၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲဟာ အကြီးဆုံး ကမ္ဘာဖလားဘောလုံးပြိုင်ပွဲ ဖြစ်မယ်လို့ အမေရိကန်သမ္မတထရမ့်က ပြောလိုက်ပါတယ်။ ၂၀၃၀ ကမ္ဘာ့ဖလားမှာတော့ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို တိုးချဲ့သွားဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စဉ်းစားနေပါတယ်။ ဒီလိုတပတ်အတွင်းအားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
တရုတ်နိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွက် စီးပွားရေး ၅% တိုးတက်ဖို့ မျှော်မှန်းထားတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ အမေရိကန်နဲ့ကုန်သွယ်ရေး တင်းမာမှုတိုးလာနေတာအပါအဝင် စီးပွားရေးအရစိန်ခေါ်မှုတွေ မြင့်တက်လာနေချိန်မှာပဲ အခုလိုရည်မှန်းထားတာဖြစ်ပါတယ်။
ကမ္ဘာကျော်ဘောလုံးသမား မက်ဆီက သူ့ရဲ့ကစားသမားဘဝမှာ အခုလိုအောင်မြင်မှုတွေ ရလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူးလို့ ပြောလိုက်ပါတယ်။ နီပေါနိုင်ငံမှာကျင်းပတဲ့ ၄ နိုင်ငံ ဖိတ်ခေါ်ဘောလုံးပွဲမှာတော့ မြန်မာအမျိုးသမီးအသင်း အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။
အမေရိကန်အစိုးရက ယူကရိန်း-ရုရှားစစ်အဆုံးသတ်ဖို့ ကြားဝင်ပေးနေချိန် နေအိမ်တွေဆုံးရှုံးထားတဲ့ ယူကရိန်းပြည်သူတွေ ဘဝသစ်ပြန်စဖို့အတွက် ကူညီနေတဲ့ စီမံကိန်းလေးတခုအကြောင်း ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရိုနာလ်ဒို ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမား Jannik Sinner ကို တားမြစ်ဆေးသုံးစွဲမှုနဲ့ အရေးယူလိုက်တဲ့အပေါ် တင်းနစ်လောကသားတွေရဲ့ သဘောထားတွေက ဘယ်လိုပါလဲ။
မြန်မာ့ရိုးရာ အမွေအနှစ်တခုဖြစ်တဲ့ သနပ်ခါးကို ကမ္ဘာကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်း ICH မှာ ပါဝင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီအကြောင်း AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးပါမယ်။
မြန်မာ့သနပ်ခါးနေ့ဖြစ်တဲ့ တပို့တွဲလပြည့်နေ့မှာ မြန်မာ့ရိုးရာသနပ်ခါးကို ဂုဏ်ပြုပြီး မြန်မာ့ရိုးရာသနပ်ခါးပွဲတော်နဲ့ သနပ်ခါးသရုပ်ဖော်တဲ့ပြိုင်ပွဲကို ရန်ကုန်မြို့က အင်းလျားကန်ဘေးက စိမ်းလန်းစိုပြေပန်းခြံမှာကျင်းပခဲ့ပြီး အမျိုးသား၊ အမျိုးသမီး ရာပေါင်းများစွာ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။
အမေရိကန်အမျိုးသားဘောလုံး Super Bowl ဖိုင်နယ်မှာ Philadelphia Eagles အသင်းက အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ စပိန်နဲ့ ရီးယဲလ်မက်ဒရစ်နောက်တန်းကစားသမားဟောင်း ရားမို့စ် မက္ကဆီကိုကလပ်အသင်းနဲ့ စာချုပ်ချုပ်လိုက်ပါတယ်။ ဒီလိုသတင်းတွေနဲ့အတူ ဥရောပချန်ပီယံလိဂ်ဘက်သတင်းတွေကို ကိုရန်နိုင်စုစည်းတင်ဆက်ပေးထားပါတယ်။
အမေရိကန်က NHL ဟော်ကီချန်ပီယံ The Florida Panthers အသင်းကို သမ္မတထရမ့်က အိမ်ဖြူတော်မှာ တွေ့ဆုံပြီးတော့ ဂုဏ်ပြုခဲ့ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားနဲ့ အာဂျင်တီးနားအသင်းအနာဂတ်ကို ဘယ်လိုစဉ်းစားနေပါသလဲ။ ဒီလိုအားကစားသတင်းတွေကို ကိုရန်နိုင် စုစည်းတင်ဆက်ပေးထားပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းက တိုက်စစ်မှူး အာလင်ဟာလန်ကို စံချိန်တင် စာချုပ်ထပ်မံချုပ်ဆိုလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ဘောလုံးသမားကြီး Denis Law အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီလို အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
