မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နိုင်ငံခြားသူ အမျိုးသမီးတဦး ဇီကာရောဂါ ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပြီး နောက်တနေ့မှာပဲ ဗိုင်းရပ်စ်ပိုး ကူးစက်မှု မခံရအောင် သတိထားဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံနှိုးဆော်လိုက်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသမှာ နယ်ခြားစောင့်ကင်းစခန်းတွေကို တိုက်ခိုက်ခံခဲ့ရပြီးနောက်၊ လုံခြုံရေး အာဏာပိုင်တွေရဲ့ ကန့်သတ်မှုတွေကြောင့် လူသားချင်းစာနာမှု အကူအညီတွေ မပေးနိုင်ပဲဖြစ်နေရတဲ့ အခြေအနေတွေကို အဆုံးသတ်ဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ကြပါတယ်။
“သေဆုံးကတော့ ကျနော်တို့ စစ်ကိုင်းတိုင်းဘက်မှာတော့ ၄၅ လို့ပြောတယ်။ ဟိုဘက်မှာတော့ ၅ လောင်းလို့ ကြားတယ်။ အဲဒါပေါင်းလိုက်ရင်တော့ ၅၀ လောက်ဖြစ်မှာပေါ့။ တိုးလာနိုင်တယ်ဗျ။"
ရန်ကုန်မြို့က အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူ မိန်းကလေး ၂ ဦး ညှင်းပမ်းနှိပ်စက်ခံရမှုကို လိုက်ပါဆောင်ရွက်ရာမှာ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦးကို နိုင်ငံတော်သမ္မတရုံးကနှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။