“မြန်မာ့အရေးမှာ အမေရိကန်ရဲ့ ရည်ရွယ်ချက်တွေကို တရုတ်က မယုံရဲ ဖြစ်နေတယ်” လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေကို အမေရိကန်က ပိုပြီး ထိတွေ့မှုတွေ လုပ်လာနေချိန်မှာပဲ တရုတ်ကလည်း မြန်မာ့အရေးမှာ ပြင်ပအင်အားစုတွေ မစွက်ဖက်ရေး ထုတ်ပြောလာနေတာပါ။ ကိုငြိမ်းချမ်းအေးက စုစည်း တင်ပြပါမယ်။
တော်လှန်ရေးအင်အားစုတွေကို အမေရိကန်က ပိုပြီး ထိတွေ့မှုတွေ လုပ်လာနေချိန်မှာပဲ တရုတ်ကလည်း မြန်မာ့အရေးမှာ ပြင်ပအင်အားစုတွေ မစွက်ဖက်ရေး ထုတ်ပြောလာပါတယ်။“မြန်မာ့အရေးမှာ အမေရိကန်ရဲ့ ရည်ရွယ်ချက်တွေကို တရုတ်က မယုံရဲ ဖြစ်နေတယ်” လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေးက စုစည်း တင်ပြပါမယ်။
ရှမ်းမြောက်ပိုင်း စစ်ကောင်စီတိုက်ခိုက်မှု အရပ်သားသေဆုံးသူ ရာကျော်လာချိန်၊ စစ်ကောင်စီကို ပြန်တိုက်တဲ့အဖွဲ့တွေလည်း လူ့အခွင့်အရေးလေးစားလိုက်နာမှုအားနည်းလို့ ဒါကိုသတိထားဖို့လိုတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်သူတွေ ပြောပါတယ်။ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယိင်းလျန်းဟန်ကို ကိုငြိမ်းချမ်းအေးမေးမြန်းထားပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက လွှမ်းမိုးချုပ်ကိုင်ထားတာက ရေရှည်မှာ ပဋိပက္ခကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဒေသတွင်းပညာရှင်တဦးက ထောက်ပြလိုက်ပါတယ်။ နိုင်ငံရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးမှာကလည်း တရုတ်မဟုတ်ဘူးလို့ မြန်မာ့အရေးလေ့လာသူတဦးက ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။
တရုတ်ထိပ်တန်းခေါင်းဆောင်တွေ ဆက်တိုက် နေပြည်တော်ခရီးပေါက်နေပြီး မြန်မာ့ပဋိပက္ခဖြေရှင်းရေး သူ့ရဲ့သြဇာကိုသုံးဖို့ကြိုးစားနေတယ်လို့ သုံးသပ်နေကြချိန်မှာပဲ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်က လွှမ်းမိုးချုပ်ကိုင်တာက ရေရှည်မှာ ပဋိပက္ခကိုဖြေရှင်းနိုင်မှာမဟုတ်ကြောင်း ဒေသတွင်းပညာရှင်တဦးက ထောက်ပြပါတယ်။
စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီးထားတာဟာ ပါးနပ်တဲ့ လုပ်ဆောင်မှု မဟုတ်ဘူးလို့ စစ်ရေးလေ့လာသူ ပါမောက္ခ Zachary Abuza က သုံးသပ်ပါတယ်။ စစ်ရေးအရှုံးတွေကြား စစ်ကောင်စီ ထွက်ပေါက် ဖြစ်နိုင်တာကိုလည်း ထောက်ပြပါတယ်။ ဒုတိယပိုင်းအဖြစ် ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေးမှာ အရင်က ပြည်ပ ဝေဖန်သုံးသပ်သူတွေက ဖြစ်မလာနိုင်ဘူးလို့ ပြောခဲ့တဲ့ အစုအဖွဲ့ တွေကြား စုစည်းဆောင်ရွက်နေတာကို တွေ့မြင်နေရတယ်လို့ စစ်ရေး လေ့လာသူ တဦးက သုံးသပ်လိုက်ပါတယ်။ စစ်တပ်ရဲ့ အခန်း ကဏ္ဍကပိုပြီး ကျဆင်းလာဖို့ရှိတယ်လို့လည်း သုတေသီတဦးက ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက တင်ပြပါမယ်။
“လက်ရှိ အခြေအနေက ပြည်ပ ဝေဖန်သုံးသပ်သူတော်တော်များများက မြန်မာနိုင်ငံမှာ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလို့ ပြောခဲ့ကြတဲ့နည်းလမ်းတွေနဲ့ ဒီအစုအဖွဲ့ အသီးသီးကြား စုစည်းညီညွတ်စွာနဲ့ ညှိနှိုင်းဆောင်ရွက်နေတာကို တွေ့မြင်နေရတာပါ။” (ပါမောက္ခ Zachary Abuza- စစ်ရေးကျွမ်းကျင်သူ National War College)
ရှမ်းမြောက်ပဋိပက္ခမှာ ‘ဝ’ တပ်ဖွဲ့ကြားဝင်လာတာက သြဇာချဲ့ထွင်ဖို့ ဖြစ်ပြီး၊ တရုတ်က ခွင့်ပြု၊ စစ်ကောင်စီက သဘောကျတယ်လို့ စစ်ရေးလေ့လာသူ ပါမောက္ခ Zachary Abuza က သုံးသပ်ပါတယ်။ ရွေးကောက်ပွဲကို မြန်မာ့အကျပ်အတည်း ထွက်ပေါက်အဖြစ် တရုတ်က တွန်းနေတယ်လို့လည်း ဆိုပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
တော်လှန်ရေးကာလအတွင်း လက်နက်ကိုင်တပ်တွေအနေနဲ့ အင်အားရှိရင် ကြိုက်တာလုပ်လို့ ရတဲ့ပုံစံနဲ့ နိုင်ငံရေးကစားရင် ဆိုးကျိုးဖြစ်နိုင်တယ်လို့ ချင်းခေါင်းဆောင်တဦးက သတိပေးလိုက်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ချင်းအစိုးရ ပြောခွင့်ရ ဒေါက်တာရွေခါရ်းကို ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
