၂၀၂၄ ခုနှစ် Commission on the Status of Women (CSW) လို့ခေါ်တဲ့ ကုလသမဂ္ဂ ရဲ့ အမျိုးသမီးများ အခြေပြကော်မရှင်ရဲ့ ၆၈ ကြိမ်မြောက် ညီလာခံမှာ မြန်မာ အမျိုးသမီးအဖွဲ့တွေ ပိုမို ပါဝင်လာနိုင်ပြီး မြန်မာ့အရေး တင်ပြ ဆွေးနွေးလာနိုင်တယ်လို့ ညီလာခံမှာ ကိုယ်တိုင်တက်ရောက်နေသူ တဦးက ပြောပါတယ်။
နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၁၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပနေတဲ့ CSW လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ အမျိုးသမီးများ အခြေပြကော်မရှင်ရဲ့ ၆၈ ကြိမ်မြောက် ညီလာခံရဲ့ ဘေးပန်းဆွေးနွေးပွဲတွေမှာ မြန်မာအမျိုးသမီးအဖွဲ့တွေလည်း ပါဝင် ဆွေးနွေးနေကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာဖြစ်နေတဲ့ အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား စစ်ပွဲကြောင့် ပါလက်စတိုင်းလူမျိုးတွေအပေါ် ထိခိုက်ပျက်စီးနေရတာတွေက အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲဆိုတာကို ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပေးထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာဖြစ်နေတဲ့ အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား စစ်ပွဲကြောင့် ပါလက်စတိုင်းလူမျိုးတွေအပေါ် ထိခိုက်ပျက်စီးနေရတာတွေက အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲဆိုတာကို ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပေးထားပါတ
နိုင်ငံသားတိုင်းစစ်မှုထမ်းဥပဒေ အသက်သွင်းမှုကြောင့် လူငယ်တွေအကြား စိုးရိမ်မှုမြင့်၊ ရခိုင်ပြည်နယ်တိုက်ပွဲများအခြေအနေ၊ ထိုင်းဗီဇာ အရေအတွက် ကန့်သတ်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ပြထားပါတယ်။
စစ်အာဏာသိမ်း ၃ နှစ်ပြည့်ချိန်မှာ နိုင်ငံတကာနဲ့ အိမ်နီးချင်းတိုင်းပြည်တွေအနေနဲ့ မြန်မာစစ်တပ်ဟာ မကျရှုံးနိုင်တဲ့၊ အင်အားကြီးအဖွဲ့အစည်း အဖြစ် သမိုင်းအစဥ်အဆက် ရှုမြင်လာခဲ့တဲ့အမြင်ကို စွန့်လွှတ်ဖို့လိုတယ်လို့ မြန်မာ့အရေးစောင့်ကြည့်လေ့လာနေတဲ့ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ပြောလိုက်ပါတယ်။
"ဘားမားအက်ကို ကြိုဆိုတယ်။ ဒါပေမယ့် လက်တွေ့ကျကျ အကူအညီပေးဖို့လိုတယ်။ NUG ၊ ERO (တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ PDF တွေအတွက် နည်းပညာပိုင်းရော၊ နောက်ပြီးတော့ Non-lethal Assistance လို့ခေါ်တဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေပေးဖို့ တောင်းဆိုပါတယ်။"(ဇိုသုန်းမှုန် - CAM အမှုဆောင် ညွှန်ကြားရေးမှူး)
စစ်အာဏာရှင်တော်လှန်ရေးအင်အားစုတွေရဲ့ မြေပြင် စစ်ဆင်ရေးအားကောင်းနေချိန်မှာ အမေရိကန်အနေနဲ့ BURMA Act (ဘားမားအက်) ဥပဒေ ပြဌာန်းချက်မှာပါဝင်တဲ့ နည်းပညာ အထောက်အပံ့အပါအဝင် လက်နက်မဟုတ်တဲ့ ထိရောက်တဲ့အကူအညီတွေကို အချိန်ကိုက်ပေးနိုင်ဖို့ အရေးကြီးကြောင်း မြန်မာ့အရေး ဆောင်ရွက်နေသူတွေက တောင်းဆိုနေကြပါတယ်။
အမေရိကန် ကွန်ဂရက်ရဲ့ Rayburn House အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ မြန်မာအရေး အစီရင်ခံတဲ့ပွဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်မှာ လူနည်းစု ခရစ်ယာန်ဘာသာဝင်တွေအပေါ် ပိုပြီး ပစ်မှတ်ထား ဖိနှိပ်နှိပ်စက် ညှဉ်းပန်းမှုတွေ မြင့်တက်လာနေတာတွေကို လွှတ်တော်ကို တင်ပြကြပါတယ်။
အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ကြားနာတဲ့ အခု ရှင်းလင်းပွဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ ဘာသာရေး အဆောက်အအုံတွေ၊ ဘာသာရေး ဆရာတွေနဲ့ သင်းအုပ်ဆရာတွေ၊ လူနည်းစု ဘာသာဝင်တွေ အပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေကို အဓိက မီးမောင်းထိုးပြီး တင်ပြခဲ့ပါတယ်။
