သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္း တိုက္ပြဲျပင္းထန္


ကယားျပည္နယ္ ေတာေတာင္ေတြထဲက စစ္ေဘးေရွာင္တခ်ိဳ ့ (၁၊၆၊၂၀၂၁) (ဓာတ္ပံု - AFP)

ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲမွာရွိတဲ့ စံျပ ၆ မိုင္ေက်း႐ြာဘက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြမေန႔ကလည္း တိုက္ပြဲျပင္းထန္ၿပီး စစ္တပ္က ေလေၾကာင္းကေနပါ တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ကယားျပည္နယ္တြင္းျဖစ္ပြားေနတဲ့ တိုက္ပြဲေတြမွာ စစ္တပ္ဘက္က ေလေၾကာင္းတိုက္ခိုက္မႈေတြ ပိုမ်ားလာလို႔ အရပ္သားျပည္သူေတြ အသက္ေဘးလြတ္ေအာင္ ဗုံးခိုက်င္းေတြတူးေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို အလိမၼာေျပာျပပါမယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြၾကား ကယားျပည္နယ္ထဲမွည တိုက္ပြဲေတြ ရက္ဆက္ျပင္းထန္ေနတာမွာ ဒီေန႔ ဇန္နဝါရီလ ၂၅ ရက္မွာလည္း လြိဳင္ေကာ္ၿမိဳ႕က မိုးလုံရပ္ကြက္ဘက္မွာနဲ႔ လြိဳင္ေကာ္ၿမိဳ႕ေတာင္ဘက္ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲက စံျပ ၆ မိုင္ေက်း႐ြာဘက္မွာ
တိုက္ပြဲေတြ ျဖစ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာျပပါတယ္။ မေန႔တုန္းကလည္း စံျပ ၆ မိုင္ေက်း႐ြာမွာ တိုက္ပြဲေတြျပင္းထန္ခဲ့တာမွာ စစ္ေကာင္စီတပ္ေတြဘက္က ေလေၾကာင္းကေနပါ တိုက္ခိုက္တယ္လို႔ မ်က္ျမင္တေယာက္က ေျပာျပပါတယ္။

“ဒီေန႔ကေတာ့ ဒီမနက္ အေစာပိုင္းမွာ တိုက္ပြဲျဖစ္ေသးတယ္ဗ်။ အခုေတာ့ ၿငိမ္ေနတယ္ဗ်ဟုတ္။ ဒီးေမာ့ဆိုရယ္ ၆ မိုင္ရယ္ ေဒါပိုးစီရယ္ လြိဳင္ေကာ္ မိုင္းလုံေပါ့ေနာ္ ဟုတ္ကဲ့ အဲ့ေနရာေတြမွာ။ မေန႔ကေတာ့ တိုက္ပြဲေတာ့ ဒီဖက္တေၾကာေပါ့ေနာ္။ ေတာ္ေတာ္ေလးျဖစ္သြားတယ္။ တေန႔ကုန္နီးပါး လက္နက္ႀကီးေတြပစ္တယ္။ ေနာက္လက္နက္ငယ္ေရာေပါ့ေနာ္။ အသံေတြ ေကာင္းေကာင္းၾကားရတယ္ဗ် ဟုတ္။ ညေန ၄ နာရီမွာ ရဟတ္ယာဥ္ေပါ့ေနာ္။ ေတာ္ေတာ္ေလးကို ပစ္သြားတယ္ဗ် ဟုတ္။ သူက တစ္နာရီဝန္းက်င္ေလာက္ ပစ္တာေပါ့ေနာ္။ ေကာင္းေကာင္းနဲ႔လည္း ျမင္ေနရတယ္ဗ်။”