ချင်းပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ပြီး တနိုင်ငံလုံးမှာတောင် စစ်ကောင်စီ ထိန်းချုပ်နယ်မြေ နည်းပါးနေပြီ၊ သူတို့က စစ်ရေးမှာလည်း ခံစစ်နဲ့တိုက်နေရတာလို့ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ရွေခါရ်းက ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံက တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီဟာ တရုတ်နယ်စပ်ကနေ မန္တလေးအထိ လမ်းကြောင်းတလျှောက်လုံးလက်လွှတ်ရမဲ့ အနေအထားရောက်နေပြီလို့ အမေရိကန်ငြိမ်းချမ်းရေးသိပ္ပံ USIP က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါက သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံက တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီဟာ တရုတ်နယ်စပ်ကနေ မန္တလေးအထိ လမ်းကြောင်းတလျှောက်လုံး လက်လွှတ်ရမယ့် အနေအထားရောက်နေပြီလို့ အမေရိကန်ငြိမ်းချမ်းရေးသိပ္ပံ USIP က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါက သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးသိန်းစိန်ရဲ့တရုတ်ခရီးစဉ်ကိုခွင့်ပြုခဲ့ပေမယ့် စစ်ခေါင်းဆောင်ဟာ တရုတ်ရဲ့မြန်မာ့အရေးပါဝင်မှုကို တုံ့ပြန်ပုံက "ဟန်မပျက်" အနေအထားလို့ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။ တကျော့ပြန် ရှမ်းမြောက်စစ်ရေးအရှိန်မြင့်နေတာအပေါ်မှာလည်း တရုတ်က သဘောထားတမျိုးဖြစ်ဖွယ်ရှိတယ် ဆိုပါတယ်။ ကိုငြိမ်းချမ်းအေးက စုစည်းထားပါတယ်။
ပြီးခဲ့တဲ့ဇွန်လကုန်မှာပြီးဆုံးခဲ့တဲ့ စစ်ဗိုလ်ချုပ်နဲ့ သမ္မတအငြိမ်းစားဦးသိန်းစိန်ရဲ့တရုတ်ပြည်ခရီးစဉ်ဟာ လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တရုတ်အစိုးရကြားဆက်ဆံရေးကို ထင်ဟပ်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ချင်းညီနောင် အဖွဲ့က ချင်းပြည်တောင်ပိုင်းမှာ ခရိုင်အဆင့်မြို့ဖြစ်တဲ့ မတူပီမြို့ကို သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာပြီး နောက်ဆက်တွဲ အခြေအနေနဲ့ ဒေသတွင်းက ချင်းပြည်ကောင်စီ လက်အောက်ခံ တပ်တွေနဲ့ ထိတွေ့မှုနဲ့ လက်ရှိဆက်ဆံရေးကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်းပြောပြပါမယ်။
“မတူပီကို ဇွန်လ ၉ ရက်နေ့က စတင် ထိုးစစ်ဆင်ခဲ့တယ်ပေါ့နော်။ မတူပီမှာက ခ-မ-ရ (၃၀၄) ရှိတယ်။ ခ-လ-ရ (၁၄၀) နဲ့ အခြေစိုက်ဗျူဟာ ရှိတယ်။ ခ-မ-ရ (၃၀၄) ကို ဇွန်လ ၁၇ ရက်နေ့မှာ သိမ်းနိုင်ခဲ့တယ်။ ခ-လ-ရ (၁၄၀) နဲ့ အခြေစိုက်ဗျူဟာကိုတော့ ဇွန်လ ၂၉ ရက်နေ့မှာ လုံးဝ အပြီးအစီးသိမ်းနိုင်ခဲ့တယ်။" (ဆလိုင်းယောမာန်- CB)
၂၀၂၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲ အကြို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ရဲ့ ပထမဆုံး စကားစစ်ထိုးပွဲကို ဇွန်လ ၂၇ ရက်နေ့ညက ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့က CNN သတင်းဌာန စတူဒီယိုမှာ ကျင်းပခဲ့ကြပါတယ်။
“သမ္မတတယောက်အနေနဲ့ ဗမာပြည်အရေးက သူသမ္မတတယောက်တည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲနဲ့ ကွန်ဂရက်ရဲ့ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် ဘယ်တယောက်တက်တက် မူဝါဒက၊ ကူညီတဲ့ အပိုင်းကတော့ အရမ်း အပြောင်းအလဲရှိမယ်လို့ မထင်ဘူး။ ဒါပေမယ့် မြန်မာ့အရေးနဲ့ ပတ်သက်ရင်တော့ ဒီမိုကရက်သမ္မတကတော့ ပိုပြီး စိတ်ဝင်စားမယ်။”
အညာဒေသမှာ လူဦးရေရဲ့ ၂၀ % စစ်ပြေးနေရပေမဲ့ ကြံ့ကြံ့ခံရပ်တည်နေဆဲရှိတာဟာ လူထုရဲ့ အားကောင်းမှုကို ပြသနေပေမဲ့ အရင်းအမြစ်နဲ့ ပံ့ပိုးခံရမှုတော့ တော်တော်အားနည်းလို့ ပိုလုပ်ဆောင်ပေးဖို့ လိုတယ်လို့ မြန်မာ့မူဝါဒရေးရာ အင်စတီကျုက ဦးဇော်တူးဆိုင်းက ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်