[[Zawgyi/Unicode]]
ဇူလိုင္ ၆ရက္ ဒီေန႔ မနက္ပိုင္းက ကယား (ကရင္နီ) ျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္ ေလာပိတေက်း႐ြာဘက္မွာ တိုက္ပြဲျပင္းထန္ေနၿပီး စစ္ေကာင္စီဘက္က ေလေၾကာင္းအသုံးျပဳ တိုက္ခိုက္ေနတယ္လို႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) က VOA ကို ေျပာပါတယ္။ ရွမ္းျပည္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္ လြယ္ပသာေက်း႐ြာဘက္ ဇူလိုင္ ၄ရက္ေန႔က တိုက္ပြဲအတြင္းမွာေတာ့ ကရင္နီပူးေပါင္းအဖြဲ႕ဘက္က ၁၁ ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္း အလိမၼာေျပာျပပါမယ္။
ဇူလိုင္ ၆ ရက္ ဒီေန႔မနက္အေစာပိုင္းမွာ ကယား (ကရင္နီ)ျပည္နယ္ လြိဳင္ေကာၿမိဳ႕နယ္ ေလာပိတေက်း႐ြာဘက္မွာ ကရင္နီတပ္မေတာ္ (KA) နဲ႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) ပူးေပါင္းအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္အၾကား တိုက္ပြဲျပင္းထန္ေနၿပီး စစ္ေကာင္စီက ေလေၾကာင္းသုံး တိုက္ခိုက္ေနတယ္လို႔ KNDF ျပန္ၾကားေရးတာဝန္ခံက VOA ကို ေျပာပါတယ္။
“လြိဳင္ေကာ ေလာပိတဘက္မွာ KA နဲ႔ KNDF က တပ္စခန္းတိုက္ပြဲလုပ္ေတာ့ သူတို႔ေလေၾကာင္းပစ္ကူ ၁၀ ႀကိမ္ထပ္မကေပါ့။ ၿပီးေတာ့ ေျမျပင္ကလည္း လက္နက္ႀကီးပစ္ကူလုပ္တယ္။ အေျခအေနေတာ့ ေလာေလာဆယ္ေတာ့ ဒါပဲ ေျပာႏိုင္အုံးမယ္ဟုတ္။ ဟုတ္တယ္ မနက္ ၆ နာရီကတည္းက ဒီညေနဖက္ ၂နာရီ ၁နာရီအထိေပါ့ေလး။ (ေဒသခံ) တခ်ိဳ႕႐ြာေတြ ထြက္ေျပးတိမ္းေရွာင္တာရွိတယ္။ တခ်ိဳ႕႐ြာေတြ ထြက္ေျပးတိမ္းမေရွာင္ပဲ ဒီတိုင္းေနေနေသးတဲ့ လူေတြလည္းရွိတယ္ဗ်။”
ေလာပိတေက်း႐ြာဘက္ စစ္ေကာင္စီရဲ႕ တပ္စခန္းကို ေဒသခံကာကြယ္ေရးတပ္ေတြ ဝင္ေရာက္တိုက္ခိုက္ရာကေန တိုက္ပြဲျပင္းထန္ခဲ့တာလို႔ ဆိုပါတယ္။ ဒီေန႔ ညေနပိုင္းအထိ တိုက္ပြဲေတြ ျဖစ္ပြားေနဆဲပါ။
ဇူလိုင္ ၄ရက္ေန႔က ေ႐ႊျပည္ေအး႐ြာ လြယ္ပသာ႐ြာဘက္ ႏွစ္ဖက္ျဖစ္ခဲ့တဲ့ တိုက္ပြဲအတြင္း ကရင္နီပူးေပါင္းတပ္ဖြဲ႕ေတြဘက္ ၁၁ ဦးေသဆုံးၿပီး စစ္ေကာင္စီဖက္က အေယာက္ ၄၀ ေက်ာ္ေသဆုံးေၾကာင္း KNDF က ေျပာပါတယ္။ စစ္ေကာင္စီရဲ႕ ေသဆုံးမႈနဲ႔ ပတ္သက္လို႔ VOA က သီးျခား အတည္ျပဳလို႔မရေသးပါဘူး။ စစ္ေကာင္စီဘက္ကလည္း တစုံတရာထုတ္ျပန္တာမ်ိဳး မရွိေသးပါဘူး။
