ထိုင်းနိုင်ငံရောက် မြန်မာဗုဒ္ဓဘာသာဝင်တွေဟာ အလှူဒါနနဲ့ တရားဘာဝနာပွားများမှုတွေကို ရောက်ရာအရပ်ဒေသမှာပဲ စုဝေးပူဇော်ကျင်းပကြတာမှာ ဘန်ကောက်မြို့တော်နားက ပထုံဌာနီခရိုင်မှာရှိတဲ့ ဓမ္မကာယ စေတီတော်ကြီး မြန်မာပြည်သားတွေ ဘာသာရေး အခမ်းအနားတွေ ကျင်းပတတ်ကြတာပါ။ မညိုညိုလွင် တင်ဆက်ပေးထားပါတယ်။
လူတချို့မှာ လွတ်လပ်ခွင့်မရှိဘူးဆိုရင် အားလုံးမှာလည်း လွတ်လပ်ခွင့်မရှိပါဘူး-ဆိုတာနဲ့ မြန်မာနဲ့ဂါဇာအရေး မေ့မထားကြဖို့၊ မြန်မာနဲ့ဂါဇာကသူတွေနဲ့အတူ တလုံးတဝနဲ့ သွေးစည်းညီညွတ်စွာရှိနေပါတယ်ဆိုတဲ့ ဆောင်ပုဒ်တွေကိုင်ဆောင်ပြီး ဘန်ကောက်မြို့မှာ ကျင်းပတဲ့ LGBTQ တွေရဲ့ အလှပြ ချီတက်လမ်းလျှောက်ပွဲကျင်းပခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ရက်ရှည် မိုးသည်းသည်းထန်ထန်ရွာသွန်းတာကြောင့် ဖျားနာမှုတွေဖြစ်ပြီး အသက်သေဆုံးမှုတွေပါ ရှိလာပါတယ်၊ ဒါကြောင့် ကျန်းမာရေးဆိုင်ရာဌာနတွေနဲ့ တာဝန်ရှိသူတွေကလည်း သတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်၊ ဒီအကြောင်းအပြည့်အစုံကို မညိုညိုလွင် ဘန်ကောက်ကနေ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာဘို့ အဘက်ဘက်က လုပ်ဆောင်သွားမယ်လို့ မြန်မာစစ်ကောင်စီ၀န်ကြီးချုပ်က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားမှာ ပြောဆိုလိုက်ချိန်မှာပဲ မြန်မာပြည်ရဲ့ ခရီးသွားလုပ်ငန်းတွေဟာ အခက်ခဲဆုံးကာလတွေမှာ ရောက်နေရတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ လာပြီး စီးပွားရေး လုပ်ကိုင်ကြတဲ့ မြန်မာတွေအပါအ၀င် နိုင်ငံခြားသားတွေဟာ သတ်မှတ်ထားတဲ့ ဥပဒေတွေအတိုင်း သူတို့ရဲ့ လုပ်ငန်းတွေ ကုမ္ပဏီတွေ မှတ်ပုံတင်တာမှာ ထိုင်းနိုင်ငံသားတွေရဲ့ အမည်ခံရတာ အစုရှယ်ရာ ၀င်ခိုင်းထားရတာတွေရှိပါတယ်၊၊ အပြည့်အစုံကို မညိုညိုလွင်က ပြောပြထားပါတယ်ရှင်။
ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေရဲ့လစာ ၂၅ ရာနှုန်းကို ပြည်တွင်းဘဏ်တွေကနေ မိသားစုတွေဆီ ပြန်လွှဲခိုင်းတာဟာ တရားမျှတတဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ထိုင်းမှာ အလုပ်လုပ်နေကြတဲ့ MOU အလုပ်သမားတွေက ပြောဆိုလိုက်ပါတယ်၊ ဒီအကြောင်း သတင်းဆောင်းပါးကို မညိုညိုလွင် ဘန်ကောက်ကနေတင်ပြပေးထားပါတယ်
ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်၊ စိုက်ပျိုးမွေးမြူရေး၊ ဝန်ဆောင်မှု၊ စတဲ့ လုပ်ငန်းမျိုးစုံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တွေ့နိုင်ပါတယ်။ သူတို့မရှိရင် ထိုင်းမှာ လုပ်သား လစ်ဟင်းမှု ကြီးကြီးမားမား ဖြစ်နိုင်တာပါ။ မညိုညိုလွင် နေရာပေါင်းစုံ၊အကြောင်းစုံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံက လူငယ်တချို့ဟာ ဘ၀ရပ်တည်မှုအတွက် ကိုယ်လုပ်ချင်တဲ့ ၀ါသနာတွေကို စွန့်လွှတ်လိုက်ကြရတဲ့ထဲမှာ ဘောလုံးကို ချစ်တဲ့ လူငယ်တဦးကတော့ ထိုင်းနိုင်ငံမှာ အဆင်ပြေတဲ့ အလုပ်လုပ်ဖို့ ဘောလုံးနေရာမှာ ဒူးရင်းသီးနဲ့ အစားထိုးလိုက်ရပါတယ်။ မညိုညိုလွင်ရဲ့ နေရာပေါင်းစုံ၊အကြောင်းစုံအစီအစဉ်မှာ ရှုစားနိုင်ပါတယ်။
ကျပ်ငွေ တန်ဘိုး ကျဆင်းနေမှုတွေကြောင့် နဲ့ လမ်းခရီး ပျက်စီး မှုတွေကြောင့် ထိုင်း မြန်မာ တပိုင်တနိုင်ကုန်သွယ်ရောင်းဝယ်မှု လုပ်နေသူတွေနဲ့ ကုန်းလမ်းကနေ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတွေကြား အဆင်မပြေမှု အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။ ဒီအကြောင်း မညိုညိုလွင် ဘန်ကောက်ကနေ သတင်းပေးပို့ထားပါတယ် ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်းကပိမြို့နယ်မှာ (၂၄) နာရီ ဖွင့်ဈေးကြီးထဲ အလုပ်လုပ်နေကြသူ အများစုက မြန်မာပြည်သားတွေပါ။ စားဝတ်နေရေးအပါအဝင် အခြေအနေ အရပ်ရပ်ကြောင့် သူတို့တွေ မွေးရပ်မြေ မြန်မာပြည်ကို မပြန်နိုင်ကြပါဘူး။ မညိုညိုလွင်နေရာပေါင်းစုံ၊ အကြောင်းစုံ အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံသားမှတ်ပုံတင် ၅/ တို့ ၈/ တို့နဲ့ စတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေက ပြည်သူတွေ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလွန်းလို့ အခွင့်သာရင် တိုင်းပြည်ပြင်ပထွက်ပြီး လုပ်ကိုင်ရှာဖွေကြရတာတွေ ရှိပါတယ်။ မညိုညိုလွင်ရဲ့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်မှာ တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ မဲဆွယ်နေကြပေမဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုမှုတွေ မရှိပါဘူး။ ဒါပေမဲ့လည်း မြန်မာ့အရေးကို လစ်လျူမရှုပဲ အကောင်းဆုံး လုပ်ဆောင်ပေးကြလိမ့်မယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတွေမျှော်လင့်နေကြပါတယ်၊ မညိုညိုလွင် သတင်းပေးပို့ထားပါတယ်
ထိုင်းနိုင်ငံသားတွေပဲ လုပ်ဖို့ သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်လာကြပြီး အရေအတွက်တွေ မြင့်တက်လာတာကို တာဝန်ရှိသူတွေ အနေနဲ့ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ ထိုင်းအလုပ်သမားရေးဌာန ဝန်ကြီး ဆူချပ်ချုံကလင်းက ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ ခရိုင် ၇၇ ခုထဲမှာရှိတဲ့ မြို့တွေထဲမှာ မဟာချိုင်မြို့က မြန်မာပြည်သား ရွှေ့ပြောင်း အလုပ်သမားတွေ အများဆုံး အလုပ်လုပ်ကိုင် နေထိုင်ကြတဲ့ မြို့ဖြစ်ပါတယ်။ မဟာချိုင်မှာ နေထိုင်ကြတဲ့ မြန်မာပြည်သားတွေအကြောင်းကို မညိုညိုလွင်ရဲ့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
ထိုင်းနိုင်ငံမှာပါ အင်္ကျီ ၊ ဦးထုတ်၊ ဖိနပ်စတဲ့ ဒီဇိုင်နာသင်တန်းတွေပေးနေပြီး လက်ရှိမှာ မြန်မာပြည်က တိမ်းရှောင်လာကြတဲ့ စီဒီအမ် ဝန်ထမ်းတွေကိုပါ အသက်မွေးဝမ်းကျောင်း အတတ်ပညာ အလှူဒါန ပြုပေးနေတဲ့ ဒီဇိုင်နာသင်တန်းကျောင်းလေးအကြောင်း မညိုညိုလွင်ရဲ့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ခရစ္စမတ်ပွဲတော်၊ ကမ္ဘာ့နေရာဒေသစုံမှာ ကျင်းပကြတဲ့ ဒီပွဲတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာလည်း ကျင်းပကြတာပါ။ အဲဒီက မြန်မာနိုင်ငံသားတွေ ဘယ်လို ပါဝင်ဆင်နွှဲသလဲဆိုတာ မညိုညိုလွင်ရဲ့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်
ထိုင်းနိုင်ငံမှာ အခုလက်ရှိ အမှိုက်ကောက်ရောင်းစားပြီး အသက်မွေးဝမ်းကြောင်းမှု ပြုနေသူတဦးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက မြန်မာနိုင်ငံကနေ ထွက်လာခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ဘဝ ရပ်တည်နေထိုင်ပုံနဲ့ ပတ်သက်ပြီး မညိုညိုလွင်ရဲ့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဘဝတခုလုံး ပြောင်းလဲသွားသူတွေထဲမှာ မြန်မာနိုင်ငံက အစိုးရဝန်ထမ်းတချို့လည်း ပါပါတယ်။ တိုင်းတပါးကို ရောက်နေပြီး ဘဝတွေဆက်ရှင်သန်နိုင်ဖို့ ကိုယ့်ရည်မှန်းချက်ယုံကြည်မှုတွေ ပြည့်ဝလာစေဖို့ ကြိုးစားနေကြရတဲ့သူတွေအကြောင်း မညိုညိုလွင် တင်ဆက်ထားပါတယ်။
မြန်မာအစားအသောက်လွမ်းနေကြပြီး စားချင်နေကြတဲ့ မြန်မာပြည်ရဲ့အဝေးမှာရောက်နေကြသူတွေအတွက် ဘန်ကောက်မြို့လည်မှာရှိတဲ့ မြန်မာစားသောက်ဆိုင်လေးအကြောင်းကို မညိုညိုလွင်က ဘန်ကောက်မြို့ကနေ ရိုက်ကူးတင်ပြပေးထားပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို သေဒဏ်ကွပ်မျက်လိုက်တဲ့အတွက် စစ်ကောင်စီကိုရှုတ်ချတဲ့တချိန်တည်းမှာ အိမ်နီချင်းထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ ပြတ်ပြတ်သား ရပ်တည်ပြီး စစ်ကောင်စီကို ထောက်ခံမှုမပေးဖို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေကတောင်းဆိုပါတယ်။ မညိုညိုလွင် ဘန်ကောက်ကနေသတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်