လွှတ်တော်အမတ်တွေ ဒီရက်ပိုင်း ဝါရှင်တန်မြို့တော်မှာ မရှိပေမဲ့လည်း အထက်လွှတ်တော် အမတ်တချို့ရဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ ပြောဆို ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။ ဒီအကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ မဟာဗျုဟာအရ အရေးပါတဲ့ ခရီးစဉ်အဖြစ် သမ္မတ Trump အာရှဒေသကို ခရီးထွက်နေချိန်မှာပဲ ဝါရှင်တန်မြို့တော်မှာတော့ ရီပတ်ဘလစ်ကန်တွေတွေ ဝင်ငွေခွန်ကောက်ခံရေး အပြောင်းအလဲတွေလုပ်ဖို့ ဆော်သြနေပါတယ်။ ဒီအကြောင်း Michael Bowman ရဲ့သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားရဲ့ဝင်ရောက်စွတ်ဖက်မှုအကြောင်း အထူးစစ်ဆေးရေးမှူးရဲ့ ပထမဆုံး ဖေါ်ထုတ်တွေ့ရှိချက်တွေကို ဂျုရီခုံသမာဓိအဖွဲ့က အတည်ပြုလိုက်ပြီ ဆိုတဲ့သတင်းတွေ ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းမှာ ထွက်ပေါ်နေပါတယ်။ Michael Bowman ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန် ခေတ်သစ်သမိုင်းရဲ့ လူအသေအပျောက်အများဆုံး ပစ်ခတ်မှုကြီး ပေါ်ပေါက်ခဲ့ပြီး တပတ်အကြာမှာပဲ၊ သေနတ်ကိုင်ဆောင်ခွင့်အပေါ် တင်းကြပ်တဲ့ စည်းမျဉ်းတွေ ပြဌာန်ရေး ဆွေးနွေး ငြင်းခုံမှုတွေလည်း အကြီးအကျယ် ပေါ်လာနေပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ် လောင်းကစားရုံတွေအဓိကရှိတဲ့ Las Vegas မြို့က ဂီတဖျော်ဖြေပွဲတခုအတွင်း သေနတ်သမားတဦး ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် လူ ၅၀ ထက် မနည်း သေဆုံးပြီး ၄၀၀ ကျော် ထိခိုက်ဒဏ်ရရသွားပါတယ်။ အပြည့်အစုံကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဝါရှင်တန်နိုင်ငံရေးဟာ ဒီသတင်းပတ်အတွင်းမှတော့ အမေရိကန် အရှေ့တောင်ပိုင်း Alabama ပြည်နယ်က ရီပတ်ဗလစ်ကန် ပါတီတွင်း အထက်လွှတ်တော်အမတ်လောင်း ရွေးပွဲဆီကို အာရုံစိုက်နေကြပါတယ်။ VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် အစုလိုက် သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေး ကော်မရှင်က အကြီးအကဲက သူတို့ အဖွဲ့အနေနဲ့ အချိန်ပိုပြီး လိုအပ်တဲ့အကြောင်းနဲ့ မြန်မာအစိုးရဘက်က ပြည်ဝင်ခွင့်ပေးဖို့ ဒီကနေ့ Geneva မှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။
ရိုဟင်ဂျာတွေကို အစုလိုက် သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးကော်မရှင်က သူတို့အဖွဲ့အနေနဲ့ အချိန်ပိုပြီး လိုအပ်ကြောင်းနဲ့ မြန်မာအစိုးရဘက်က ပြည်ဝင်ခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အပြည့်စုံကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အနာဂတ်ဟာ ဝါရှင်တန် နိုင်ငံရေးလောကအတွင်း သဘောထား ကွဲလွဲချက်တရပ်ဖြစ် ပြန်လည်သက်ဝင်လာပါတယ်။ VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
