အမေရိကန်တက္ကသိုလ်တွေကို နှစ်စဉ် နိုင်ငံတကာကျောင်းသား ထောင်ချီ လာရောက် တက်ကြပါတယ်။ ဝါရှင်တန် မြို့တော်တဝိုက်က တက္ကသိုလ်တွေကို ရောက်လာခါစ ကျောင်းသား ၄ ဦးနဲ့ တွေ့ဆုံပြီး ဗွီအိုအေ သတင်းထောက် Laurel Bowman က သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက် ပြောပြမှာပါ။
"၅၀ ကျော် ဝန်းကျင်က ၁၈ နှစ်အောက် ကလေးတွေ ဖြစ်ပါတယ်။ အခုနောက်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခြင်းခံရတဲ့ နေရာတွေကြည့်လိုက်တော့ ရွာတွေ၊ IDP Camps တွေ၊ ဆေးရုံ ဆေးပေးခန်းတွေ၊ ကျောင်းတွေ ပိုပြီးတော့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံရတာပေါ့နော်။" (ကိုဗညား- ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ)
ဥရောပသမဂ္ဂက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ကြိုးစားနေတဲ့အတွက် ဥရောပမှာ လာမယ့်နှစ်တွေအတွင်း ဘက်ထရီတွေနဲ့ လောင်စာဆဲလ်တွေ အကြီးအကျယ် လိုအပ်လာဖို့ ရှိနေပြီး ဒီပစ္စည်းတွေအတွက် ဥရောပဟာ တရုတ်ကို မှီခိုရမယ့် အန္တရာယ် ရှိလာကြောင်း ရိုက်တာသတင်းအေဂျင်စီက ရရှိထားတဲ့ ဥရောပသမဂ္ဂရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံရဲ့ ကျောက်မျက်ရတနာလုပ်ငန်း ကဏ္ဍမှာ မြန်မာနိုင်ငံသားတွေ အတွက် စီးပွါးရေး အခွင့်အလမ်း အလားအလာတွေနဲ့ ပတ်သက်ပြီး Great Burma International Thailand ကုမ္ပဏီရဲ့ ဒါရိုက်တာ မစုမွန်တိုးကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ တင်ပြထားပါတယ်။
“မောင်တောဘက်မှာ ဒီလိုမျိုး ကားတွေမီးရှို့လိုက်၊ ပြန်ပေးဆွဲလိုက်လုပ်နေတဲ့ ဟာတွေကို တွေ့ရတဲ့အခါကျတော့ ARSA ရဲ့ သွားလာလှုပ်ရှားမှုတွေ မြင်တဲ့အခါကျတော့ လူတွေက တဘက် မြန်မာ့တပ်မတော်ကလည်း စစ်ကြောင်းတွေထွက်လာတော့ တိုက်ပွဲဖြစ်မှာတို့၊ ကြားညှပ်မှာကို စိုးရိမ်ကြတာပေါ့။” (မောင်တောဒေသခံမွတ်ဆလင်)
မြန်မာနိုင်ငံပိုင် ဘဏ် ၂ ခုကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ထိခိုက်သက်ရောက်မှု ရှိပေမဲ့ ဒီဒဏ်ခတ်ပိတ်ဆို့မှုမှာ ချွင်းချက် အရ ခွင့်ပြုထားချက်ကို အသုံးပြုပြီး နိုင်ငံခြားငွေ ရရှိရေး ကြိုးပမ်းမယ့် အကြောင်း စစ်ကောင်စီက ပြောဆိုလိုက်ပါတယ်။
“ အဓိကတော့ ဒီ Pheu Thai ပါတီက ဘာကိုပဲ ဦးတည်တာလဲ ဆိုတော့ တိုင်းပြည် စီးပါွးရေး ကျနေတယ်။ ဒါကို ဘယ်လို မြှင့်တင်မလဲ ဆိုတဲ့ ကိစ္စတွေ ပြောတယ်။ နောက်တခုက သူ့တိုင်းပြည် ကိစ္စတွေ အဓိကထားပြီး ပြောတာကြောင့် မြန်မာပြည်ကိစ္စက သိပ်တော့ စဉ်းစားနိုင်ဦးမယ်လို့မထင်ဘူး။” (ဦးအောင်သူငြိမ်း)
"အခု လမ်းပျက်ပြီးနောက်ပိုင်း ဓာတ်ဆီက ရေသန့်ဘူး တဘူးကို ၄ ထောင်နဲ့ ဝယ်နေကြရတယ်။ ၅ ထောင်စျေးအထိ ရှိတယ်။" (မတူပီဒေသခံ)
