ချန်ပီယံလိဂ်ဖိုင်နယ် ပွဲကြိုခန့်မှန်းချက် အပါအဝင် ဥရောပ ဘောလုံးသတင်းတွေ၊ တောင်ကိုရီးယား တိုက်စစ်မှူး Son တနှစ်တာ အာရှအကောင်းဆုံးဘောလုံးသမားဆု ရသွားတာနဲ့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၃၁ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဘက်က အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ကမ္ဘာတဝန်းမှာ Monkeypox လို့ခေါ်တဲ့ မျောက်ကနေ ကူးစက်တဲ့ ကျောက်ရောဂါတွေ ပိုပြီးတော့ အဖြစ်များလာလိမ့်မယ်လို့ ခန့်မှန်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံက ထိပ်တန်းသတင်း ရုပ်သံလိုင်းတွေက အမျိုးသမီးသတင်း တင်ဆက်သူတွေဟာ၊ ဒီနေ့ တနင်္ဂနွေနေ့မှာတော့ သူတို့ရဲ့ မျက်နှာတွေကို ဖုံးပြီးတော့ သတင်းတင်ဆက်ခဲ့ကြပါတယ်။
၃၁ ကြိမ်မြောက် ဆီးဂိမ်း အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာတော့ မြန်မာ ယူ-၂၃ အသင်းဟာ ၂ ပွဲစလုံး အနိုင်ရထားပြီး ၊ မန်ချက်စတာစီးတီးအသင်းကတော့ ဒေါ့မန်မှာ ကစားနေတဲ့ နော်ဝေးတိုက်စစ်မှူး ဟာလန်ကို ဝယ်လိုက်ပြီဖြစ်ပါတယ်။ ဒီလို တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင် တင်ဆက်ပေးပါလိမ့်မယ်။
စပိန်နိုင်ငံမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက လာလီဂါအမှတ်ပေးချန်ပီယံဆုကို ၃၅ ကြိမ်မြောက် ဗိုလ်စွဲသွားခဲ့ပြီး၊ ရီးယဲလ်နည်းပြ အန်ချလော့တီဟာလည်း ဥရောပထိပ်တန်းအမှတ်ပေးပြိုင်ပွဲ ၅ ခု စလုံးကို ပထမဆုံး ဗိုလ်စွဲတဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
Asian Tour ဂေါက်သီးပြိုင်ပွဲကို ကမ္ဘာ့အဆင့်မှီပြိုင်ပွဲတွေဖြစ်အောင်လုပ်ဖို့ ရည်မှန်းထားပြီးမကြာခင်အချိန်အတွင်း European Tour ပြိုင်ပွဲတွေကိုမီလာနိုင်တယ်လို့ Asian Tour ပြိုင်ပွဲတွေရဲ့ အမှုဆောင် အရာရှိချုပ် ကိုချိုမင်းသန့်ကပြောပါတယ်။ ကိုရန်နိုင်ကကိုချိုမင်းသန့် နဲ့ မေးမြန်းချက်အပိုင်း ၂ တင်ဆက်ထားပါတယ်
“ဒီ မင်းတပ် မတူပီလမ်းကြားမှာ (၅) ရွာလောက်ရှိတာပေါ့နော်။ လူဦးရေက (၂,၀၀၀) ကျော် လောက် ရှိတယ်။ အဲဒီ (၂,၀၀၀) ကျော်က တောထဲတောင်ထဲ ထွက်ပြေးနေတုန်းပဲ။ စစ်ဘေးရှောင် နေရတယ် ပေါ့။ ပြီးတော့မှ မတူပီ-ပလက်ဝ လမ်း ထယ်ဟွေးရွာပါတ်ဝန်းကျင်မှာရှိတဲ့ အဲဒီမှာလဲရွာ (၅) ရွာ လောက်ရှိတာပေါ့။“ (အကူအညီပေးနေသူ)
Asia Tour ဂေါက်သီးပြိုင်ပွဲတွေဟာ Asia Tour လို့ နာမည်ပေးထားပေမဲ့ နိုင်ငံတကာက ဂေါက်ဖ် အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံတကာပြိုင်ပွဲတွေ ဖြစ်လာနေပြီလို့ ဂေါက်သီးပြိုင်ပွဲ ကော်မရှင်နာနဲ့ အမှုဆောင်အရာရှိချုပ် ဦးချိုမင်းသန့်က ပြောပါတယ်၊ ကိုရန်နိုင် မေးမြန်းထားတဲ့ ပထမပိုင်းကိုရှု့စားနိုင်ပါတယ်။
“ရေပက်တဲ့သူတွေ သိပ်မတွေ့ဘူးပေါ့လေ။ ဒီအစိုးရကလုပ်တဲ့ မဏ္ဍပ်တွေမှာလောက်ပဲ လူတွေ နည်းနည်းပါးပါးရှိတာ တွေ့ရတယ်။ သာမန်လူထုတွေကျတော့ ရေကစားတာ သိပ်မတွေ့ရဘူးပေါ့လေ။”(မင်းအောင်ထူး- မွန်ညီညွတ်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
ဒီတပတ် အားကစား အစီအစဉ်မှာတော့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ The Masters ဂေါက်သီးရိုက်ပြိုင်ပွဲ အကြောင်းသတင်းတွေနဲ့ Premier League ဘောလုံးပြိုင်ပွဲ သတင်းတွေအကြောင်းတွေကို ကိုရန်နိုင် စုစည်း တင်ပြထားပါတယ်။