စစ္ေကာင္စီရဲ႕ ဖယ္ခုံၿမိဳ႕နယ္ လြယ္ပသာ ကုန္းစခန္းနဲ႔ ေ႐ႊျပည္ေအး ကုန္းစခန္းေတြကို ကရင္နီတပ္မေတာ္(KA) KNDF ဖယ္ခုံ PDF နဲ႔ SSRY ပူးေပါင္းအဖြဲ႕တို႔က ဇူလိုင္ ၄ရက္ မနက္ ၅နာရီေလာက္မွာ ဝင္ေရာက္တိုက္ခိုက္ခဲ့တာပါ။ လြယ္ပသာ ကုန္းစခန္းကို သိမ္းပိုက္ရခါနီးခ်ိန္မွာပဲ စစ္ေကာင္စီဖက္က လက္နက္ႀကီးေတြနဲ႔ အဆမတန္အသုံးျပဳ တိုက္ခိုက္သလို စစ္ကူေတြ အင္အားအလုံအရင္းနဲ႔ တိုက္ခိုက္လာတာေၾကာင့္ ရဲေဘာ္ေတြ ထိခိုက္ေသဆုံးတာလို႔ ဆိုပါတယ္။ လက္ရွိမွာ ပစ္ခတ္သံေတြ တည္ၿငိမ္ေနေပမယ့္ စစ္ေကာင္စီတပ္ဖက္က အင္အားတိုးခ်ဲ႕ထားတယ္လို႔ ႐ြာခံတဦးက VOA ကို ေျပာပါတယ္။
“ဒီတစ္ရက္ ႏွစ္ရက္အေျခအေနေတာ့ နည္းနည္းအဆင္ေျပတယ္။ ဘာလို႔ဆို ပစ္ခတ္သံေတြလည္း မၾကား နည္းနည္းေတာ့ ၿငိမ္ေနတယ္ဗ်။ စစ္ေကာင္စီဘက္က်ေတာ့ တပ္ျဖည့္ဆည္းတာေတာ့ ရွိပါတယ္။ ဒါေပမယ့္ ဒီလိုစစ္ေၾကာင္းထပ္ထိုးလာ ဘာညာေတာ့ မၾကားရေသးဘူးဗ်။”
လြယ္ပသာဘက္မွာ အျပန္အလွန္တိုက္ပြဲ မရွိေတာ့ေပမယ့္ စစ္ေကာင္စီက စက္ေတာ္ေက်း႐ြာဘက္ကို လက္နက္ႀကီးနဲ႔ ပစ္လာလို႔ အမ်ိဳးသားတဦးေသ၊ တစ္ဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။
“မေန႔နဲ႔ ဒီေန႔နဲ႔ ႏွစ္ရက္ေပါ့ေနာ္ (ပစ္ခတ္သံ)မၾကားရတာ ႏွစ္ရက္ရွိၿပီးရွင့္။ ဒါေပမယ့္ ႐ြာသူ႐ြာသားေတာ့ လက္နက္ႀကီးက်မွာကို စိုးရိမ္ေနၾကတယ္ေပါ့ေနာ္။ အေျခအေနေတာ့ သိက်ေတာ့ မသိေသးဘူးေပါ့ေနာ္။ အရင္တေလာေတြေတာ့ ရွိတယ္ ပစ္ခတ္မႈမရွိတဲ့အခ်ိန္လည္း လက္နက္ႀကီး ဟိုလိုမ်ိဳး အရင္ပစ္လာတာမ်ိဳးေပါ့ေနာ္။ အရင္တေလာဆိုရင္ ႐ြာသား ထိတာ ႏွစ္ေယာက္ေလာက္ရွိတယ္ရွင့္။ တိုက္ပြဲအျပင္းအထန္ ျဖစ္တယ္ဆိုေတာ့ ၿပီးခဲ့တဲ့ေန႔က ၄ရက္ေန႔ကပဲရွင့္။ ၿပီးခဲ့တဲ့တေလာ ၄ရက္ေန႔မတိုင္းခင္ေတာ့ အျပင္းအထန္ေတာ့ မရွိဘူး။ ဒါေတာ့ လက္နက္ႀကီးေတာ့ အဲ့မ်ိဳးပစ္ခ် ပစ္ခ်လာတာရွိတယ္ေပါ့ေနာ္။ ႐ြာအနားဆိုရင္၊ ႐ြာသားေတြေတာ့ အိမ္မွာေနဆိုရင္ စိတ္မခ်မ္းသာၾကဘူးေပါ့ေနာ္။ ညညဆို လက္နက္ႀကီးေတြ ဘာေတြ က်လာမလားဆိုၿပီးမွေလ။”
