သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝဂေဟစနစ်တွေ အဆိုးဆုံးပျက်စီးယိုယွင်းလာနေတဲ့နိုင်ငံတခုအဖြစ် သတ်မှတ်ခံထားရပြီး ပြင်းထန်တဲ့သဘာဝဘေးတွေနဲ့ပါ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အသင်းအဖွဲ့ဥပဒေသစ်ကြောင့် သဘာဝပတ်ဝန်းကျင်ရေးလှုပ်ရှားမှုတွေပျောက်ကွယ်ကုန်ပါပြီ။ ဥတုရာသီနဲ့အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တွေ့ဆုံ၊ အမေရိကန်က မြန်မာအတွက် ဒေါ်လာ သန်း ၅၀ ထပ်ပြီး အကူအညီထပ်ပေးမှာ ဖြစ်ကြောင်း ကြေညာ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျကာတာ မြေအောက်ထဲ ကျွံဆင်းလာနေတာကြောင့် တည်ငြိမ်တဲ့ မြေပြင်ရှိရာ နိုင်ငံအရှေ့ပိုင်းက ဘော်နီယိုကျွန်းဆီပြောင်းရွှေ့ဖို့ဆောင်ရွက်နေပါပြီ။ဒါဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံးအမြဲစိမ်းသစ်တောထဲက ဇီဝဂေဟစနစ်ကောင်းတွေထိခိုက်ပျက်စီးမယ့်လက္ခဏာဖြစ်တယ်လို့ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။
မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွေကို တိုးပြီး ထောက်ပံ့ပေးတာအပါအဝင် ဒီမိုကရေစီစနစ် ထွန်းကားတဲ့နိုင်ငံဖြစ်လာဖို့ နည်းလမ်း ၃ သွယ်နဲ့ ဆောင်ရွက်ကြောင်းပြော၊ Chevron စွမ်းအင်ကုမ္ပဏီ ရတနာဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံမှု ရောင်းချ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အီဂျစ်နိုင်ငံသားတွေ ကိုယ့်မြေမှာ သမိုင်းကြောင်းတွေကို လေ့လာရင်း စိတ်ကျန်းမာရေးအတွက် လာရောက်နိုင်မယ့် တရားစခန်းတခုကို သမိုင်းဝင် ဂီဇာ ပိရမစ်ကြီးနားမှာ ဖွင့်ထားပါတယ်။ ရိုက်တာ သတင်းဆောင်းပါးတပုဒ်ကို နန်းလော်ဝ်က တင်ဆက်ထားပါတယ်။
လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးရည်ရွယ်ချက်နဲ့ ချင်း၊ ကယား၊ မွန်နဲ့ ကရင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတို့မှာရှိတဲ့ မြို့ နယ်ပေါင်း ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်ကို ဖေဖော်ဝါရီလ ၂ ရက်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၂ ဟာကိုဗစ်ကပ်ရောဂါ၊ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်၊ဥတုရာသီဖောက်ပြန်မှုတွေကြောင့်ကမ္ဘာတဝန်း ဆုံးရှုံးနစ်နာမှုတွေ ကြီးကြီးမားမားပေါ်ပေါက်ခဲ့တဲ့နှစ်ဖြစ်သလို ဥတုရာသီအရေးကောင်းမွန်တဲ့မူဝါဒနဲ့ သဘောတူညီမှုတွေ ရခဲ့တဲ့နှစ်တခုလည်းဖြစ်ပါတယ်။ ဒါတွေအားလုံးအကောင်းဖက်ဦးတည်သွားမလားဆိုတာ ပညာရှင်တွေစောင့်ကြည့်နေပါတယ်။
စစ်အာဏာသိမ်း ၂ နှစ်ပြည့် စစ်ကောင်စီ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ထပ်ချ၊ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် တိုင်းပြည် မတည်ငြိမ်မှု ပိုဆိုးမယ်လို့ ကန် သတိပေး၊ အာဏာသိမ်း ၂ နှစ်အတွင်း မြန်မာနိုင်ငံ အကျင့်ပျက်ခြစားမှု ကမ္ဘာ့အနိမ့်ဆုံးထဲရောက်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ် တင်ပြထားပါတယ်။
အမေရိကန်အာကာသသိပ္ပံအေဂျင်စီ NASA ဥတုရာသီဆိုင်ရာသိပ္ပံပညာရှင်တဦးက၂၀၂၂ ခုနှစ်ထက် ဒီနှစ်ထဲ အပူချိန်ပိုမြင့်တက်လာမယ်လို့ခန့်မှန်းပါတယ်။ ဥတုရာသီဖောက်ပြန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ နှစ်စဉ်တိုးလာပြီး သဘာဝဘေးဒဏ်နဲ့ ကြုံရမယ့်လူတွေလည်းပိုများလာပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဉ်မှာနန်းလောင်ဝ်တင်ပြထားပါတယ်။
မြန်မာမှာ အာဏာသိမ်း ၂ နှစ်ပြည့် တိုင်းပြည်အခြေအနေ မယုံနိုင်လောက်အောင်ဆိုး၊ ငွေကြေး အကြပ်အတည်း ဘိန်းစိုက်ပျိုးမှု အများကြီးမြင့်တက်၊ ထိုင်းဘက်ပြေးလာတဲ့ ဒုက္ခသည်တွေ ထိုင်းကူညီဖို့ အာဆီယံလူ့အခွင့်အရေးအဖွဲဲ့ တိုက်တွန်း၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
