“မနေ့ကတော့ ၆ လမ်းဆုံမှာတော့ ပစ်ခတ်မှုတော့ ရှိတယ်။ နောက်ပြီးတော့ အိမ် တအိမ်မှာ လက်နက်ကြီးကျတဲ့အတွက်ကြောင့် မိသားစု ၄ ဦးတော့ ဒဏ်ရာအနည်းငယ်တော့ ရတယ်ဟုတ်ကဲ့။ မနေ့က ပစ်တုန်းခတ်တုန်း လက်နက်ကြီးကျတုန်းကတော့ သွားလာမှုတော့ မရှိပါဘူး။ ဟုတ်ကဲ့၊ ဒီနေ့တော့ ရှိပါတယ် ဟုတ်ကဲ့။”(ဟားခါးဒေသခံ)
စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်က ဒီမော့ဆို၊ ခေါက်ပလော့ ကျေးရွာအနီးမှာ ဒေသခံကရင်နီတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား မနေ့က တိုက်ပွဲငယ်ဖြစ်ပွားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ် ရိုဟင်ဂျာပဋိပက္ခဖြစ်ပြီးတဲ့နောက် ၅နှစ်အကြာ နိုင်ငံကထွက်ပြေးကြရတဲ့ရိုဟင်ဂျာတွေရဲ့ဘဝဟာ အခုအချိန်မထိ မရေမရာဖြစ်နေဆဲပါ။ ပိုပြီး လုံခြုံဘေးကင်းတဲ့နေရာရောက်ဖို့ ကြိုးစားကြရင် အသက်ဆုံးရှုံးရမှုတွေလည်း ရှိနေဆဲပါ။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး အလိမ္မာပြောပြပါမယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာထဲကို မနက် ၅ နာရီခွဲလောက် စစ်ကောင်စီ အင်အား ၅၀ ဝန်းကျင်လောက် ဩဂုတ်လ ၂၆ ရက် မနက်အစောပိုင်းက ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်တဲ့အတွက် အရပ်သားတဦး ထိခိုက်သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာ ပြောပြမှာပါ။
“ ရွှေတူးတဲ့နေရာနဲ့ ဒီလိုမျိုး ရွှံ့ နွံတွေထွက်တယ်။ အဲ့နွံတွေက ချောင်းတွေအတိုင်းပါလာပြီးမှ၊ ဒီရေနဲ့အတူပါလာပြီး အိမ်တွေထဲမှာ ရိုးရိုးရေကြီးတာမဟုတ်ဘဲနဲ့ အဲ့ ရွှံ့ နွံတွေနဲ့ တရွာလုံးမှာ ဘာမှသွားလို့မရ လာလို့မရ၊ ဘာမှလုပ်လို့ မရအောင် တအိမ်လုံး အိမ်တွေလည်း ပျက်တယ်။” (ဒေသခံ)
သီရိလင်္ကာနိုင်ငံမှာ လျှပ်စစ်မီးပြတ်တာ၊ ဆေးဝါး၊ အစားအသောက်နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ ရှားပါးလာနေတာကြောင့် သီရိလင်္ကာဆေးရုံတွေမှာ ဆေးဝါးပြတ်လပ်နေပါတယ်။ဒီလို တိုင်းပြည်ရဲ့ စီးပွားရေးအကျပ်အတည်းတွေကို ဖြေရှင်းပေးဖို့အစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေလဲ ရှိနေပါတယ်။ အလိမ္မာပြောပြပါမယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ AA နဲ့ စစ်ကောင်စီကြား့တိုက်ပွဲတွေကြောင့် ဩဂုတ်လအစပိုင်းက ပိတ်ထားခဲ့တဲ့ ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီက ပြန်ဖွင့်ပေးလိုက်ပေမယ့် ကုန်စည်သယ်ဆောင်ခွင့် ကန့်သတ်ချက်တွေ တင်းကျပ်ထားတာကြောင့် ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ ခက်ခဲနေတုန်းပဲလို့ ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံဟာ အကူအညီပေးရေးလုပ်သားတွေအတွက် ကမ္ဘာမှာအန္တရာယ်အကြီးဆုံး လှုပ်ရှားလုပ်ကိုင်နေရတဲ့ နိုင်ငံတွေထဲက တခုအဖြစ်ပါဝင်နေတယ်လို့ CARE International နိုင်ငံတကာပရဟိတအဖွဲ့ကြီးရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
"အခြေအနေကတော့ ပြည်သူတွေ ဒုက္ခရောက်တာကတော့ အကြီးအကျယ်ပဲ။ မိုးရွာထဲတွေမှာ လှည့်ပတ် ပြီးတော့ မိုးကာတဲလေးတွေနဲ့ ပြေးရရှောင်ရနဲ့။ တော်တော် ဆိုးဆိုးဝါးဝါးကို ဒုက္ခရောက်နေကြရတာပဲ။ စားရေးသောက်တာကတော့ အတော့်ကို ပြတ်လပ်နေတာ၊ ဆေးဝါးဆို ဝေးပေါ့။” (စစ်ကိုင်း၊ ဝက်လက်မြို့နယ် စစ်ဘေးရှောင်)
ဒေသတွင်းတိုက်ပွဲတွေကြောင့် မကွေးတိုင်း ဆောမြို့နယ်ဘက်ကို ခိုလှုံလာတဲ့ စစ်ပြေးဒုက္ခသည် အနည်းဆုံး ၂,၀၀၀ လောက်ရှိနေပြီး အဲ့ဒီထဲက ဆိပ်ဖြူမြို့နယ်က ဒေသခံ ၇၀၀ လောက် ပါဝင်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
