ဘော်လ်ကန်ကျွန်းဆွယ်ဒေသမှာရှိတဲ့ Albania နိုင်ငံကို ဥရောပက ကမ္ဘာလှည့်ခရီးသည်တွေ အသွားများနေကြပါတယ်။ ဘယ်လိုစွဲဆောင်မှုတွေကြောင့် အပျော်ခရီးထွက်သူတွေ မျက်စိကျနေကြသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
PDF တွေဖြစ်သွားကြတဲ့ လူငယ်တွေအကြောင်း အမေရိကန်တွေ ပိုသိအောင် Zoomers ရုပ်ရှင်ကို ရိုက်ကူး ပြသတာဖြစ်တယ်လို့ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူကပြောပါတယ်။ ထိုင်း မြန်မာနယ်စပ်မှာ ရုပ်ရှင်ရိုက်ကူးခဲ့ရပုံကို မစုမြတ်မွန်က ဒါရိုက်တာ Dylan Chow ကိုမေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေရဲ့ အခြေအနေကို ပုံဖော်ရေးဆွဲထားတဲ့ ပန်းချီကားတွေကို အမေရိကန်ပြည်ထောင်စု Indianapolis မြို့မှာ ပြသနေပါတယ်။ မြန်မာ အပါအဝင် ပန်းချီဆရာ ၆ ယောက်ဆွဲထားတဲ့ ပန်းချီကားတွေမှာ ဘယ်လို မီးမောင်းထိုးပြထားသလဲဆိုတာ လူမှုရှုခင်း အစီအစဉ်မှာ မစုမြတ်မွန် တင်ပြထားပါတယ် ။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းဆန္ဒပြမှုတွေမှာ လူသိများတဲ့ မုံရွာသပိတ်ဦးဆောင်သူ ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ထောင်ဒဏ်အနှစ် ၂၀ ထပ်မံချလိုက်ပါတယ်။ မုံရွာကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်အပေါ် စွဲထားတဲ့အမှုတွေထဲက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ အတွက် ထပ်ပြီးထောင်ချလိုက်တာပါ။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ် ချလိုက်ပါတယ်။ စွဲထားတဲ့ ပုဒ်မ ၃ ခုအတွက် မြစ်ကြီးနားအကျဉ်းထောင် တရားရုံးကနေ ပြစ်ဒဏ်ချလိုက်တာဖြစ်ပြီး ပြစ်ဒဏ်တွေအတွက် အယူခံဝင်သွားဖို့ ပြင်ဆင်မယ်လို့ သူ့ရှေ့နေကပြောပါတယ်။ မစုမြတ်မွန်က တင်ပြပါမယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့အကြီးအကဲ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ် ဆမ်ဆွမ် ကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ် ချလိုက်က်ပါတယ်။
မတ်လ ၂၃ ရက် မနေ့ ညနေ ၄ နာရီ ခွဲအချိန်လောက်မှာ ညောင်ဇင်လေး ပျူစောထီးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား ၁၅၀ ဝန်းကျင်လောက်ဟာ ညောင်ဇင်ကြီးကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၃၀ လောက်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အိမ်ခန်းငှားခဈေးအမြင့်ဆုံးမြို့တွေထဲမှာ နယူးယောက်မြို့လည်း တမြို့ပါဝင်ပါတယ်။ အိမ်ဈေးတွေ ကြီးပေမဲ့ အိမ်ငှားချင်သူတွေအနေနဲ့ လိုချင်တဲ့တိုက်ခန်းကို အပြိုင်အဆိုင် ခက်ခက်ခဲခဲ ရအောင် ကြိုးစားကြရပါတယ်။ လူငယ်တယောက်ရဲ့ အတွေ့အကြုံကို မစုမြတ်မွန်က မေးမြန်းတင်ပြထားပါတယ်။
Australia နိုင်ငံက ဘီယာလုပ်ငန်းတခုက ကုန်ကြမ်းအလေအလွင့်နည်းပါပြီး စွမ်းအင်သုံးစွဲမှု လျော့ချနိုင်မယ့် ဘီယာချက်နည်းကို တီထွင်နိုင်ဖို့ ကြိုးစားနေပါတယ်။ Sydney နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင်တွေနဲ့ပေါင်းပြီး စမတ်ဘီယာချက်နည်း ဖန်တီးနေကြတဲ့အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
လူတွေကို လက်ဗွေနဲ့ခွဲခြားသလို ခွေးလေးတွေ ကြောင်လေးတွေရဲ့ နှာခေါင်းပေါ်က အရေးအကြောင်းတွေနဲ့ ခွဲခြားပေးနိုင်တဲ့ နည်းပညာအကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ ပြောပြပါလိမ့်မယ်။
