရိုက် ပိုကျယ်ပြန့်လာပြီး အမေရိကန်အကျိုးစီးပွား ထိခိုက်လာတယ်လို့ သတိပေးပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
ကုလနဲ့ နိုင်ငံတကာမှာ မြန်မာ့အရေးပြောဆိုမှုတွေ အားရစရာမရှိပေမဲ့ မြန်မာ့အရေးအလေးထားတဲ့ နိုင်ငံကြီးတွေရှိသလို၊ စစ်ကောင်စီဘက်ရပ်တည်ပြောဆိုတဲ့ နိုင်ငံကြီးတွေရှိလို့ မြန်မာ့အရေး ဆက်တိုက်တွန်းနေဖို့လိုတယ်လို့ မြန်မာ့အရေးကုလမှာ နှိုးဆော်သူ ဒေါ်မေစပယ်ဖြူက ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
"MNDAA တရုတ်ဖိအားရင်ဆိုင်နေရ" လေ့လာသူတွေသုံးသပ် လက်ရှိမှာ NUG အနေနဲ့ TNLA တအာင်းတပ်၊ AA အာရက္ခတပ်တော် တို့နဲ့ ပူးပေါင်းနိုင်ဖို့အရေးကြီးတယ်လို့ထောက်ပြကြပါတယ်။ မြန်မာ့အရေး အနီးကပ် စောင့်ကြည့်နေကြတဲ့ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး သုတေသီတွေကိုဆက်သွယ် မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့က တရုတ်သဘောကျ NUG၊ တော်လှန်ရေးအင်အားစုတွေနဲ့ ကင်းကင်းနေမယ်ပြောပေမဲ့ လက်တွေ့လုံးဝ အဆက်အသွယ်ဖြတ်ဖို့ မဖြစ်နိုင်ဘဲ စစ်ရေးဗျူဟာ သေချာစဉ်းစားဖို့လိုတယ်လို့ နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ ICG ရဲ့ မြန်မာဆိုင်ရာအကြံပေး Thomas Keanက ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
MNDAA ကိုးကန့်တပ်အနေနဲ့ နယ်စပ်မှာ ကျောပြုထားရတဲ့ တရုတ် နိုင်ငံရဲ့ ဖိအားတွေကို မလွန်ဆန်နိုင်လို့ နွေဦးတော်လှန်ရေးကနေ ရုန်းထွက်သွားရင်တောင် လက်ရှိ သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ အတွက် တရုတ်နိုင်ငံကြားခံပြီး စစ်ကောင်စီနဲ့ အကျေအလည်ညှိနှိုင်းရမှာ ဖြစ်တယ်လို့ ဝါရင့် နိုင်ငံရေး သုတေသီတွေက သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာ့အရေးမှာ ဝင်ရောက် မစွက်ဖက်ဘူးလို့ စနေနေ့က ထုတ်ပြန်ချိန်မှာပဲ ဝါရှင်တန်ဒီစီက တရုတ်သံရုံးရှေ့မှာ အမေရိကန် မြန်မာနွယ်ဖွားတွေက တရုတ်အစိုးရကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာ့အရေးမှာ ဝင်ရောက် မစွက်ဖက်ဘူးလို့ စနေနေ့က ထုတ်ပြန်ချိန်မှာပဲ ဝါရှင်တန်ဒီစီက တရုတ်သံရုံးရှေ့မှာတော့ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ဆန့်ကျင်ကြောင်း အမေရိကန်ရောက် မြန်မာနွယ်ဖွားတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်။
စစ်ကောင်စီ အရပ်သားဒေသတွေကို လေကြောင်းကတိုက်ခိုက်မှုတွေ ကာကွယ်နိုင်ဖို့ အနည်းဆုံး Starlink လို အင်တာနက်ဆက်သွယ်ရေးကိရိယာတွေ ရှိထားဖို့လိုအပ်ပြီး ဒေသခံ ပြည်သူတွေကလည်း လေကြောင်းရန်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်လို့ လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်ခံရမှုတွေ ပြင်းထန်လာနေချိန်မှာ လေကြောင်းရန်ကာကွယ်ရေး နည်းပညာအကူအညီတွေ လက်တွေ့ ထောက်ပံ့ပေးဖို့ အမေရိကန်-မြန်မာ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပါမယ်။
"BURMA Act ကလည်း ခွင့်ပြုထားသား ဖြစ်ပါတယ်။ ဒါကို ဆက်လက်ပြီးတော့ Early Warning System (ကြိုတင် အချက်ပေးစနစ်) ဆိုတာတို့၊ လေယာဥ်ဆီဖြတ်တောက်ရေးဆိုတာတို့က တကယ်တမ်းကျတော့ လူသတ်လက်နက်လည်း မဟုတ်တဲ့အတွက် သူ့တို့ရဲ့ အခြေခံ သတ်မှတ်ချက်တွေကို ဘောင်ဝင်ပါတယ်။” (ဒေါ်ခင်တင့်တင့်-
လူမျိုးရေး သွေးထိုးမှုလုပ်တတ်တဲ့ မြန်မာစစ်တပ် ရှမ်းမြောက်စစ်ပွဲ အဆုံးအရှုံးကြုံနေချိန်မှာ စစ်တပ်လိုလားသူတွေဇောင်းပေးနေသလို တရုတ်ဆန့်ကျင်ရေးနဲ့ လူမျိုးရေးထောက်ချောက်ထဲ ကျမသွားဖို့ တရုတ်၊ မြန်မာ နိုင်ငံရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာလှကျော်ဇောက သတိပေးပါတယ်။ ကိုငြိမ်းချမ်းအေးက မေးမြန်းထားပါတယ်။
မကွေးနဲ့ စစ်ကိုင်းတိုင်းတွေထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ ပိုတိုးလာနေချိန်မှာ သူတို့အတွက် အကူအညီတွေကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကနေ နယ်စပ်ဖြတ်ကျော်ပြီး ချင်းပြည်နယ်ကတဆင့်ပေးနိုင်ဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။
တော်လှန်ရေးအင်အားစုတွေအပေါ် အမေရိကန်က ထိတွေ့မှုတွေ ရှိပေမဲ့ တရုတ် အပါအဝင် နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့မှာ စစ်ပွဲအဖြေကပဲ အရေးပါတယ်လို့ သုတေသီတဦးက ပြောပါတယ်။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကလည်း အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ သုတေသီ Igor Blaževič ကို ကိုငြိမ်းချမ်းအေးက မေးမြန်းထားပါတယ်။
ဒေသတွင်း အင်အားကြီးတရုတ်ရဲ့ လွှမ်းမိုးမှုနဲ့ စစ်ရေးပဋိပက္ခတွေကြား မြန်မာနိုင်ငံအတွက် ပင်လုံစာချုပ်အခြေခံပြည်ထောင်စု စနစ်နဲ့တင်မက ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရိတ် ပေါင်းစပ်ပုံစံ ဖြစ်လာနိုင်တယ်လို့ ဒေသတွင်းပညာရှင်တဦး သုံးသပ်ပါတယ်။ သုတေသီဒေါက်တာ Dulyapak Preecharush ကို ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်