“တောင်ပိုင်းမှာကျတော့ အမ်းမှာဖြစ်တယ်။ အမ်းမြို့နယ် ကုဇုကိုင်း၊ တောဟိန်းတောင် ဗျူဟာပေါ့ အဲဒီမှာတော့ တိုက်နေတာလနဲ့ချီရှိနေပြီ။ နောက်ပြီးတော့ မနေ့ တနေ့ကဆိုရင်လည်း တောင်ကုတ်မြို့မှာ ဖြစ်တယ်။ သံတွဲမှာလည်း လဝက်နီးပါး ရှိနေပါပြီ။ အဲသုံးနေရာတော့ ပြင်းပြင်းထန်ထန်ဖြစ်နေတာပေါ့။" (ဦးဖေသန်း)
မြန်မာနိုင်ငံမှာ ရွှေနဲ့ နိုင်ငံခြားငွေဈေးတွေ ကြီးမြင့်လာတဲ့ အတွက် လုပ်ငန်းရှင်တွေကို ဖမ်းဆီးနေပေမဲ့ ဈေးနှုန်းတွေက ဆက်ပြီး မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ဒါဟာဆိုရင် စစ်ကောင်စီ အနေနဲ့ ဈေးကွက်ကို ထိန်းကျောင်းနိုင်မှု ကင်းမဲ့နေတာကို ပြသနေတာ ဖြစ်တယ်လို့ စီးပွားရေး အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။
ပြည်တွင်းမှာ ရွှေဈေးနဲ့ နိုင်ငံခြား ငွေလဲလှယ်မှုနှုန်းတွေ ရက်ပိုင်း အတွင်း ထိုးတက်သွားခဲ့ပြီးတဲ့နောက် စီးပွားရေး လုပ်ငန်းရှင်တချို့ကို ဖမ်းဆီးဖို့ စစ်ကောင်စီက ကြိုးပမ်းနေပါတယ်။ စစ်ရှောင် လူထု အတွက်တော့ ငွေကြေးဖောင်းပွမှုနဲ့ အတူ ရာသီဥတု ဘေးဒဏ်တွေပါ ကြုံတွေ့နေရတာကြောင့် အကျပ်အတည်း ပိုဆိုးလာနေပါတယ်။
ဒီဂျစ်တယ် ဈေးကွက် ထိုးဖောက်ရေးမှာ လူသိများသူတွေက အခကြေးငွေယူ ကြော်ငြာပေးသူတွေ ဖြစ်လာကြပါတယ်။ ဒါပေမဲ့ မူပိုင်ခွင့် အကာအကွယ်ပေးမှု အားနည်းချက်ကတော့ ရှိနေသေးကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
မြန်မာ လူထုကြား လူမှုကွန်ရက် မီဒီယာ အသုံးတွင်ကျယ်လာတဲ့ မြန်မာနိုင်ငံမှာ လူမှုကွန်ရက် မီဒီယာတွေဟာ ဝင်ငွေ ရလမ်း တခုဖြစ်လာပါတယ်။ လူမှုကွန်ရက် မီဒီယာတွေကနေ မြန်မာ လူမှုကွန်ရက် သုံးစွဲသူတွေကြား ဝင်ငွေ ရနေတဲ့ ရနိုင်တဲ့ နည်းလမ်းတွေကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
"ကျနော်တို့ ဒိုင်ခံချတဲ့ သုဿာန်နှစ်ခုကို မေးကြည့်တာ မနေ့က တရက်တည်းတင်ကို ၂၉ ဦးရှိတာ။ စိတ်မကောင်းတာက တချို့ လသားလေးတွေဆိုရင် ၄ လသား၊ ၅ လသားလေးတွေ ဟိုတနေ့က တရက်တည်းတင်ကို မနက်အစောကြီးပဲ ရှိသေးတယ်၊ လေးလောင်းရှိပြီတဲ့၊" (ပရဟိတအဖွဲ့ဝင်တဦး)
အမေရိကန် ပြည်ထောင်စုမှာ အလျင်အမြန် ကြီးထွားလာနေတဲ့ အာရှ နွယ်ဖွား အမေရိကန် စားသုံးသူတွေ အတွက် စိုက်ပျိုး ထုတ်လုပ် ရောင်းချမှုလည်း တွင်ကျယ်လာပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
နှစ်ဆန်းတရက်နေ့က လွတ်ငြိမ်းခွင့်ပေးပြီးမှ ဒေါက်တာခလမ်ဆမ်ဆွမ်ကိုငြိမ်းချမ်းရေးမှာကူညီဖို့ဆိုပြီး စစ်ကောင်စီက ပြန်လည်ခေါ်ယူထားတာ တလနီးပါးရှိနေပေမဲ့လို့ ဘယ်လိုအခန်းကနေပါဝင်မလဲဆိုတာက ခုအချိန်အထိ ရှင်းရှင်းလင်းမသိရဘူးလို့ ကချင်ဘာသာရေးအဖွဲ့တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်း သတင်းဌာန အတော်များများ လိုင်စင် ပိတ်သိမ်းခံရသလို စီးပွားရေး လုပ်လို့ မရတဲ့အခြေအနေဖြစ်သွားပါတယ်။ ပြည်တွင်း သတင်းဌာန တချို့ ပိတ်သိမ်းကြသလို တချို့ ကတော့နိုင်ငံရေးအခင်းအကျင်းသစ်မှာလုပ်ငန်းရေရှည်ရပ်တည်ရေး အတွက် နည်းလမ်းသစ်ရှာ ဆောင်ရွက်နေကြရပါတယ်။
