"လုံလောက်တဲ့အလှည့်အပြောင်းကို တော့ မြန်မြန်ဆန်ဆန်လုပ်လို့ရပါတယ်။ ဒါကြောင့် ပထမဆုံးလုပ်ရမှာကတော့ လူတွေကိုဖမ်းဆီးတာ၊ ပိုင်ဆိုင်မှုတွေကိုသိမ်းယူတာ၊ သွားလာမှုတွေကို ရပ်တန့်တာ၊ တခြားကန့်သတ်မှုတွေ စသဖြင့် အခု စစ်ကောင်စီက ချမှတ်လုပ်ဆောင်နေတာအားလုံးကို ဖယ်ရှားရပါမယ်။" (Sean Turnell - စီးပွါးရေးပညာရှင်)
ကျယ်ဝန်းလှပတဲ့ ရှုခင်းတွေ၊ ရေကြည်ရာ မြက်နုရာ လှည့်လည် သွားလာနေထိုင်ကြတဲ့ နေမှု ထိုင်မှုပုံစံတွေနဲ့ ဆွဲဆောင်ထားတဲ့ Mongolia နိုင်ငံဆီကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားရမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေကြောင့် အချိန်ပြည့် စောင့်ရှောက်မှုလိုအပ်တဲ့ ဘိုးဘွားတွေအတွက် ဘယ်လိုစောင့်ရှောက်မှု စနစ်တွေရှိပါလဲ။ ကယ်လီဖိုးနီးယားပြည်နယ်မှာ Alondra သက်ကြီးစောင့်ရှောက်ရေးလုပ်ငန်းပိုင်ရှင် မသင်းသင်းအေးနဲ့ မစုမြတ်မွန်မေးမြန်းပြီး လူမှုရှုခင်း မှာတင်ပြထားပါတယ်။
Croatia နိုင်ငံ Paula (ပေါင်လာ) ဆိပ်ကမ်းမြို့မှာ လည်ပတ်ကြည့်ချင်စရာ နေရာတွေနဲ့အတူ နိုင်ငံတကာ ခရီးသွားတွေ စားကြည့်ချင်စရာ စားသောက်ဆိုင်တွေရှိပါတယ်။ နာမည်ကြီးနေတဲ့ လမ်းဘေးဆိုင်တခုက ဘောလ်ကန် အသားညှပ်ပေါင်မုန့်ကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားစားကြည့်ရအောင်ပါ။
မတူညီတဲ့အကြောင်းအရာတွေကို ခေါင်းစဉ်ရွေးပြီး ကိုယ်တိုင်ကြုံတွေ့သူတွေရဲ့ အပြောတွေ လေ့လာချက်တွေကို သုတေသနဂျာနယ်အဖြစ် တင်ပြနေတဲ့ သိစပ်မြင်နှံ့ဂျာနယ်အကြောင်း ထုတ်ဝေရေးကောင်မတီဝင် Yale တက္ကသိုလ် ကထိကဒေးဗစ်မိုးနဲ့ မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်း မှာတင်ပြထားပါတယ်။
ကမ္ဘာကျော် လူကြိုက်များတဲ့ အစားအစာတခုထဲမှာ အီတလီနိုင်ငံက ရေခဲမုန့်တွေလည်း ပါပါတယ်။ တခြားရေခဲမုန့်တွေလောက် နို့မလိုင် မများလှတဲ့ Gelato (ဂျလာတိုး) ရေခဲမုန့်တွေ ဘာကြောင့်နာမည်ကြီးသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ရောမမြို့ကိုသွားပြီး စားကြည့်ရအောင်ပါ။
နွေရာသီရောက်ချိန်ကို မျှော်လင့် စောင့်စား ကြိုဆိုကြတဲ့ ဥရောပနိုင်ငံတွေထဲက ဆွီဒင် နိုင်ငံမှာ နွေရာသီကို ကြိုဆိုတဲ့ Midsummer ပွဲတော်ဟာ နိုင်ငံတဝန်း အလေးထားကျင်းပကြတဲ့ ပွဲတော်တခုဖြစ်ပါတယ်။ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားရောက် ဆင်နွဲကြရအောင်ပါ။
LGBTQI+ လို့ခံယူထားသူတွေအနေနဲ့ ပွင့်ပွင်းလင်းလင်း ရှင်သန် နေထိုင်နိုင်ဖို့ ဘယ်လို အခက်အခဲတွေကို ကျော်လွှားကြရပါသလဲ။ သူများလက်ခံမှု ရအောင်မလုပ်ခင် ကိုယ်တိုင်လက်ခံဖို့ ဘယ်လောက်အရေးကြီးပါသလဲ။ သရုပ်ဆောင် အဆိုတော် Russell Htet ကို မစုမြတ်မွန်မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
Bosnia စစ်ပွဲနောက်ပိုင်း ယိုယွင်းပျက်စီးပြီး ပျောက်ပျက်လုဖြစ်ခဲ့တဲ့ ရွာတရွာကို သဘာဝအလေးပေး ခရီးသွားရွာဖြစ်အောင် ပြောင်းလဲထားပါတယ်။ စာသင်ကျောင်းတောင် မရှိတော့အောင် မြို့ခံတွေမနေကြတော့တဲ့ရွာမှာ ခရီးသွားတွေနဲ့ ပြန်လည်စည်ကားနေတာမို့ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလည်ရအောင်ပါ။
စိတ်ကျန်းမာရေးဆိုတာ ဘာကို ပြောတာပါလဲ။ ဘာကြောင့် အလေးထားသင့်ပါသလဲ။ လူမှုကွန်ရက်တွေကြောင့် စိတ်ပိုင်းထိခိုက်မှုတွေ ပြေလျော့အောင် ဘယ်လိုလုပ်နိုင်သလဲဆိုတာတွေကို မစုမြတ်မွန်က အမေရိကန် နယူးယောက်မြို့ က စိတ်ကျန်းမာရေးအထူးကုဆရာဝန် ဒေါက်တာနီလာသွင်နဲ့ မေးမြန်းပြီး လူမှုရှုခင်းအစီအစဉ်မှာ တင်ပြထားပါတယ်။
