ဒီပဋိပက္ခမှာ အမေရိကန်၊ ရုရှား၊ တရုတ် ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ ပါဝင်လာရင် ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သလို စီးပွားရေး အပါအဝင် နောက်ဆက်တွဲ ထိခိုက်မှုတွေ အများကြီး ရှိနေတယ်လို့ အမေရိကန်နိုင်ငံရေး လေ့လောစောင့်ကြည့်နေသူ တဦးက သုံးသပ်ပါတယ်။
လုံခြုံရေးကောင်စီမှာ တံခါးဖွင့်ဆွေးနွေးလာနိုင်တာက မြန်မာ့အရေး နောက်ထပ် ဆုံးဖြတ်ချက် ချနိုင်ဖို့ တွန်းအားဖြစ်စေမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သုံးသပ်လိုက်ပါတယ်။ ဦးကျော်မိုးထွန်းကို ကိုငြိမ်းချမ်းအေး ဆက်သွယ် မေးမြန်းထားပါတယ်။
ကုလသမဂ္ဂရဲ့ လက်ထောက်အတွင်းရေးမှူးချုပ်တဦးဖြစ်တဲ့ ကုလသမဂ္ဂဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးဌာနရဲ့ အကြီးအကဲ Mr. Gilles Michaud ဟာ ဧပြီလ ၄ ရက်နေ့တုန်းက စစ်ကောင်စီ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွေမှာဖော်ပြခဲ့တာပါ။ ကိုငြိမ်းချမ်းအေးစုစည်းတင်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲဟာ နေပြည်တော်မှာ မြန်မာ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံတာကို ကြည့်ရင် “စစ်တပ် အနေနဲ့ လုံခြုံရေး အာမခံချက်မပေးနိုင်တော့ဘူး” ဆိုတာကို ကုလသမဂ္ဂက သုံးသပ်လာတာဖြစ်ကြောင်း ဝါရင့် အကြီးတန် သံတမန် တဦးက ထောက်ပြလိုက်ပါတယ်။
ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ဝယ်လင်တန်မှာ ကျင်းပမယ့် အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ခွင့်ပေးရင် နယူးဇီလန်အစိုးရသစ်ကို ပြုတ်ကျတဲ့အထိ ကန့်ကွက်မှုတွေကိုလုပ်သွားမယ်လို့ နယူးဇီလန်က မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာအထူးကိုယ်စားလှယ်သစ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop အနေနဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို နားလည်ပြီး "ရေရှည်တည်မြဲတဲ့အဖြေ" ရှာဖို့လိုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။ ကိုငြိမ်းချမ်းအေးမေးမြန်းထားပါတယ်။
လာမယ့်ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာလုပ်မယ့် အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီဘက်က အလယ်အလတ်အဆင့်ရှိတဲ့ အရာရှိတယောက်ကို ဖိတ်ကြားဖို့ နယူးဇီလန် အစိုးရသစ်က ဆုံးဖြတ်ခဲ့တဲ့အတွက် အခုလို ကန့်ကွက်မှုတွေ ဖြစ်လာတာပါ။
လုံခြုံရေးကောင်စီတံခါးဖွင့်ဆွေးနွေးပွဲမှာ ရိုဟင်ဂျာပြဿနာကို ဦးတည် ဆွေးနွေးတာမျိုးက စစ်အာဏာရှင်တော်လှန်ရေးမှာလူမျိုးရေးကို ဦးတည်သလား၊ လူသားအားလုံးအရေးလုပ်တာလား ဆိုတာကို စမ်းသပ်ချက် ဖြစ်တယ်လို့အမေရိကန်အခြေစိုက် မြန်မာနိုင်ငံရေးသိပ္ပံပညာရှင်ကသုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။
သမ္မတလက်မှတ်ထိုးပြီး အတည်ဖြစ်လာတဲ့ ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်ထဲမှာ မြန်မာ့အရေး လူထုကိုကာကွယ်ပေးနိုင်မယ့် နည်းပညာအကူအညီအပါအဝင်၂၀၂၄ အမေရိကန်အစိုးရအသုံးစရိတ် ဒေါ်လာ ၁၂၁ သန်း အနည်းဆုံး သတ်မှတ်ထားပါတယ်။
၂၀၂၄ ခုနှစ် Commission on the Status of Women (CSW) လို့ခေါ်တဲ့ ကုလသမဂ္ဂ ရဲ့ အမျိုးသမီးများ အခြေပြကော်မရှင်ရဲ့ ၆၈ ကြိမ်မြောက် ညီလာခံမှာ မြန်မာ အမျိုးသမီးအဖွဲ့တွေ ပိုမို ပါဝင်လာနိုင်ပြီး မြန်မာ့အရေး တင်ပြ ဆွေးနွေးလာနိုင်တယ်လို့ ညီလာခံမှာ ကိုယ်တိုင်တက်ရောက်နေသူ တဦးက ပြောပါတယ်။
နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၁၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပနေတဲ့ CSW လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ အမျိုးသမီးများ အခြေပြကော်မရှင်ရဲ့ ၆၈ ကြိမ်မြောက် ညီလာခံရဲ့ ဘေးပန်းဆွေးနွေးပွဲတွေမှာ မြန်မာအမျိုးသမီးအဖွဲ့တွေလည်း ပါဝင် ဆွေးနွေးနေကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာဖြစ်နေတဲ့ အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား စစ်ပွဲကြောင့် ပါလက်စတိုင်းလူမျိုးတွေအပေါ် ထိခိုက်ပျက်စီးနေရတာတွေက အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲဆိုတာကို ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပေးထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာဖြစ်နေတဲ့ အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား စစ်ပွဲကြောင့် ပါလက်စတိုင်းလူမျိုးတွေအပေါ် ထိခိုက်ပျက်စီးနေရတာတွေက အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲဆိုတာကို ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပေးထားပါတ
နိုင်ငံသားတိုင်းစစ်မှုထမ်းဥပဒေ အသက်သွင်းမှုကြောင့် လူငယ်တွေအကြား စိုးရိမ်မှုမြင့်၊ ရခိုင်ပြည်နယ်တိုက်ပွဲများအခြေအနေ၊ ထိုင်းဗီဇာ အရေအတွက် ကန့်သတ်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ပြထားပါတယ်။
စစ်အာဏာသိမ်း ၃ နှစ်ပြည့်ချိန်မှာ နိုင်ငံတကာနဲ့ အိမ်နီးချင်းတိုင်းပြည်တွေအနေနဲ့ မြန်မာစစ်တပ်ဟာ မကျရှုံးနိုင်တဲ့၊ အင်အားကြီးအဖွဲ့အစည်း အဖြစ် သမိုင်းအစဥ်အဆက် ရှုမြင်လာခဲ့တဲ့အမြင်ကို စွန့်လွှတ်ဖို့လိုတယ်လို့ မြန်မာ့အရေးစောင့်ကြည့်လေ့လာနေတဲ့ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ပြောလိုက်ပါတယ်။
"ဘားမားအက်ကို ကြိုဆိုတယ်။ ဒါပေမယ့် လက်တွေ့ကျကျ အကူအညီပေးဖို့လိုတယ်။ NUG ၊ ERO (တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ PDF တွေအတွက် နည်းပညာပိုင်းရော၊ နောက်ပြီးတော့ Non-lethal Assistance လို့ခေါ်တဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေပေးဖို့ တောင်းဆိုပါတယ်။"(ဇိုသုန်းမှုန် - CAM အမှုဆောင် ညွှန်ကြားရေးမှူး)
စစ်အာဏာရှင်တော်လှန်ရေးအင်အားစုတွေရဲ့ မြေပြင် စစ်ဆင်ရေးအားကောင်းနေချိန်မှာ အမေရိကန်အနေနဲ့ BURMA Act (ဘားမားအက်) ဥပဒေ ပြဌာန်းချက်မှာပါဝင်တဲ့ နည်းပညာ အထောက်အပံ့အပါအဝင် လက်နက်မဟုတ်တဲ့ ထိရောက်တဲ့အကူအညီတွေကို အချိန်ကိုက်ပေးနိုင်ဖို့ အရေးကြီးကြောင်း မြန်မာ့အရေး ဆောင်ရွက်နေသူတွေက တောင်းဆိုနေကြပါတယ်။
အမေရိကန် ကွန်ဂရက်ရဲ့ Rayburn House အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ မြန်မာအရေး အစီရင်ခံတဲ့ပွဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်မှာ လူနည်းစု ခရစ်ယာန်ဘာသာဝင်တွေအပေါ် ပိုပြီး ပစ်မှတ်ထား ဖိနှိပ်နှိပ်စက် ညှဉ်းပန်းမှုတွေ မြင့်တက်လာနေတာတွေကို လွှတ်တော်ကို တင်ပြကြပါတယ်။
အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ကြားနာတဲ့ အခု ရှင်းလင်းပွဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ ဘာသာရေး အဆောက်အအုံတွေ၊ ဘာသာရေး ဆရာတွေနဲ့ သင်းအုပ်ဆရာတွေ၊ လူနည်းစု ဘာသာဝင်တွေ အပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေကို အဓိက မီးမောင်းထိုးပြီး တင်ပြခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်