တိုက္ပြဲေၾကာင့္ လြယ္ပသာေက်း႐ြာအပါအဝင္ ေက်း႐ြာ ၅ ႐ြာေလာက္က ေဒသခံအေတာ္မ်ားမ်ား ေဘးလြတ္ရာကို ေရွာင္တိမ္းေနၾကရပါတယ္။ က်န္ေက်း႐ြာသားေတြလည္း စိုးရိမ္ထိတ္လန႔္ေနၾကတယ္လို႔ ေဒသခံတဦးကေျပာပါတယ္။
“က်မတို႔႐ြာက ထြက္ေျပးသြားတာေတာ့ တခ်ိဳ႕ေတာ့ ေျပးတယ္ တခ်ိဳ႕ေတာ့ ႐ြာမွာက်န္ခဲ့တာမ်ိဳးေပါ့ေနာ္။ လက္နက္သံၾကားတဲ့အခါ သူတို႔ေၾကာက္လို႔ ရွင့္။ က်န္ခဲ့တဲ့သူေတာ့ အထုပ္အပိုးေတြဆို တခါထဲျပင္ထားၾကတယ္။ ေျပးဖို႔အဆင္သင့္ျပင္ထားၾကတာေပါ့ေနာ္။ စစ္ေတာ့ မျဖစ္ေစခ်င္ဘူးေပါ့ေနာ္။ အဲ့လိုမ်ိဳး ေအးေအးခ်မ္းခ်မ္းေတာ့ ေနခ်င္တယ္။ အခုဆိုလည္း အိပ္ဆိုလည္း စိုးရိမ္ေနရတာမ်ိဳးေပါ့။ အိပ္မေပ်ာ္ၾကဘူး။ အဲ့ဒါ ေအးေအးခ်မ္းခ်မ္းနဲ႔လည္း ေနခ်င္တယ္။ ၿပီးေတာ့ စိုက္ရိတ္တဲ့အခ်ိန္ ပ်ိဳးတဲ့အခ်ိန္ဆိုလည္း ေအးေအးခ်မ္းခ်မ္းသြားတယ္ အဲ့မ်ိဳးေပါ့။”
ရွမ္း-ကယာနယ္ဘက္က စစ္ေကာင္စီတပ္ အင္အားတိုးခ်ဲ႕ထားၿပီး စစ္ေရးလႈပ္ရွားေနတာေၾကာင့္ ေနရာစုံ တိုက္ပြဲျဖစ္တာမို႔ လက္ရွိအခ်ိန္ထိ ေဒသခံေတြ ေနရပ္မျပန္ႏိုင္ၾကဘဲ ေတာေတာင္ထဲမွာ အခက္အခဲမ်ိဳးစုံရင္ဆိုင္ေနၾကရပါတယ္။
[[Unicode]]
ဇူလိုင် ၆ရက် ဒီနေ့ မနက်ပိုင်းက ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ် လောပိတကျေးရွာဘက်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က VOA ကို ပြောပါတယ်။ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပသာကျေးရွာဘက် ဇူလိုင် ၄ရက်နေ့က တိုက်ပွဲအတွင်းမှာတော့ ကရင်နီပူးပေါင်းအဖွဲ့ဘက်က ၁၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်း အလိမ္မာပြောပြပါမယ်။
ဇူလိုင် ၆ ရက် ဒီနေ့မနက်အစောပိုင်းမှာ ကယား (ကရင်နီ)ပြည်နယ် လွိုင်ကောမြို့နယ် လောပိတကျေးရွာဘက်မှာ ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်နေတယ်လို့ KNDF ပြန်ကြားရေးတာဝန်ခံက VOA ကို ပြောပါတယ်။