ဘော်ကန်ဒေသမှာရှိတဲ့ ဘူဂေးရီးယားနိုင်ငံက Kazanlak (ခါဇန်လပ်ခ်) နှင်းဆီပွဲတော်ကိုလာကြသူ အများဆုံးက အာရှက ခရီးသွားဧည့်သည်တွေ ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာကြည့်ရအောင်ပါ။
နိုင်ငံခြားတက္ကသိုလ်တွမှာတက်ဖို့ ပြင်ဆင်ရင် အင်္ဂလိပ်စာအပြင် အစုအဖွဲ့နဲ့ အကြံဉာဏ် ဖလှယ်တာမျိုးတွေကိုလည်း လေ့ကျင့်ထားဖို့လိုတာကို ချင်းမိုင်တက္ကသိုလ်မှာ Digital Innovation ဘာသာရပ်တက်နေတဲ့ ကျောင်းသူနဲ့ မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်းအစီအစဉ်မှာ တင်ပြထားပါတယ်။
ဒိန်းမတ်နိုင်ငံ ကမ်းခြေမြို့လေးတခုမှာ နိုင်ငံတကာက သဲပန်းပုပညာရှင်တွေလာရောက် ဖန်တီးကြတဲ့ သဲပန်းပုပွဲတော်တခုကို ကျင်းပနေပါတယ်။ သဲတွေနဲ့ ဧရာမပန်းပုရုပ်တုကြီးတွေလုပ်ထားတာကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
အာမေးနီးယားနိုင်ငံက တောင်ပေါ်မြို့လေးမှာ ကမ္ဘာကျော် Hollywood ရုပ်ရှင်ဇာတ်လမ်းတွဲကြီးထဲမှာပါတဲ့ အိမ်ပုလေးတွေလိုမျိုး ဟိုတယ်ခန်းတွေ ရှိပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်နိုင်အောင် ထူးထူးခြားခြားလုပ်ထားတဲ့ တည်းခိုခန်းတွေရှိရာကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားမှာဖြစ်ပါတယ်။
ထိခိုက်ပျက်စီးသွားတဲ့ ကမ္ဘာ့မြေလွှာတွေ ပြန်လည်ရှင်သန် ကောင်းမွန်လာစေအောင် လက်ရှိမျိုးဆက်တွေ ဆောင်ရွက်ကြဖို့ ဒီနှစ်ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အတွက် ကုလသမဂ္ဂက တိုက်တွန်းထားတဲ့အကြောင်း မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
၂၀၂၄ အိုလံပစ်ပွဲတော်ကျင်းပမယ့် ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ကမ္ဘာလှည့်ခရီးသည်တွေ ခါးပိုက်နှိုက် မခံရအောင်အပါအဝင် လုံခြုံဘေးကင်းအောင် ဘယ်လိုဆောင်ရွက်နေသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
နိုင်ငံတကာ တက္ကသိုလ်တွေမှာ မဟာတန်းနဲ့ ပါရဂူတန်းတက်နေကြတဲ့ မြန်မာနိုင်ငံက လူငယ်ပညာရှင်တွေ ကနေဒါနိုင်ငံ Vancouver မြို့က British Columbia တက္ကသိုလ် UBC မှာ အလုပ်ရုံဆွေးနွေးပွဲ လုပ်ခဲ့ကြတဲ့အကြောင်း မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
အာရှ ဥရောပကုန်သွယ်ရေးအတွက် ပိုးလမ်းမကြီးကို သုံးခဲ့ကြစဉ်က အဇာဘိုင်ဂျန်နိုင်ငံ Baku ဆိပ်ကမ်းမြို့ဟောင်းဟာ ကုန်သွယ်ရေးအတွက် အင်မတန် အချက်အခြာကျခဲ့ပါတယ်။ တံတိုင်းအမြင့်ကြီး တွေအခိုင်အခံ့ကာရံထားတဲ့ Baku မြို့ဟောင်းဆီကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်ကနေ သွားကြရအောင်ပါ။
စင်္ကာပူနိုင်ငံမှာ ဝန်ကြီးချုပ်သစ် Lawrence Wong ဦးဆောင်တဲ့ အစိုးရတက်လာပြီမို့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒအပါအဝင် ပြည်တွင်း၊ ပြည်ပ မူဝါဒ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာနိုင်ပါသလဲ။ မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
ဆွီဒင်နိုင်ငံ Malmö (မာလ်မာ) မြို့မှာ Eurovision သီချင်းပြိုင်ပွဲကျင်းပတဲ့ အထိမ်းအမှတ်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ တုန်းက Eurovision အနိုင်ရခဲ့တဲ့ ABBA အဖွဲ့နဲ့ပတ်သက်တဲ့ ပြခန်းတခု ပြသခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်