StarWars ရုပ်ရှင်ထဲက AT – AT စက်ရုပ်ယာဉ်ကြီးကိုတော့ Britain နိုင်ငံက ရွာလေးတရွာမှာ တွေ့နိုင်ပါတယ်။ ဂျာမဏီနိုင်ငံမှာဆိုရင် ဘီယာခွက်ပေါင်းများစွာကို လူတယောက်သယ်ခဲ့ပြီး ကမ္ဘာစံချိန်တင်သွားပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မအေးသန္တာကျော်တို့ တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာဟာ ဒေသတွင်း မတည်မငြိမ် ဖြစ်စေတဲ့ အကြောင်းအချက် တခု ဖြစ်လာနေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က သတိပေးပြောဆိုပါတယ်။ ကိုသိန်းထိုက်ဦး စုစည်းတင်ပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုအတွင်း သဘာဝဘေးဒဏ်ကယ်ဆယ်ရေး ဒေါ်လာသန်းပေါင်း တသောင်းငါးထောင် သုံးစွဲဖို့ ကွန်ဂရက်စ်လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်းရပ်ဆိုင်းမှာ စိုးရိမ်နေသူတွေ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု Wisconsin ပြည်နယ်မှာ နွားချေးခြောက်ပစ်ပြိုင်ပွဲကို အကြီးအကျယ် ကျင်းပခဲ့ပါတယ်။ Serbia နိုင်ငံမှာတော့ ဥရောပအလယ်ခေတ်ဝါသနာရှင်တွေ စုစည်းဆင်နွှဲကြတဲ့ ဗိုက်ကင်းပွဲတော်ကို ကျင်းပခဲ့ပါတယ်။ ထူးခြားဆန်းပြားသတင်းများ အစီအစဉ်ကို ကိုသိန်းထိုက်ဦး နဲ့ မအေးသန္တာကျော်တို့က တင်ပြထားပါတယ်။
မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ သည်းခံနိုင်မှုဟာ အတိုင်းအတာ ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က တနင်္လာနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သတိပေးသွားပါတယ်။ ဒီအကြောင်း Margaret Besheer ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
မြောက်ကိုရီးယားရဲ့ နောက်ဆုံး နျုကလီးယားစမ်းသပ်မှုအပေါ် အမေရိကန် သမ္မတ Donald Trump က တနင်္ဂနွေနေ့က ပြင်းထန်တဲ့ အသုံးအနှုံးတွေနဲ့ တုံ့ပြန်လိုက်ပါတယ်။ ဗွီအိုအေသတင်းထောက် Marcus Harton သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို တင်းတင်းကြပ်ကြပ် အရေးယူခဲ့တဲ့ Arizonaပြည်နယ်ရဲအရာရှိဟောင်းJoeArpaioကျုးလွန်ခဲ့တဲ့အမှုကိုသမ္မတကပြစ်ဒဏ်ကနေလွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အပေါ် ဝေဖန်မှုတွေရှိနေတဲ့အကြောင်း Marcus Harton ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ မဟာဗျုဟာသစ်ကို သမ္မတ Trump က သူ့ကိုယ်တိုင်ပဲ အသိပေး ကြေညာချင်မယ့်အကြောင်း ကာကွယ်ရေး ဝန်ကြီး Jim Mattis က ပြောပါတယ်။ VOAသတင်းထောက် Marcus Harton သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဗာဂျီးနီးယားပြည်နယ် Charlottesville မြို့မှာ လူဖြူအမျိုးသားရေးဝါဒီတွေရဲ့ ဆန္ဒပြပွဲကို တန်ပြန်ဆန့်ကျင်တဲ့ ကန့်ကွက်ပွဲအတွင်း အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တာနဲ့ပတ်သက်လို့ သမ္မတ Donald Trump ရဲ့ ကနဦးတုံ့ပြန်ချက်အပေါ် ဝေဖန်ပြစ်တင်တာတွေ ခံနေရပါတယ်။ Marcus Harton ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ပြဌာန်းရေး ဥပဒေအဖြစ် သမ္မတ Donald Trump လက်မှတ် ရေးထိုးတော့မယ်လို့ မျှော်လင့်ရတဲ့အကြောင်း VOA သတင်းထောက် Michael Bowman ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက နွားလေးတကောင်ဟာ လူဝင်စားဖြစ်တယ်လို့ယုံကြည်ပြီး ဒီရက်ပိုင်းမှာ အများအာရုံစိုက်ခံရတဲ့ နွားတကောင်ဖြစ်လာသလို လူမှုကွန်ယက်မှာလည်း သတင်းတွေပျံ့နှံ့နေပါတယ်။ Reuter သတင်းတပုဒ်ကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်