၂၀၂၁ ခုနှစ်ကစလို့ မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ တဖြည်းဖြည်း ပိုပြီးများလာတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။ လစာမပေးဘဲ စက်ရုံပိတ်သွားတာမျိုးအပြင် အခြေခံလုပ်ခလစာတောင်မှ အပြည့်အဝမပေးချင်တဲ့ လုပ်ငန်းတွေ စက်မှုဇုံတွေမှာ ပိုများလာပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့မှာ မဲနှိုက်ခဲ့ကြပါတယ်။ ဥရောပက ဂျာမနီ နဲ့ စပိန်အသင်းတို့ တအုပ်စုတည်းကျပြီး ကမ္ဘာ့ဖလားပွဲစဉ်တွေဘက်က အခြေအနေတွေကို ဒီတပတ်မှာ ကိုရန်နိုင်က တင်ပြထားပါတယ်။
“စွပ်စွဲခံရတဲ့ ဒေါ်မြင့်မြင့်ဖြိုးကျော်၊ ဒေါ်တင်စန္ဒာဝင်း၊ နောက်ပြီးတော့ ဒေါ်စန်းချိုသိုက်တို့ကို အဲဒီစွဲဆိုထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) အရ အပြစ်ရှိတယ်လို့ ကောက်ယူပြီးတော့ သူက ထောက်ဒဏ် ၁၀ နှစ် ကျခံစေရန်အမိန့်ချပါတယ်။”( ဦးထွန်းဝင်းမောင်- တရားလွှတ်တော်ရှေ့နေ)
အခုတပတ် အားကစားကဏ္ဍမှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံး ခြေစစ်ပွဲ တွေဘက်ကအခြေအနေတွေ၊ ဘရာဇီးအသင်းရဲ့ အလားအလာနဲ့ နယ်သာလန်နည်းပြက ကာတာကမ္ဘာ့ဖလားပွဲနဲပတ်သက်ပြီး ဝေဖန်လိုက်တာတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ်အတွင်း သတင်းသမားတွေထဲမှာ ၄ ယောက် သေဆုံးပြီး၊ အတော်များများ ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ၊ သတင်းမီဒီယာတွေရဲ့ ဘေးကင်းလုံခြုံရေးကို ပံ့ပိုးကူညီဖို့ နိုင်ငံအဖွဲ့တွေက ကြိုးပမ်းလာနေကြပါတယ်။ VOA သတင်းထောက် Sirwan Kajjo သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ်အတွင်း သတင်းသမားတွေထဲမှာ ၄ ယောက် သေဆုံးပြီး အတော်များများ ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် သတင်းမီဒီယာတွေရဲ့ ဘေးကင်းလုံခြုံရေးကို ပံ့ပိုးကူညီဖို့ နိုင်ငံစုံအဖွဲ့တွေက ကြိုးပမ်းလာနေကြပါတယ်။
“ULA/AA သြဇာသက်ရောက်မှုနည်းတဲ့ တောင်ကုတ်၊ ရမ်းဗြဲ ကျောက်ဖြူတို့ပေါ့၊ အဲဒီနေရာမှာ ULA အုပ်ချုပ်ရေး တရားစီရင်ရေးတွေတော့ ရှိတယ်၊ ဒါပေမယ့် စစ်ရေးအားဖြင့် ပိုပိုသာသာ ဒီဘက်က မရှိသေးတဲ့အခါ အဲဒီကရွာတွေကို စစ်ကောင်စီဘက်က သူတို့ရဲ့သြဇာအာဏာ လွှမ်းခြုံနိုင် ရေးအတွက်ပေါ့....(ဦးဖေသန်း၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
ဒီတပတ်အားကစားကဏ္ဍမှာတော့ ဥရောပတလွှားက ဘောလုံးသတင်းတွေ နဲ့ Indian Wells Open တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံသစ်ထွက်လာတဲ့အကြောင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်
မြန်မာနိုင်ငံမှာ အသက် ၁၆ နှစ်အထက် အကျုံးဝင်သူတွေအနေနဲ့ လာမယ့် ဧပြီလ ၁ ရက်နေ့က စပြီးတော့ ခရီးသွားလာတာနဲ့ တည်းခိုနေထိုင်တာမှာ နိုင်ငံသားစိစစ်ရေးကတ် ပြရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကြောင့် ပြည်သူတွေ အခက်ကြုံနိုင်တယ်လို့ ဝေဖန်တာတွေ ရှိပါတယ်။
ရခိုင်ပြည်နယ်မှာ ဒီနေ့ မတ်လ ၁၈ ရက်နေ့ကစပြီး တနေ့ကိုလျှပ်စစ်မီး ၃ ကြိမ် ဖြတ်တောက်မှာဖြစ်ပြီး တကြိမ်ဖြတ်ရင် အနည်းဆုံးအချိန် ၂ နာရီ ကြာနိုင်တယ်လို့ ရခိုင်ပြည်နယ် လျှပ်စစ်ဖြန့်ဖြူးရေးဌာနက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်