အာရက္ခတပ်တော် AA နဲ့ဖြစ်တဲ့တိုက်ပွဲတွေကနေ စစ်ကောင်စီတပ်သား ၈၀ ကျော်ဟာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်ထွ ကို လက်နက်ခဲယမ်းတွေနဲ့တကွ ထွက်ပြေးခိုလှုံလာကြတာကြောင့် လက်နက်တွေကို ကမ်းခြေစောင့်တပ်က သိမ်းယူပြီး နယ်ခြားစောင့်တပ်ကိုလွှဲပြောင်းပေးလိုက်ကြောင်ကြောင်း ဘင်္ဂလားသတင်းဌာနတွေမှာဖော်ပြထားပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တွင်းမှာ ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ပိတ်ဆို့နေတာကြောင့် ဒေသတွင်း ကုန်စည် ရှားပါး ဈေးကြီးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအခက်အခဲကို နယ်စပ်ကုန်သွယ်ရေးတွေ ကနေ တဆင့် တစိတ်တပိုင်း ဖြေရှင်းနိုင်ဖို့လည်း ပြည်နယ်တွင်းမှာ မျှော်လင့်နေကြပါတယ်။
Solomon Islands ဆော်လမွန်ကျွန်းစုနိုင်ငံမှာ ဧပြီလ ၁၇ ရက်နေ့က အထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် တာဝန်ရှိသူတွေ မဲတွေကို ဆက်လက် ရေတွက်နေပါတယ်။ မဟာဗျူဟာကျ ပစိဖိတ်ကျွန်းနိုင်ငံအနေနဲ့ တရုတ်အစိုးရနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
" စစ်ကောင်စီတွေရောက်လာတာနဲ့ ရွာသားတွေကြောက်ကြတယ်ပေါ့။ ကြောက်ရင်းနဲ့ ထွက်ပြေးလာတာ။ အဲ့ဒီမှာ ပစ်တာနဲ့ ၅ နာရီ ဝန်းကျင်းလောက်ပဲ။ တချို့လူက အိပ်ရာထတာနဲ့ ကမန်းကတန်း ပြေး၊ ကော့ဘိန်း၊ ကော့ပေါက်၊ မင်းရွာ၊ ကော့ပလိုင်၊ ကော့မိတ်၊ စစ်ပြေး ၁၀ ရွာလောက်ရှိတယ် အဲ့လိုမျိုးရှောင်နေတာ။" (စစ်ရှောင်ကူညီသူတဦး)
မြန်မာနိုင်ငံမှာ လူလတ်တန်းစား ပမာဏ ထက်ဝက် လျော့ကျသွားပြီး လူဦးရေရဲ့ သုံးပုံ တပုံ ဆင်းရဲသွားတဲ့ အခြေအနေကို ကုစားနိုင်ဖို့ တနှစ်ကို ဒေါ်လာ သန်း ၄,၀၀၀ လောက် လိုအပ်မယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က အစီရင်ခံ တင်ပြထားပါတယ်။
ထိုင်း နဲ့ မြန်မာကြား နယ်စပ် ကုန်သွယ်ရေး အချက်အချာ ဖြစ်တဲ့ မြဝတီမြို့မှာ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေး ရပ်ဆိုင်းသွားပြီးနောက် ထိုင်း မြန်မာ နယ်စပ် ကုန်သွယ်ရေး အတွက် လမ်းကြောင်းသစ်တွေ ရှာဖွေ နေကြပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ကြုံတွေ့နေရပြီး စိုက်ပျိုး ထွက်ကုန်တွေ လျော့ကျပေမဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP တိုးလာတယ်လို့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုထောင့်အရရော လူ့အခွင်အရေး ချိုးဖောက်မှု စိုးရိမ်ချက်တွေ အရပါ တရုတ် အခြေစိုက် အဝတ်အထည် လုပ်ငန်းကြီးတွေအရေး အနောက်နိုင်ငံတွေက အရေးယူ ဆောင်ရွက်နေကြပေမဲ့ တရုတ်ဘက်ကတော့ ဒီနှစ် ပထမ သုံးလတာအတွင်း အဝတ်အထည်၊ အိမ်သုံးပစ္စည်းတွေ တင်ပို့နိုင်မှု တိုးလာကြောင်း ပြောဆိုထားပါတယ်။
နီပေါနိုင်ငံမှာ တရုတ်ရဲ့ငွေကြေးမ,တည်တဲ့ နိုင်ငံတကာ လေဆိပ်ကို ဖွင့်လှစ်ခဲ့တာ တနှစ်ကျော် ရှိလာပြီဖြစ်ပေမဲ့ နိုင်ငံတကာလေယာဉ်ဆိုက်ရောက်မှု မရှိသေးပါဘူး။ Pokhara လေဆိပ်အတွက် ကျသင့်ငွေကို မကြာခင်မှာပြန်ပြီး ချေးငွေဆပ်ရတော့မယ့်အချိန်မှာ အကြွေးထောင်ခြောက်ထဲပိတ်မိမယ့်အရေး နီပေါ လူထုအတွင်း စိုးရိမ်နေကြပါတယ်။
မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၂၅ ရက်၊ တနင်္လာနေ့က သိမ်းယူခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ မိသားစုဝင်တွေ အလံဖြူထောင်ပြီး အယောက် ၂၀ လက်နက်ချခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို သဘာဝအခြေခံနည်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် Superworm အင်းဆက်တွေရဲ့ အစောချေဖျက်မှုစနစ်ကို အများအပြားထုတ်လုပ်တာက အဖြေတခု ဖြစ်နိုင်တယ်လို့ စင်ကာပူသိပ္ပံပညာရှင်တွေက ယူဆနေကြပါတယ်။ ဒီအင်းဆက်တွေရဲ့ ပလတ်စတစ် စားသုံးမှုကို သူတို့ လေ့လာနေတဲ့အကြောင်း မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်