မြန်မာ့အရေး ကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူး Tom Andrews က ထောက်ပြပြောဆိုပါတယ်။ မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးပွဲကို အင်ဒိုနီးရှားမှာ ကျင်းပခဲ့ပါတယ်။ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို မစုမြတ်မွန်နဲ့ ကိုဝင်းခန့်မောင်တု့ိ စုစည်း တင်ပြထားပါတယ်။
သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ရေရှည်တည်တံ့တဲ့ လူမှုဝန်းကျင်ဖန်တီးမှုအဖြစ် ဆွီဒင်နိုင်ငံတောင်ပိုင်းက မာလ်မဲမြို့မှာ အရင်သင်္ဘောကျင်းနေရာကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အဆောက်အဦးတွေနဲ့ ပြောင်းလဲတည်ဆောက်ပြီး အသွင်ပြောင်းထားပါတယ်။ ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ မစုမြတ်မွန် တင်ဆက်ပေးထားပါတယ်။
ဗြိတိန်ဘုရင်၊ ဘုရင်မတွေအတွက် ဂျပန်ဧကရာဇ်တွေ ပေးထားတဲ့ လက်ဆောင်ပစ္စည်းတွေကို လန်ဒန်မြို့တော်က ဘုရင်မကြီးရဲ့ ပြခန်းမှာ ပြသနေပါတယ်။ ဗြိတိန်နဲ့ ဂျပန် ၂ နိုင်ငံကြား သံတမန်ဆက်ဆံရေးနဲ့ တော်ဝင်မိသားစုတွေကြား ဆက်ဆံရေးကို ထင်ဟပ်နေတဲ့ပြပွဲ ဖြစ်ပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
“ဒီနေ့စစ်ဆေးတာတွေလျော့တော့ လာကြတာထင်တာပဲ။ ကိုယ်တွေနားက လူတွေကတော့ရှင်းရှင်းပြောရင် ဒီကောင်တွေလုပ်တဲ့သင်္ကြန်မှာ မပါချင်ဘူး။ ဗုံးကွဲမှာလည်း ကြောက်တယ်။ သူတို့က မထင်ရင်မထင်သလို ဖမ်းခေါ်ခံရမှာလည်း ကြောက်တယ်။ ဘာမှမလုပ်ကြဘူး။ ပုံမှန်တိုင်းပဲ။ သင်္ကြန်ဆိုတာပြောမှသိမှာ။”(မြို့တော်ဝန်မဏ္ဍပ်နားကဒေသခံ)
သြစတြေးလျနိုင်ငံကို အလည်လာသူတွေ တွေ့ဖူးချင်ကြတဲ့ ကိုဝါလာဝက်ဝံလေးတွေ မျိုးသုဉ်းတော့မယ့် အခြေအနေကြုံနေရလို့ သူတို့ကို သဘာဝတောရိုင်းသတ္တဝါလေးတွေအဖြစ် ကာကွယ်စောင့်ရှောက်နိုင်အောင် ကြိုးစားနေကြတာပါ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်ဟာ ကမ္ဘာ့နိုင်ငံပေါင်းစုံက အနုပညာလက်ရာတွေ စုစည်းနေတဲ့ နေရာကြီး တခုဖြစ်ပါတယ်။ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးကို ပုံဖော်ထားတဲ့ ပန်းချီကားကြီးတွေအပါအဝင် တန်ဖိုး မဖြတ်နိုင်တဲ့ အနုပညာလက်ရာ အမြောက်အများရှိတာပါ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
အီတလီနိုင်ငံမှာ ရိုးရာသစ်သားရက်ကန်းစင်တွေ သုံးပြီး နှစ်ရာချီထဲကနည်းတွေနဲ့ ကတ္တီပါရက်လုပ်တဲ့ မိသားစုရက်ကန်းလုပ်ငန်း ဗင်းနစ်မြို့မှာ တခုပဲ ကျန်ပါတော့တယ်။ ၁၈၇၅ ခုနှစ်ထဲက ရှိခဲ့တဲ့ ရက်ကန်းရုံကနေ လက်ရာမြောက်ကတ္တီပါဒီဇိုင်းတွေကို ထုတ်လုပ်နေတာပါ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
တောင်အာဖရိကနိုင်ငံ Kruger အမျိုးသား သဘာဝဘေးမဲ့တောကြီးထဲက သမိုင်းဝင်တံတားကြီးပေါ်မှာ နှစ်ပေါင်း ၁၀၀ နီးပါး သက်တမ်းကြီးတဲ့ မီရထားဟောင်းကြီးကို ဇိမ်ခံတည်းခိုခန်းအဖြစ် အသွင်ပြောင်းပြီး လာတည်းခိုသူတွေ သဘာဝအလှကို ခံစားနိုင်အောင် ဖန်တီးပေးထားပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
“မနက် ၄ နာရီ ၁၅ မိနစ်လောက်မှာ ၂ လုံးလာကြဲတယ်ပေါ့နော်။ လေယာဉ် ၂ စီးနဲ့ တစီးကို တလုံးစီးလာကြဲတယ်။ အဲ့မှာ ဒေသခံမဟုတ်ဘဲနဲ့ စစ်ရှောင် လွိုင်ကော်ကနေ ရှောင်လာတဲ့ အရပ်သား ပြည်သူတယောက် ပွဲချင်းပြီးသေတာပေါ့နော်။ နောက်တယောက်က ဒဏ်ရာအကြီးအကျယ်ရတယ်။ နောက်တယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာမျိုးရတယ်ပေါ့နော်။“ ( ဒေသခံ)
နောက်ထပ်ကြည့်ရှုရန်