“ဒီယင်းမာပင်ထဲမှာ သူတို့ လေယာဉ်လာရောက် တိုက်ခိုက်ခြင်းမရှိတာ တော်တော်လေးကြာပြီဆိုတော့ အခုက အမှတ်တမဲ့အလစ်အငိုက်တွေ ချောင်းပြီးတော့ လာရောက်တိုက်ခိုက်တယ်လို့ပဲ သုံးသပ်လို့ရတယ်။“ (ဒေသခံသံဃာတပါး)
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ဒီနေ့မနက်ပိုင်းက မြန်မာစစ်တပ်နဲ့ဒေသခံ PDF လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး မြန်မာစစ်တပ်ဘက်က လေကြောင်းကတိုက်ခိုက်ခဲ့ရာမှာ ဒေသခံအမျိုးသမီးတဦး ကျည် ထိမှန်သေဆုံးခဲ့တယ်လို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြေအောက်ရထားဘူတာရဲ့ လူမသိသူမသိလျှို့ဝှက်နေရာတွေကို သွားရောက်လေ့လာနိုင်မယ့် ခရီးစဉ်သစ်ကို အောက်တိုဘာလဆန်းက စတင်ခဲ့ပါတယ်။ အေပီ သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာက ပြောပြပေးပါမယ်။
ယူကရိန်းနိုင်ငံ ရုရှားကျူးကျော်စစ်အပေါ် ရုရှားလူ့အဖွဲ့အစည်းအတွင်း တင်းမာမှုတွေ ပြန့်နှံ့လို့လာပါတယ်။သဘောထားကွဲလွဲမှုတွေကို ရုရှားအစိုးရက ဖြိုခွင်းခဲ့ပေမဲ့လဲ၊ စစ်ဆန့်ကျင်ရေးသံတွေကတော့ ထွက်ပေါ်နေဆဲပါ။ Henry Ridgwell မော်စကိုမြို့ကနေ သတင်းပေးပို့ထားတာ အလိမ္မာ ပြောပြပေးပါမယ်။
“အဂတိလိုက်စားမှု စုံစမ်းရေးကော်မရှင်ပေမယ့် သူက စသုံးလုံးကိုစစ်ခိုင်းတာ။ စသုံးလုံးဆိုတာ စစ်တပ်ကအသွင်ပြောင်း ဗိုလ်ကြီးတွေကနေ တရားလိုလုပ်စွဲတာ။ စွဲတဲ့အခါ တရားလိုက သက်သေပြတာ။ တရားလိုက သူစွဲတာမှန်ကြောင်း သက်သေပြရတာကိုတော့ မောင်ဝိတ်ကမထွက်ဘူးပေါ့။ သို့သော်လည်း အပြစ်ပေးတယ်။” (တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်)
“မနေ့က မတူပီမှာ သူတို့က လမ်းဖွင့်တော့ ဒီဘက်ကို ဝဥခြံကိုသွားတဲ့ ပြည်သူတယောက်ပေါ့နော် မိုင်းမိပြီးခါမှ သွေးထွက်လွန်ပြီးဆုံးသွားတာ။ ဘယ်သူထောင် ထားတဲ့ မိုင်းလဲဆိုတော့ ကျနော်အထင်တော့ စစ်ကောင်စီထောင်ထားတဲ့လို့ပဲ ကျနော်ထင်တယ်။ စစ်ကောင်စီလှုပ်ရှားတဲ့နေရာတွေပေါ့ ဟုတ်ကဲ့။” (ဒေသခံ)
စပိန်နိုင်ငံမှာ စွမ်းအင် အကျပ်အတည်းတွေ ဖူလုံလာစေဖို့ ရည်ရွယ်ပြီး လူနေရပ်ကွက်တွေမှာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေ တပ်ဆင်တာကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ AP သတင်းဆောင်းပါးတခုကို အခြေခံပြီး အလိမ္မာက ပြောပြပေးထားပါတယ်။
ဩစတြေးလျနိုင်ငံ Hobart မြို့မှာ ရှိတဲ့ မရဏ ကော်ဖီဆိုင်မှာ ဧည့်သည်တွေရဲ့ ဘဝ နောက်ဆုံး အချိန် ကြုံတွေ့ရမယ့် စိုးရိမ် ကြောက်ရွံမှုတွေကို လိုက်လျောညီထွေ ဖြစ်စေဖို့ ဆွေးနွေး ကူညီပေးနေပါတယ်။ အေပီသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာက ပြောပြပေးထားပါတယ်။
မြန်မာနိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေး နဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ကန့်သတ်ခံရမှုတွေ၊ တယ်လီဖုံးနဲ့ အင်တာနက်လိုင်း ပြတ်တောက်မှုတွေဟာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူတွေဆီ ရောက်အောင် ပေးပို့နိုင်ရေးမှာ အဟန့်အတားပဲလို့ အကူအညီပေးနေနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီအကြောင်း အလိမ္မာ က ပြောပြမှာပါ။
ရခိုင်ပြည်နယ်အတွင်း AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲ ဆက်ဖြစ်နေပေမယ့်လည်း စစ်ဘေးရှောင်စခန်းတွေကိုရောက်နေတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ ဒီလကုန် နောက်ဆုံးထား ကိုယ့်နေရပ်ပြန်ဖို့ မြန်မာစစ်တပ်ဘက်က ဖိအားပေးနေပါတယ်။