ဒီးေမာ့ဆိုၿမိဳ႕နယ္ စံျပ ၆ မိုင္ေက်း႐ြာအုပ္စုမွာ စစ္ေကာင္စီတပ္နဲ႔ ကရင္နီတပ္မေတာ္ KA၊ ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ KNDF နဲ႔ ျပည္သူ႔ကာကြယ္ေရး PDF ပူးေပါင္းမဟာမိတ္တပ္ဖြဲ႕တို႔ၾကား မေန႔က ျပင္းျပင္းထန္ထန္ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ KNDF က ထုတ္ျပန္ထားပါတယ္။ တိုက္ပြဲအတြင္းမွာ စစ္တပ္ကဘက္က ရဟတ္ယာဥ္နဲ႔ သုံးႀကိမ္ လာေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

တိုက္ပြဲေတြျပင္းထန္ေနတဲ့ ကယားျပည္နယ္ထဲက ေဒသေတြအေပၚ စစ္ေကာင္စီက ေလေၾကာင္းသုံး တိုက္ခိုက္မႈေတြ ပိုၿပီးလုပ္လာတယ္လို႔ ေဒသခံက ေျပာပါတယ္။

“တေန႔ နဲ႔ တေန႔ ပိုပိုဆိုးလာတယ္လို႔ပဲ ေျပာလို႔ရတယ္ေပါ့ေနာ္။ မိုင္းလုံတိုက္ပြဲမွာတုန္း သူတို႔က ေလေၾကာင္းနဲ႔ ဗုံးႀကဲတယ္။ ဗုံးႀကဲပစ္ခတ္တယ္။ ေနာက္ အဲ့ေနာက္ပိုင္းလည္း သူတို႔က အဆက္မပ်က္ေပါ့ေနာ္။ တခ်ိဳ႕ရက္ေတြဆိုရင္ သူတို႔က ၄၊ ၅ ၊ ၆ စီးေလာက္ေတာ့ လာတယ္ေပါ့ေနာ္။ ဥပမာ တိုက္ေလယာဥ္ ႏွစ္စီးေလာက္လာတယ္။ လာပစ္သြားတယ္။ ပ်ံသြားတယ္။ ေနာက္ထပ္ ႏွစ္စီးက ထပ္ၿပီးေတာ့ ေရာက္လာတယ္ အဲ့လိုမ်ိဳးေပါ့ေနာ္။ ညဆိုလည္း ညသန္းေကာင္ဆိုလည္း တိုက္ေလယာဥ္နဲ႔ပ်ံဝဲေနတာေပါ့ေနာ္။”

အခုလိုအေျခအေနေၾကာင့္ စစ္ေဘးလြတ္ရာ ထြက္ေျပးေနၾကရသူေတြဟာ ဗုံးခိုက်င္းေတြ တူးၿပီးအကာအကြယ္ယူႏိုင္ေအာင္ လုပ္ေနၾကပါတယ္။ ဒါေပမဲ့

လုံၿခဳံေရးအတြက္ စိုးရိမ္ေနၾကဆဲျဖစ္ပါတယ္။

“တခ်ိဳ႕စစ္ေရွာင္စခန္းေတြလည္း ဗုံးက်င္းေတြ တူးထားတာေတြ႕ရတယ္။ ေနာက္ဒီဖက္က ေက်း႐ြာေတြ ေတာ္ေတာ္မ်ားမ်ား ဗုံးက်င္းေတြ တူးၾကတယ္ေပါ့ေနာ္။ ဒါေပမယ့္ ဗုံးက်င္းနဲ႔က သိပ္ၿပီးေတာ့ မလုံၿခဳံဘူးေပါ့ဆိုၿပီးေတာ့ ေျပာၾကတာေပါ့ေနာ္။ ဒီေနာက္ပိုင္းေပါ့ေနာ္။ စစ္ေရွာင္စခန္းေတြဘက္မွာ လက္နက္ႀကီးေတြ တိုက္ေလယာဥ္နဲ႔ ဗုံးႀကဲသြားတာမ်ိဳး ရွိတယ္။ ေနာက္ စစ္ေရွာင္ရွိတဲ့ေနရာ လႉထားတဲ့ေနရာေလး လက္နက္ႀကီးနဲ႔ ပစ္သြားတာမ်ိဳးရွိတာေပါ့ေနာ္။”

စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းအဖြဲ႕ေတြျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေဒသခံ ျပည္သူေထာင္ေပါင္းမ်ားစြာ ေနရပ္စြန႔္ၿပီး ေတာေတာင္ေတြထဲအပါအဝင္ ေဘးလြတ္ရာ ေရွာင္တိမ္းေနၾကရပါတယ္။ အသက္အ႐ြယ္ႀကီးသူ၊ ကေလးငယ္နဲ႔ ကိုယ္ဝန္ေဆာင္မိခင္ေတြ ေတာေတာင္ထဲမွာ ျဖစ္သလို ေနထိုင္ၿပီး ခက္ခက္ခဲခဲစား ေနထိုင္စားေသာက္ေနၾကရတယ္လို႔ ေဒသခံေတြ ေျပာပါတယ္။ စားနပ္ရိကၡာ ေဆးဝါးေတြအျပင္ ေသာက္သုံးေရလည္း အခက္အခဲျဖစ္ေနၾကပါတယ္။ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕အပါအဝင္ လက္နက္ကိုင္ ပဋိပကၡျဖစ္ေနတဲ့ေနရာေတြမွာ ျမန္မာစစ္တပ္က ေလေၾကာင္းသုံး တိုက္ခိုက္မႈေတြ ရပ္တန႔္ဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းက ေတာင္းဆိုမႈေတြလည္း ပိုမိုက်ယ္ေလာင္လာေနပါတယ္။

..............................................................................

ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္း တိုက္ပြဲျပင္းထန္
please wait

No media source currently available

0:00 0:03:33 0:00
တိုက္႐ိုက္ လင့္ခ္


ဒီးမော့ဆိုမြို့နယ်တွင်း တိုက်ပွဲပြင်းထန်

(Unicode)

ဒီးမော့ဆိုမြို့နယ်ထဲမှာရှိတဲ့ စံပြ ၆ မိုင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမနေ့ကလည်း တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကယားပြည်နယ်တွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာလို့ အရပ်သားပြည်သူတွေ အသက်ဘေးလွတ်အောင် ဗုံးခိုကျင်းတွေတူးနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အလိမ္မာပြောပြပါမယ်။

စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ကယားပြည်နယ်ထဲမှည တိုက်ပွဲတွေ ရက်ဆက်ပြင်းထန်နေတာမှာ ဒီနေ့ ဇန်နဝါရီလ ၂၅ ရက်မှာလည်း လွိုင်ကော်မြို့က မိုးလုံရပ်ကွက်ဘက်မှာနဲ့ လွိုင်ကော်မြို့တောင်ဘက် ဒီးမော့ဆိုမြို့နယ်ထဲက စံပြ ၆ မိုင်ကျေးရွာဘက်မှာ
တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ မနေ့တုန်းကလည်း စံပြ ၆ မိုင်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာမှာ စစ်ကောင်စီတပ်တွေဘက်က လေကြောင်းကနေပါ တိုက်ခိုက်တယ်လို့ မျက်မြင်တယောက်က ပြောပြပါတယ်။

“ဒီနေ့ကတော့ ဒီမနက် အစောပိုင်းမှာ တိုက်ပွဲဖြစ်သေးတယ်ဗျ။ အခုတော့ ငြိမ်နေတယ်ဗျဟုတ်။ ဒီးမော့ဆိုရယ် ၆ မိုင်ရယ် ဒေါပိုးစီရယ် လွိုင်ကော် မိုင်းလုံပေါ့နော် ဟုတ်ကဲ့ အဲ့နေရာတွေမှာ။ မနေ့ကတော့ တိုက်ပွဲတော့ ဒီဖက်တကြောပေါ့နော်။ တော်တော်လေးဖြစ်သွားတယ်။ တနေ့ကုန်နီးပါး လက်နက်ကြီးတွေပစ်တယ်။ နောက်လက်နက်ငယ်ရောပေါ့နော်။ အသံတွေ ကောင်းကောင်းကြားရတယ်ဗျ ဟုတ်။ ညနေ ၄ နာရီမှာ ရဟတ်ယာဉ်ပေါ့နော်။ တော်တော်လေးကို ပစ်သွားတယ်ဗျ ဟုတ်။ သူက တစ်နာရီဝန်းကျင်လောက် ပစ်တာပေါ့နော်။ ကောင်းကောင်းနဲ့လည်း မြင်နေရတယ်ဗျ။”

ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ကြား မနေ့က ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်တပ်ကဘက်က ရဟတ်ယာဉ်နဲ့ သုံးကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲက ဒေသတွေအပေါ် စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်မှုတွေ ပိုပြီးလုပ်လာတယ်လို့ ဒေသခံက ပြောပါတယ်။

“တနေ့ နဲ့ တနေ့ ပိုပိုဆိုးလာတယ်လို့ပဲ ပြောလို့ရတယ်ပေါ့နော်။ မိုင်းလုံတိုက်ပွဲမှာတုန်း သူတို့က လေကြောင်းနဲ့ ဗုံးကြဲတယ်။ ဗုံးကြဲပစ်ခတ်တယ်။ နောက် အဲ့နောက်ပိုင်းလည်း သူတို့က အဆက်မပျက်ပေါ့နော်။ တချို့ရက်တွေဆိုရင် သူတို့က ၄၊ ၅ ၊ ၆ စီးလောက်တော့ လာတယ်ပေါ့နော်။ ဥပမာ တိုက်လေယာဉ် နှစ်စီးလောက်လာတယ်။ လာပစ်သွားတယ်။ ပျံသွားတယ်။ နောက်ထပ် နှစ်စီးက ထပ်ပြီးတော့ ရောက်လာတယ် အဲ့လိုမျိုးပေါ့နော်။ ညဆိုလည်း ညသန်းကောင်ဆိုလည်း တိုက်လေယာဉ်နဲ့ပျံဝဲနေတာပေါ့နော်။”

အခုလိုအခြေအနေကြောင့် စစ်ဘေးလွတ်ရာ ထွက်ပြေးနေကြရသူတွေဟာ ဗုံးခိုကျင်းတွေ တူးပြီးအကာအကွယ်ယူနိုင်အောင် လုပ်နေကြပါတယ်။ ဒါပေမဲ့

လုံခြုံရေးအတွက် စိုးရိမ်နေကြဆဲဖြစ်ပါတယ်။

“တချို့စစ်ရှောင်စခန်းတွေလည်း ဗုံးကျင်းတွေ တူးထားတာတွေ့ရတယ်။ နောက်ဒီဖက်က ကျေးရွာတွေ တော်တော်များများ ဗုံးကျင်းတွေ တူးကြတယ်ပေါ့နော်။ ဒါပေမယ့် ဗုံးကျင်းနဲ့က သိပ်ပြီးတော့ မလုံခြုံဘူးပေါ့ဆိုပြီးတော့ ပြောကြတာပေါ့နော်။ ဒီနောက်ပိုင်းပေါ့နော်။ စစ်ရှောင်စခန်းတွေဘက်မှာ လက်နက်ကြီးတွေ တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားတာမျိုး ရှိတယ်။ နောက် စစ်ရှောင်ရှိတဲ့နေရာ လှူထားတဲ့နေရာလေး လက်နက်ကြီးနဲ့ ပစ်သွားတာမျိုးရှိတာပေါ့နော်။”

စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူထောင်ပေါင်းများစွာ နေရပ်စွန့်ပြီး တောတောင်တွေထဲအပါအဝင် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပါတယ်။ အသက်အရွယ်ကြီးသူ၊ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ တောတောင်ထဲမှာ ဖြစ်သလို နေထိုင်ပြီး ခက်ခက်ခဲခဲစား နေထိုင်စားသောက်နေကြရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စားနပ်ရိက္ခာ ဆေးဝါးတွေအပြင် သောက်သုံးရေလည်း အခက်အခဲဖြစ်နေကြပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့အပါအဝင် လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ မြန်မာစစ်တပ်က လေကြောင်းသုံး တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုမှုတွေလည်း ပိုမိုကျယ်လောင်လာနေပါတယ်။

XS
SM
MD
LG