“လွိုင်ကော လောပိတဘက်မှာ KA နဲ့ KNDF က တပ်စခန်းတိုက်ပွဲလုပ်တော့ သူတို့လေကြောင်းပစ်ကူ ၁၀ ကြိမ်ထပ်မကပေါ့။ ပြီးတော့ မြေပြင်ကလည်း လက်နက်ကြီးပစ်ကူလုပ်တယ်။ အခြေအနေတော့ လောလောဆယ်တော့ ဒါပဲ ပြောနိုင်အုံးမယ်ဟုတ်။ ဟုတ်တယ် မနက် ၆ နာရီကတည်းက ဒီညနေဖက် ၂နာရီ ၁နာရီအထိပေါ့လေး။ (ဒေသခံ) တချို့ရွာတွေ ထွက်ပြေးတိမ်းရှောင်တာရှိတယ်။ တချို့ရွာတွေ ထွက်ပြေးတိမ်းမရှောင်ပဲ ဒီတိုင်းနေနေသေးတဲ့ လူတွေလည်းရှိတယ်ဗျ။”
လောပိတကျေးရွာဘက် စစ်ကောင်စီရဲ့ တပ်စခန်းကို ဒေသခံကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။ ဒီနေ့ ညနေပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲပါ။
ဇူလိုင် ၄ရက်နေ့က ရွှေပြည်အေးရွာ လွယ်ပသာရွာဘက် နှစ်ဖက်ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဘက် ၁၁ ဦးသေဆုံးပြီး စစ်ကောင်စီဖက်က အယောက် ၄၀ ကျော်သေဆုံးကြောင်း KNDF က ပြောပါတယ်။ စစ်ကောင်စီရဲ့ သေဆုံးမှုနဲ့ ပတ်သက်လို့ VOA က သီးခြား အတည်ပြုလို့မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ဖယ်ခုံမြို့နယ် လွယ်ပသာ ကုန်းစခန်းနဲ့ ရွှေပြည်အေး ကုန်းစခန်းတွေကို ကရင်နီတပ်မတော်(KA) KNDF ဖယ်ခုံ PDF နဲ့ SSRY ပူးပေါင်းအဖွဲ့တို့က ဇူလိုင် ၄ရက် မနက် ၅နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ လွယ်ပသာ ကုန်းစခန်းကို သိမ်းပိုက်ရခါနီးချိန်မှာပဲ စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ အဆမတန်အသုံးပြု တိုက်ခိုက်သလို စစ်ကူတွေ အင်အားအလုံအရင်းနဲ့ တိုက်ခိုက်လာတာကြောင့် ရဲဘော်တွေ ထိခိုက်သေဆုံးတာလို့ ဆိုပါတယ်။ လက်ရှိမှာ ပစ်ခတ်သံတွေ တည်ငြိမ်နေပေမယ့် စစ်ကောင်စီတပ်ဖက်က အင်အားတိုးချဲ့ထားတယ်လို့ ရွာခံတဦးက VOA ကို ပြောပါတယ်။
“ဒီတစ်ရက် နှစ်ရက်အခြေအနေတော့ နည်းနည်းအဆင်ပြေတယ်။ ဘာလို့ဆို ပစ်ခတ်သံတွေလည်း မကြား နည်းနည်းတော့ ငြိမ်နေတယ်ဗျ။ စစ်ကောင်စီဘက်ကျတော့ တပ်ဖြည့်ဆည်းတာတော့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုစစ်ကြောင်းထပ်ထိုးလာ ဘာညာတော့ မကြားရသေးဘူးဗျ။”