မြန်မာနိုင်ငံပိုင်ဘဏ် ၂ ခုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားပြီး သြဂုတ်လ ၅ ရက်နေ့ နောက်ဆုံးထား လိုက်နာဆောင်ရွက်ကြဖို့ သတိပေးထားပါတယ်။ အမေရိကန်ရဲ့ မြန်မာ နိုင်ငံပိုင် ဘဏ်ကြီး ၂ ခု အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ သက်ရောက်မှု အတိုင်းအတာကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းက အိမ်ယာ တချို့ကို ဖယ်ရှား ဖျက်စီးမှုတွေ ဆက်တိုက် လုပ်လာနေပါတယ်။ ဒီထဲမှာ လယ်ယာမြေပေါ်မှာ အိမ်ယာဆောက်လုပ် နေထိုင်သူတွေလည်း ပါဝင်လာပါတယ်။ ဒီသီတင်းပတ် စီးပွါးရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်ရှိနေပြီးစစ်ရေးတင်းမာနေပါတယ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တောင်ခြမ်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက် နယ်မြေရှင်းရာမှာ ကျေးရွာနေအိမ်တချို့ မီးလောင်ပျက်စီးပြီး၊ ကျေးရွာသား ၂ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီ နယ်မြေရှင်းလင်းရေးစစ်ကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီနဲ့အပြိုင် နယ်မြေစိုးမိုးရေး မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ကားလမ်းတလျှောက်မှာ ဒေသခံတော်လှန်ရေး အင်အားစုတွေက အသွားအလာယာဉ်တွေကို စစ်ဆေးရှာဖွေတာတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီလို ရှာဖွေစစ်ဆေးတာကနေ အရပ်ဝတ်နဲ့သွားလာနေတဲ့ စစ်ကောင်စီအဖွဲ့ဝင် တချို့ကို ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ကျေးရွာတွေ မီးရှို့ခံနေရတာ ၁ လနီးပါးရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရွှေ့ပြောင်းအိမ်အကူလုပ်သားတွေ အလုပ်သမားအခွင့်အရေးနဲ့ အကာအကွယ်မရတာကြောင့် အရှေ့တောင်အာရှ လုပ်သားဈေးကွက်မှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုနဲ့ အဓမ္မခိုင်းစေခံရမှုတွေကို ဦးတည်သွားစေတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီး ILO က ပြောဆိုထားပါတယ်။ ဒီသီတင်းပတ် စီးပွားရေးအစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
ရွှေ့ပြောင်းအိမ်အကူလုပ်သားတွေ အလုပ်သမားအခွင့်အရေးနဲ့ အကာအကွယ်မရတာကြောင့် အရှေ့တောင်အာရှဒေသ လုပ်သားဈေးကွက်မှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုနဲ့ အဓမ္မ ခိုင်းစေခံရမှုတွေကို ဦးတည်သွားစေတယ်လို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး ILO က ပြောဆိုထားပါတယ်။
ထိုင်းအစိုးရ စီစဉ်တဲ့ ဝန်ကြီးအဆင့် မြန်မာ့အရေးအလွတ် သဘောဆွေးနွေးပွဲ ကတော့ ရလဒ်အဖြေတစုံတရာမရှိပြီး ပြီးသွားခဲ့ပါတယ်။
နိုင်ငံတကာ ကုန်သွယ်ရေးမှာ အဓိက သုံးငွေ အမေရိကန် ဒေါ်လာ အပြင် တခြားသော ငွေကြေးတွေ အသုံးပြု ကုန်သွယ်ရေးကနေ ငွေကြေးလွှဲပြောင်းမှု ပိုပြီး လွယ်ကူလာစေမလား ဆိုပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေက မျှော်လင့်ကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အတွင်း Ice လို့ခေါ်တဲ့ crystal meth မူးယစ်ဆေးဝါး ၁၀ တန်ပိုပြီး ဖမ်းဆီးရမိခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာရုံး UNODC ရဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြပါတယ်။
ကမ ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က မေလ ၃၁ ရက်နေ့ကို ဆေးလိပ် ကင်းရှင်းရေးနေ့ အဖြစ် သတ်မှတ်ထားတာနဲ့ အတူဘဲ ဆွီဒင်နိုင်ငံဟာဆိုရင် နိုင်ငံတဝန်း လူထုရဲ့ ၅ ရာခိုင်နှုန်းအောက်သာ နေ့စဉ် ဆေးလိပ်သောက်သုံးတဲ့ နိုင်ငံ အဖြစ် ကြေညာဖို့ နီးစပ်လာနေပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်