အင်ဒိုနီးရှားနည်းပြသစ် Patrick Kluivert က လာမယ့် ကမ္ဘာ့ဖလားအတွက် သူ့ရဲ့ ရည်မှးန်ချက်ကို ပြောလိုက်ပါတယ်။ အမေရိကန်ရဲ့ အိုလံပစ်ရေကူးချန်ပီယံဟောင်းတဦး LA တောမီးလောင်ကျွမ်းမှုအတွင်း သူ့ရဲ့ဆုတံဆိပ်တွေကို ထားပြီးထွက်ပြေးခဲ့ရပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ကမ္ဘာကျော်ဘောလုံးသမားမက်ဆီနဲ့ အမေရိကန်က နာမည်ကြီး ဘတ်စကတ်ဘောကစားသမားဟောင်း မက်ဂျစ်ဂျွန်ဆင်တို့ အမေရိကန်နိုင်ငံမှာ အရပ်သားတွေကိုပေးတဲ့ အဆင့်အမြင့်ဆုံးဆုကို ရရှိခဲ့ကြပါတယ်။ ပြင်သစ်နည်းပြက လာမယ့် ကမ္ဘာ့ဖလားအပြီးမှာ နည်းပြအဖြစ်ကနေ ထွက်တော့မယ်လို့ကြေညာလိုက်ပါတယ်။ စတဲ့ တပတ်အတွင်းအားကစားသတင်းများ
၂၀၂၄ ခုနှစ် မကြာခင်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာမှာ ကျင်းပခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲ ၊ ယူရို ၂၀၂၄ ဥရောပဖလား ပြိုင်ပွဲအပါအဝင် ကမ္ဘာတဝန်းက စိတ်ဝင်စားစရာ အားကစားသတင်းတွေကို ကိုရန်နိုင်က ပြန်လည်စုစည်းတင်ဆက်ပေးထားပါတယ်။
ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးဟာ ဒီနှစ်ဘောလုံးရာသီမှာ ရုန်းကန်နေရပြီး မြို့ခံပြိုင်ဘက် မန်ယူအသင်းကို ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ရှုံးသွားခဲ့ပါတယ်။ မန်စီးတီးအသင်း ဒီနှစ်မှာ ဘယ်လိုကြောင့် အခုလို ရုန်းကန်နေရပြီး အသင်းရဲ့ အဓိကပြဿနာတွေက ဘာတွေပါလဲ။ ဒီတပတ်အားကစားကဏ္ဍမှာ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
အမေရိကန် မေဂျာလိဂ်ဖလားဘောလုံးပွဲမှာတော့ LA Galaxy အသင်း ဗိုလ်စွဲပြီး ၆ ကြိမ်မြောက် ချန်ပီယံဖြစ်သွားပါတယ်။ AFF အာဆီယံ မစ်ဆူဘီရှီဖလားဘောလုံးပွဲတွေကို တနင်္လာနေ့က စတင်လိုက်ပြီး မြန်မာအသင်း ပွဲဦးထွက် အိမ်ကွင်းမှာ ရှုံးသွားခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ဘရာဇီးက ဘိုတာဖိုဂိုဘောလုံးအသင်းဟာ တောင်အမေရိကတိုက်ရဲ့ လီဘာတာဒိုဖလားဘောလုံးပွဲကို ပထမဆုံးအကြိမ် ဗိုလ်စွဲသွားပါတယ်။ ၂၀၂၄ ခုနှစ်အတွက် တနှစ်တာ ကမ္ဘာ့အကောင်းဆုံး ပြေးခုန်ပစ် အားကစားသမားဆုပေးပွဲကို မိုနာကိုမြို့မှာ ချီးမြှင့်ခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင် စုစည်းတင်ဆက်ပေးထားပါတယ်။
Davis ဖလား တင်းနစ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံအီတလီက နယ်သာလန်ကို အနိုင်ရပြီး ၂ နှစ် ဆက်တိုက် ဗိုလ်စွဲသွားပါတယ်။ အင်တာမိုင်ယာမီအသင်းက တာတာမာတီနိုကို နည်းပြအဖြစ်က ထုတ်ပယ်ပြီး အာဂျင်တီးနားကွင်းလယ်ကစားသမားဟောင်းကို နည်းပြအဖြစ်ခန့်လိုက်ပါတယ်။ ဒီလိုတပတ်အတွင်းအားကစားသတင်းတွေကို ကိုရန်နိုင် တင်ဆက်ပေးမှာပါ။
အီတလီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ATP တင်းနစ်ပြိုင်ပွဲမှာတော့ ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမား Jannik Sinner က အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ် တော့တင်ဟမ်ဟော့စပါးအသင်းမှာ ကစားနေတဲ့ ဥရုဂွေးလက်ရွေးစင် Rodigo Bentancur ကို ပရီမီးယားလိဂ်ပြိုင်ပွဲ ၇ ပွဲ ပိတ်ပင်လိုက်ပါတယ်။
ကမ္ဘာကျော် ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း Mike Tyson ဟာ အသက် ၆၀ ပြည့်ခါနီးမှ လက်ဝှေ့ကြိုးဝိုင်းထဲကို တကျော့ပြန်ဝင်လာပါပြီ။ ဂရိနိုင်ငံမှာ အဖိုးအိုတဦးဟာ အသက် ၈၈ နှစ်အရွယ်မှာ မာရသွန်ပြိုင်ပွဲကို ပန်းဝင်အောင် ပြေးနိုင်ခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
Ballon d'Or ဘောလုံးထူးချွန်ဆုပေးပွဲကို ပြင်သစ်နိုင်ငံမှာကျင်းပခဲ့ပြီး အမျိုးသား အကောင်းဆုံးဘောလုံးသမားဆုကို ပြင်သစ်နဲ့မန်စီးတီးကွင်းလယ်လူ ရိုဒရီရရှိခဲ့ပါတယ်။ မန်ယူနည်းပြ အဲရစ်တန်ဟက်ခ်ကို ရာထူးကထုတ်ပယ်လိုက်ပြီး နည်းပြသစ်တရားဝင်ခန့်အပ်ဖို့ နီးစပ်နေပါပြီ။
နောက်ထပ်ကြည့်ရှုရန်