"အခုရက်ပိုင်း ညကို လက်နက်ကြီးတွေနဲ့ ၂ ချက်၊ သုံးချက်ပစ်တယ်။ လက်နက်ငယ်တွေနဲ့ကတော့ အမြဲတမ်းလိုလိုပေါ့။ တိုက်ပွဲဖြစ်တဲ့ပုံစံမျိုးကို သူတို့က ပစ်နေတာ။ ဒီဘက်က ၂ ချက်၊ သုံးချက်- အဲ့လိုအသံပေးပြီးတော့မှ ထိန်းထားရတာပေါ့။ ကင်းကတော့ ညတိုင်းစောင့်နေရတယ်။ (ဒေသခံတဦး)
တောမီးတွေလောင်ကျွမ်းလေ့ရှိတဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ တနှစ်ထက်တနှစ် တောမီးလောင်တဲ့အချိန်ပိုကြာလာသလို ပိုလည်း ပြင်းထန်လာပါတယ်။ ဒေသခံ မီးသတ်သမားတွေလည်း တောမီးတွေကို ခက်ခက်ခဲခဲ ငြိမ်းသတ်နေကြရတာပါ။ အလိမ္မာ ပြောပြပေးပါမယ်။
“စနေလား၊ တနင်္ဂနွေလားဆိုတာတော့ သူတို့အတိအကျမပြောနိုင်ဘူး-တဲ့။ အမေက ရက်လည်တွေ၊ ဘာတွေအတွက်ဆိုတော့ အဲဒီ နှစ်ရက်ကို မှန်းလုပ်လိုက်ပေါ့-တဲ့။ ... အန်တီလည်း body လေး၊ သို့မဟုတ် တခုခုလိုချင်တယ်ဆိုတော့လည်း မပေးနိုင်ပါဘူး တဲ့။ ထုံးစံမရှိပါဘူး တဲ့။” (ကိုဖြိုးဇေယျာသော်ရဲ့မိခင်)
ဖလမ်း ဟားခါး လမ်းတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကြား ၁၂ ရက်ကြာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒေသခံ ၂ သောင်းနီးပါး ထွက်ပြေးနေရပါတယ်။ တိုက်ပွဲအခြေအနေတည်ငြိမ်စပြုလို့ ရွာသူရွာသားတချို့ ရွာထဲပြန်ဝင်လာကြပေမယ့်လည်း၊ ရွာလုံးကျွတ်နီးပါး နေအိမ်မီးရှို့ခံလိုက်ရလို့ အခက်အခဲတွေရှိနေပါတယ်။
"သတင်းထောက်တယောက်ကို ဒီလိုလူမဆန်စွာဖမ်းဆီးသွားတဲ့ အတွက် မိသားစုဝင်တယောက်အနေနဲ့ ခံရခက်တာပေါ့။ လွတ်လပ်တဲ့မီဒီယာသမားတယောက်အနေနဲ့ သတင်းအလုပ် ကိုလုပ်နေရင်း မတရားပူဒ်မတပ်မတရားဖမ်းခံရတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။"
အိန္ဒိယနိုင်ငံမှာ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အိတ်တွေ၊ ခွက်တွေနဲ့ အအေးပိုက်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်ပင်ဖို့ စီစဉ်နေတဲ့ အပေါ် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေက ကြိုဆိုကြပါတယ်။ ဒါပေမဲ့ ပလပ်စတစ်လုပ်ငန်းလုပ်ကိုင်သူ တွေကတော့ စိုးရိမ်နေကြပါတယ်။ အလိမ္မာက ပြောပြပါမယ်။
ဒီကနေ့ ကျရောက်တဲ့ ဇူလှိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ စစ်ကောင်စီက နိုင်ငံတော်အခမ်းအနား ကြီးမှူးကျင်းပခဲ့သလို မြန်မာနိုင်ငံနေရာအတော်များများမှာတော့ တက်ကြွလှုပ်ရှားသူတွေက အာဇာနည်ခေါင်းဆောင်တွေနဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့သူတွေအတွက် အလေးပြုတဲ့အစီအစဉ်တွေ လုပ်ခဲ့ကြပါတယ်။
ရှမ်း-ကယားပြည်နယ် နယ်စပ် မိုးဗြဲမြို့ထဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ဇူလိုင် ၁၈ ရက် ဒီနေ့မနက်အစောပိုင်းက တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျလို့ အရပ်သားပြည်သူထိခိုက်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေက VOA ကို ပြောပါတယ်။
“နှစ်ဘက်အဖွဲ့တိုက်ပွဲကြားမှာ အဲ့ ၃ ရွာက ငတ်နေလို့တဲ့။ ပြေးလာကြတယ်။ အသက် ၇၀ ကျော် အဖိုးကြီးနဲ့ အဖွားကြီးလင်းမယာကတော့ ဆိုင်ကယ်မရှိ ကားမရှိ ခြေလျင်နဲ့ပြေးလာကြတယ်တဲ့။ ၃ ရက်ပြည့်ထိ အစာငတ်ပြီး လျှောက်လာတယ်လို့ ပြောတဲ့အခါကျတော့ လုံးဝ စိတ်မကောင်းဘူး။” (ကန်ပက်လက်စစ်ဘေးရှောင်)
လွိုင်ကော်မြို့နယ် လောပိတကျေးရွာဘက်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က VOA ကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်