Radio Free Europe မှာ အလုပ်လုပ်နေတဲ့ ယူကရိန်း သတင်းထောက် Vladyslav Yesypenko ကို ရုရှားက ခရိုင်းမီးယားဒေသမှာ ၁၈ လ ကြာ ဖမ်းဆီး ချုပ်နှောင်ထားပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေက သူကို့ နိုင်ငံရေးအကျဉ်းသားလို့ပဲ သတ်မှတ်ထားတာပါ။ VOA သတင်းထောက် Iryna Solomko ရဲ့ သတင်းပေးပို့ချက် အလိမ္မာက ပြောပြပေးပါမယ်။
ကျန်းမာရေးဌာနရဲ့ထုတ်ပြန်ချက်အရ ဗီဇပြောင်းကိုဗစ်ပိုးကူးစက်မှု ပြန်မားလာနေတဲ့အတွက် စက်တင်ဘာလ ၁ ရက်ကနေ ၂၈ ရက်နေ့အတွင်း ကိုဗစ်ရောဂါအတည်ပြုလူနာ ၆,၈၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၉ ဦး ရှိလာတာကြောင့် အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့၊ ကျန်းမာရေးစည်းမျဉ်းတွေကို လိုက်နာဖို့ သတိပေးနှိုးဆော်နေပါတယ်။
သြစတြေးလျနိုင်ငံတစ်ဝှမ်းက ကျောင်းတွေမှာ အထူးစောင့်ရှောက်မှုလိုအပ်တဲ့ အော်တစ်ဇင် ကလေးငယ်တွေ စာသင်ခန်းထဲမှာ ပိုပြီး ပူးပေါင်းပါဝင်လာနိုင်ဖို့ ကြိုးစားနေပါတယ်။ အေပီသတင်းကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
ရှမ်းနဲ့ကယားပြည်နယ်အစပ်မှာ စစ်ဘေးလွတ်ရာတိမ်းရှောင်လာကြသူတွေကြားမှာ နှာစေး၊ ချောင်းဆိုး၊ ကိုယ်ပူ၊ အသက်ရှူကြပ်၊ အရသာပျောက် စတဲ့ ကိုဗစ်လက္ခဏာနဲ့ဆင်တူတဲ့လက္ခဏာပြပြီး နေမကောင်းဖြစ်သူတွေများလာနေပေမယ့် ခွဲပြီးနေစရာ နေရာလည်းမရှိ၊ ဆေးဝါးလည်းမလုံလောက်ဘူးလို့ အကူအညီပေးနေတဲ့ သူနာပြုတယောက်က ပြောပါတယ်။
၂၀၁၉ ခုနှစ် India နိုင်ငံမှာ ရေလွှမ်းမိုးမှုကြောင့် ဥတုဒဏ်သင့် မိသားစုတစုဟာ ဟိမဝန္တတောင်တန်းဒေသ ကျေးရွာကနေ Bengaluru မြို့ပြင်ကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပါတယ်။ နေရာသစ်၊ ဘဝသစ်မှာ ကလေးတွေအတွက် အခွင့်အရေးတွေပေါ်လာမယ်လို့ မိဘတွေကတော့ မျှော်မှန်းထားကြပါတယ်။ AP သတင်းဆောင်းပါးကို အလိမ္မာက ပြောပြပေးပါမယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့အတွင်းက စက်တော်ရာဘုန်းကြီးကျောင်းထဲမှာ မြန်မာစစ်တပ်ထိန်းသိမ်းထားတဲ့ အရပ်သား ၅၀ ကျော် ထွက်ပြေးလွတ်မြောက်လာပြီလို့ လွတ်မြောက်လာတဲ့ ဦးဇင်းတပါးက VOA ကို ပြောပါတယ်။
“စစ်ကောင်စီအတွက် အဝတ်အစားတွေ လျှော်ပေးရတာတို့၊ ထမင်းချက်ပေးရတာတို့၊ ရေသန့်သွားလဲပေးရတာ အဲ့လိုမျိုးတွေ လုပ်ပေးနေရတယ်ဗျဟုတ်။ လောလောဆယ်တော့ သူတို့ ကျောင်းမှာပဲ ထားတယ် အဲ့လိုမျိုးပဲသိရတယ်ဗျ။ အိမ်ပြန် ထွက်ပြေးမယ်ဆို အိမ်ထိပြန်လာခေါ်တယ်လို့ အဲ့လိုမျိုးပြောကြတယ်ဗျ။” (မိုးဗြဲကယ်ဆယ်ရေးအဖွဲ့တာဝန်ခံ)
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ စက်တင်ဘာလကုန် နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်းနဲ့ နေရပ်မှာ လက်နက်ကိုင် တိုက်ပွဲတွေဆက်ရှိနေပြီး မြေမြှုပ် မိုင်းအန္တရာယ်ကြောင့် ပြန်နိုင်ဖို့ ခက်ခဲနေတဲ့အကြောင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ဖမ်းဆီးထောင်ချခံထားရတဲ့ မုံရွာ သပိတ်ကော်မတီ ခေါင်းဆောင် ကိုဝေမိုးနိုင်အပေါ် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ နောက်ထပ် ပုဒ်မှ တခုနဲ့ စစ်ကောင်စီက ထပ်ပြီး တရားစွဲဆိုလိုက်တဲ့အကြောင်း မိသားစုတွေက ပြောပါတယ်။
"ကိုဗစ်ဖြစ်တော့ အရောင်းအဝယ်တွေ ပါးသွားတယ်။ နောက်ပိုင်း နိုင်ငံရေးပြဿနာကြောင့်၊ ပို့တာလည်း စစ်ကိုင်းတိုင်းဘက်ခြမ်းကို အများဆုံးပို့တော့ ဒီနိုင်ငံရေးပြဿနာကြောင့်မို့ ကျနော်တို့က ဒီလက်ဖက်တွေကို မထုတ်လုပ်နိုင်တော့ဘူး။” (ဦးဇော်ညွန့်-ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း အတွင်းရေးမှူး)
နောက်ထပ်ကြည့်ရှုရန်