လွယ်ပသာဘက်မှာ အပြန်အလှန်တိုက်ပွဲ မရှိတော့ပေမယ့် စစ်ကောင်စီက စက်တော်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်လာလို့ အမျိုးသားတဦးသေ၊ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“မနေ့နဲ့ ဒီနေ့နဲ့ နှစ်ရက်ပေါ့နော် (ပစ်ခတ်သံ)မကြားရတာ နှစ်ရက်ရှိပြီးရှင့်။ ဒါပေမယ့် ရွာသူရွာသားတော့ လက်နက်ကြီးကျမှာကို စိုးရိမ်နေကြတယ်ပေါ့နော်။ အခြေအနေတော့ သိကျတော့ မသိသေးဘူးပေါ့နော်။ အရင်တလောတွေတော့ ရှိတယ် ပစ်ခတ်မှုမရှိတဲ့အချိန်လည်း လက်နက်ကြီး ဟိုလိုမျိုး အရင်ပစ်လာတာမျိုးပေါ့နော်။ အရင်တလောဆိုရင် ရွာသား ထိတာ နှစ်ယောက်လောက်ရှိတယ်ရှင့်။ တိုက်ပွဲအပြင်းအထန် ဖြစ်တယ်ဆိုတော့ ပြီးခဲ့တဲ့နေ့က ၄ရက်နေ့ကပဲရှင့်။ ပြီးခဲ့တဲ့တလော ၄ရက်နေ့မတိုင်းခင်တော့ အပြင်းအထန်တော့ မရှိဘူး။ ဒါတော့ လက်နက်ကြီးတော့ အဲ့မျိုးပစ်ချ ပစ်ချလာတာရှိတယ်ပေါ့နော်။ ရွာအနားဆိုရင်၊ ရွာသားတွေတော့ အိမ်မှာနေဆိုရင် စိတ်မချမ်းသာကြဘူးပေါ့နော်။ ညညဆို လက်နက်ကြီးတွေ ဘာတွေ ကျလာမလားဆိုပြီးမှလေ။”
တိုက်ပွဲကြောင့် လွယ်ပသာကျေးရွာအပါအဝင် ကျေးရွာ ၅ ရွာလောက်က ဒေသခံအတော်များများ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရပါတယ်။ ကျန်ကျေးရွာသားတွေလည်း စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတဦးကပြောပါတယ်။
“ကျမတို့ရွာက ထွက်ပြေးသွားတာတော့ တချို့တော့ ပြေးတယ် တချို့တော့ ရွာမှာကျန်ခဲ့တာမျိုးပေါ့နော်။ လက်နက်သံကြားတဲ့အခါ သူတို့ကြောက်လို့ ရှင့်။ ကျန်ခဲ့တဲ့သူတော့ အထုပ်အပိုးတွေဆို တခါထဲပြင်ထားကြတယ်။ ပြေးဖို့အဆင်သင့်ပြင်ထားကြတာပေါ့နော်။ စစ်တော့ မဖြစ်စေချင်ဘူးပေါ့နော်။ အဲ့လိုမျိုး အေးအေးချမ်းချမ်းတော့ နေချင်တယ်။ အခုဆိုလည်း အိပ်ဆိုလည်း စိုးရိမ်နေရတာမျိုးပေါ့။ အိပ်မပျော်ကြဘူး။ အဲ့ဒါ အေးအေးချမ်းချမ်းနဲ့လည်း နေချင်တယ်။ ပြီးတော့ စိုက်ရိတ်တဲ့အချိန် ပျိုးတဲ့အချိန်ဆိုလည်း အေးအေးချမ်းချမ်းသွားတယ် အဲ့မျိုးပေါ့။”
ရှမ်း-ကယာနယ်ဘက်က စစ်ကောင်စီတပ် အင်အားတိုးချဲ့ထားပြီး စစ်ရေးလှုပ်ရှားနေတာကြောင့် နေရာစုံ တိုက်ပွဲဖြစ်တာမို့ လက်ရှိအချိန်ထိ ဒေသခံတွေ နေရပ်မပြန်နိုင်ကြဘဲ တောတောင်ထဲမှာ အခက်အခဲမျိုးစုံရင်ဆိုင်နေကြရပါတယ်။