တရုတ်ဘက်ကအဝယ်များတာ၊ ပြည်တွင်းကုန်ကြမ်းလိုအပ်ချက်၊ စပါးထွက်နှုန်းကျဆင်းနိုင်ခြေခန့်မှန်းချက်တွေကြောင့် ဆန်နဲ့စပါးကို ဈေးကွက်ထဲမှာရသလောက်အလုအယက်ဝယ်ယူနေကြတာတွေကြောင်း စပါးဈေး တင်းတရာကို ၁၆ သိန်းနှုန်းအထိ မကြုံစဖူးဈေးတက်နေပါတယ်။
သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက တောင်ငူထောင်ကို ရွှေ့ပြောင်းလိုက်ပါတယ်။ ဒီလကုန် ကာလုံအစည်းအဝေးခေါ်ပြီးရင် ရွေးကောက်ပွဲကျင်းပဖို့အစီအစဉ်တွေထုတ်ပြန်မယ်လို့ စစ်ကောင်စီ ပြောဆို၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဟိမဝန္တာတောင်တန်းတွေပေါ်က နိုင်ငံငယ်လေးတခုဖြစ်တဲ့ နီပေါလ်နိုင်ငံက လေယာဉ်မှူးဇနီးမောင်နှံနှစ်ယောက်ဟာ ၂၆ နှစ်ခြားပြီး သီးခြား လေယာဉ်ပျက်ကျမှုတွေမှာ သေဆုံးခဲ့ကြပါတယ်။။
မူးယစ်မှုနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းခံထားရတဲ့ ဒေါက်တာ ထွန်းမင်းလတ်ဆီမှာ စစ်ကောင်စီအကြီးအကဲ မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ တွေ့၊ ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံတဝန်း လူဦးရေစာရင်းတွေကောက်ယူ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်ကောင်စီအုပ်ချုပ်မှုကာလ တရားဥပဒေစိုးမိုးရေး အလျော့ပါးဆုံး အခြေအနေရောက်ကြောင်း ရှေ့နေများအဖွဲ့ပြောကြား၊ မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာ ယာယီရပ်ဆိုင်း၊ လွတ်လပ်ရေးနေ့ ထောင်က လွတ်သူတွေထဲ သတင်းထောက်တချို့ပါ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၇ နှစ် ထောင်ဒဏ်တိုး၊ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ ဆွေးနွေး၊ ၂၀၂၂ စစ်ကောင်စီလက်ချက်နဲ့ ကလေးငယ် ၁၆၅ ဦး မက သေဆုံးလို့ NUG ထုတ်ပြန်၊ ဒီလို တပတ်အတွင်း ထိပ်တန်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ကမ္ဘာတဝန်း ဥတုရာသီပြောင်းလဲဖောက်ပြန်မှုအမျိုးမျိုးနဲ့ရင်ဆိုင်နေရချိန်မှာ ထိခိုက်ပျက်စီးမှုတွေတိုးလာတာလည်းရှိသလိုတိုးတက်ပြောင်းလဲလာ တာတွေလည်းရှိပါတယ်။ဇီဝဂေဟစနစ်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ဦးဆောင်မှုနဲ့ရော နိုင်ငံတခုချင်းစီအလိုက် ဆောင်ရွက်နေတာတွေကိုပါနန်းလောင်ဝ်က စုစည်းတင်ပြထားပါတယ်။
နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကုလလုံခြုံရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ချ၊ မြန်မာစစ်တပ် ကန့်သတ်ပိတ်ပင်တဲ့ကြားက ဒေါ်လာသန်းနဲ့ချီတဲ့ ပြည်သူဆီက အလှုငွေတွေ တော်လှန်ရေးအင်အားစုတွေလက်ထဲ ဝင်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ်က စုစည်း တင်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီရေးထောက်ပံ့မှုတွေပါတဲ့ ကန်ဥပဒေမူကြမ်း NDAA အထက်လွှတ်တော်အတည်ပြု၊ စစ်ကောင်စီဝန်ကြီးများနဲ့ စီးပွားရေးလုပ်ငန်းရှင်များကို ကနေဒါအစိုးရ ထပ်တိုးဒဏ်ခတ်၊ NLD လက်ထပ် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ် ထောင် နှစ် ၂၀ ချ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ပလတ်စတစ်အမှိုက်တိုက်ဖျက်ရေး မဖြစ်မနေလိုက်နာရမယ့် ပြဌာန်းချက်တခု ချမှတ်နိုင်အောင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုးပမ်းနေကြပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး မဖြစ်မနေလိုက်နာရမယ့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးသဘောတူညီချက်မှာ ပလတ်စတစ်သံသရာတခုလုံး လိုက်နာရမယ့်စည်းကမ်းချက်တွေပါဝင်မှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်