"အခုမှ အာဏာသိမ်းတာ မဟုတ်ဘူးပေါ့နော်။ ပြီးခဲ့တဲ့ စစ်အာဏာသိမ်းမှုတွေတုန်းက တုံ့ပြန်ပုံနဲ့ အခု လူထုတော်လှန်ရေးအပေါ်မှာ မင်းအောင်လှိုင်ရဲ့အာဏာသိမ်းမှုမှာ တုံ့ပြန်မှုက ကွဲပြားခြားနားမှုတော့ ရှိတယ်လို့ မြင်တယ်။ ဒါပဲ ကျမတို့အတွက် မျှော်လင့်ချက်လို့ပဲ ပြောရင်လည်း ရနိုင်ပါတယ်။" (ဒေါ်ဇင်မာအောင်-NUG ဝန်ကြီး)
စစ်အာဏာရှင်အမြစ်ပြတ်ရေးမှာ အနောက်ဒီမိုကရေစီနိုင်ငံတွေ ထောက်ခံရုံနဲ့မလုံလောက်လို့ တရုတ်မူဝါဒကို သီးသန့်ထုတ်ပြန်ရတာဖြစ်ပြီး တော်လှန်ရေးအတွက် အကျိုးရှိစေမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က VOAနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောလိုက်တာပါ။ VOA ရုံးချုပ်မှာ ကိုငြိမ်းချမ်းအေးက မေးမြန်းထားပါတယ်။
စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ကြားက ဒုတိယအကြိမ် ဆွေးနွေးပွဲ သဘောတူညီမှု တစုံတရာမရဘဲ ပျက်သွား၊ ကမ္ဘာ့အကြီးဆုံးသတ္တုမိုင်း တည်ရှိရာ နမ္မတူမြို့ ကို ညီနောင် ၃ ဖွဲ့ထဲက TNLA အဖွဲ့က သိမ်းလိုက်နိုင်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ပြထားပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့ကြား ဒီဇင်ဘာ နှောင်းပိုင်းမှာ ဒုတိယအကျော့တွေ့ဆုံမှု ပျက်သွားခဲ့တဲ့နောက်၊ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြားက မြန်မာ့ ပဋိပက္ခ လားရာက အရှိန်ပိုမြင့်သွားမလားဆိုတဲ့ တွက်ဆမှုတွေ ရှိနေပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့ကြား ဒီဇင်ဘာ နှောင်းပိုင်းမှာ ဒုတိယအကျော့တွေ့ဆုံမှု ပျက်သွားခဲ့တဲ့နောက် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြားက မြန်မာ့ ပဋိပက္ခ လားရာက အရှိန်ပိုမြင့်သွားမလားဆိုတဲ့ တွက်ဆမှုတွေ ရှိနေပါတယ်။
ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်တဲ့ လူသေဆုံးမှုနဲ့ရောဂါဘယတွေကို အလေးထား ဖြေရှင်းနိုင်ရင် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မူလဇစ်မြစ် ပြဿနာဖြစ်တဲ့ ကာဗွန်ညစ်ညမ်းမှု အပေါ် ပိုမိုလုပ်ဆောင်နိုင်မယ်ဆိုပြီး ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။
လူမှုမီဒီယာတွေပေါ်မှာ အစ္စရေး-ဟားမတ်စ်စစ်ပွဲနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေ၊ အယူဝါဒရေးရာ ပြောဆိုချက်တွေဟာ အမေရိကန်ပြည်ထောင်စုက လူငယ်တွေကြား မတူကွဲပြားတဲ့ အစွန်းနှစ်ဘက် ဖြစ်စေပြီး ဒီအခြေအနေကနေ ဖြစ်စဥ်တချို့မှာ ဆိုရင် ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေ အထိ ဦးတည်သွားစေပါတယ်။
"စကစက သူ့နယ်ထဲမှာရှိတဲ့ သူတွေဆိုရင် ရတယ်ပေါ့၊ ပြန်ပို့ပေးတဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေတဲ့သူ ၃၁,၀၀၀ ကျော်ရှိတယ်ဆိုတာ မနည်းပါဘူး။ ဒီလုပ်ငန်းနဲ့ပတ်သက်လို့ တရုတ်ရဲ့ဖိအားကို စစ်ကောင်စီလည်း လိုက်လျောရတာပဲ၊ UWSA လည်း လိုက်လျောရတာပဲ၊ ကိုးကန့်လည်း ဒီတိုင်းပဲ။" (ဦးသန်းစိုးနိုင်-တရုတ်-မြန်မာအရေးသုံးသပ်သူ)
လက်နက်ကိုင် အင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် စစ်ကောင်စီရဲ့အခြေအနေ ယိမ်းယိုင်လာပေမယ့် အိမ်နီးချင်း အင်အားကြီး အိန္ဒိယကတော့ နေပြည်တော်က စစ်ကောင်စီအပေါ်ပဲ ဆက်လက် ထောက်ခံပေးနေဦးမယ့် အနေအထား ရှိတယ်လို့ အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို အထူးလေ့လာနေသူတဦးက သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေးတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်