သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္ၿမိဳ႕ပတ္ဝန္းက်င္ တိုက္ပြဲျပင္းထန္ဆဲ 


ကယားျပည္နယ္ထဲက KPDF တပ္ဖြဲ ့သင္တန္းတခု (ဓာတ္ပံု - AFP)

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နဲ႔ ဒီးေမာ့ဆိုၿမိဳ႕ဘက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြၾကား ဒီေန႔ ဇန္နဝါရီ ၂၁ ရက္မွာ တိုက္ပြဲေတြ ျပင္းထန္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လဆန္းပိုင္းထဲက တိုက္ပြဲေတြျဖစ္ခဲ့တဲ့ လြိဳင္ေကာ္ၿမိဳ႕ မွာ ေသြးထြက္သံယို ေသဆုံးေနသူ အေလာင္း ၁၃ ေလာင္းအထိ ေတြ႕ရွိခဲ့တယ္လို႔ လူမႈကူညီေရးအသင္းက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ေဒၚခင္စိုးဝင္းက ေျပာျပပါမယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ လက္နက္ကိုင္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ တိုက္ခိုက္ေနၾကတဲ့ ကယားျပည္နယ္ထဲက လြိဳင္ေကာ္ၿမိဳ႕မွာ ဒီေန႔ ဇန္နဝါရီလ ၂၁ ရက္မွာလည္း တိုက္ပြဲေတြ ျဖစ္ေနပါတယ္။ လြိဳင္ေကာ္ၿမိဳ႕ မိုင္းလုံရပ္ကြက္ဘက္က တိုက္ပြဲေတြျပင္းထန္ပုံရၿပီး လက္နက္ႀကီးေတြနဲ႔ပစ္ခတ္သံေတြၾကားေနရတယ္လို႔ လြိဳင္ေကာ္ၿမိဳ႕က သံဃာတပါးက ခုလိုမိန႔္ပါတယ္။ လြိဳင္ေကာ္နဲ႔ဒီးေမာ့ဆိုၿမိဳ႕ၾကားက စံျပ(၆)မိုင္ ေက်း႐ြာဘက္မွာလည္း တိုက္ပြဲျဖစ္တယ္လို႔ ေျပာပါတယ္။

“၂၆၁ လြိဳင္ေကာ္ၿမိဳ႕ လြယ္သမူ အေျမာက္တပ္ကေနၿပီးေတာ့မွ ဟိုေဒါငံခါးဖက္ကို လွမ္းထုတာ ေဒါငံခါးဘက္ကို လွမ္းထုတာေနတယ္။ ခုနဘက္ကေတာ့ ၆ မိုင္၊ ဟိုဖိတ္ဘက္မွာ တိုက္ပြဲျဖစ္ေနတယ္ေပါ့။ တိုက္ပြဲျဖစ္တယ္ တိုက္ပြဲျဖစ္ၿပီးရင္ ဒီကေန အေျမာက္တပ္ကေန အဲ့ကို လွမ္းထုေပးတာ အဲ့လိုမ်ိဳးပဲ။ ခုနတုန္းကေတာ့ အဲ့မိုင္းလုံဘက္မွာ မိုင္းလုံနဲ႔ ဟိုဖိတ္နဲ႔က မေဝးဘူးေလး။ သိပ္မေဝးဘူး အဲ့လယ္ေတာဖက္ေတြပဲဆိုေတာ့ ခုနေတာ့ အဲ့မိုင္းလုံး ဟိုဖိတ္ဘက္ၾကားတာပဲ တိုက္ပြဲက RPG သံေတြ စက္ေသနတ္သံေတြ အစုံပဲေပါ့။”

အဲ့ဒီေနရာေဒသတဝိုက္ေတြမွာ စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ေနစဥ္လို တိုက္ပြဲေတြရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီးေမာ့ဆိုၿမိဳနယ္ စံျပ (၆) မိုင္းေက်း႐ြာမွာ ဒီေန႔ တိုက္ပြဲျဖစ္တာနဲ႔ပါတ္သက္လို႔ အိုးပစ္အိမ္ပစ္ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ဒုကၡသည္တေယာက္က ခုလိုေျပာပါတယ္။

“တိုက္ပြဲရွိတယ္လို႔ေတာ့ ေျပာတယ္ရွင့္။ အခုက အဲ့ဖက္က မေနရေတာ့ဘူး။ ဒီဘက္ကို စစ္ေရွာင္လာတာရွင့္။ အသံကေတာ့ သူတို႔ေတြ ဒီဖက္ကေန လက္နက္ႀကီးသံေတြ လက္နက္ငယ္ ေသနတ္သံေတြ ၾကားရတယ္ရွင္။ ၆မိုင္ဘက္မွာလည္း ခဏခဏ တိုက္ပြဲျဖစ္တယ္။ ၆မိုင္မွာေတာ့ ေနတဲ့မရွိေတာ့ဘူးရွင္။ ဘုန္းႀကီးေက်ာင္းမွာေနရတာတို႔ အဲ့လို တဲထိုးေနရတာတို႔ အဲ့လိုမ်ိဳးဘဲ ေနရတယ္ရွင္။ ေနစရာေတြ ဘာေတြေတာ့ အခက္အခဲရွိတယ္။ အစားအေသာက္က်ေတာ့လည္း သူမ်ားလာလႉတဲ့ဟာေတြ အလုပ္မရွိၾကေတာ့ေလ သူမ်ားလာလႉတဲ့ဟာေတြဆီပဲ စားေသာက္တာေတာ့။ ေနရတာေတာ့ အဆင္မေျပ၊ တေနရာၿပီး တေနရာေတာ့ ေျပာင္းေ႐ြ႕ရတယ္ရွင္၊ အဲ့လို တေနရာထဲ အတည္တက်ေတာ့ မေနရဘူးရွင္။”

ဇန္နဝါရီဆန္ပိုင္းကတည္းက တိုက္ပြဲျပင္းျပင္းထန္ထန္ ျဖစ္ပြားေနတဲ့ လြိဳင္ေကာ္ၿမိဳ႕မွာေတာ့ လူေသအေလာင္းေတြ ေတ့ြရွိတာ အခုဆခု ၁၃ ေလာင္းရွိၿပီလို႔ အေလာင္းေတြကို ကူညီေျမျမဳပ္ေပးတဲ့ လူမႈကူညီေရးအသင္းက ေျပာပါတယ္။

“အခုခ်ိန္ထိေတာ့ က်ေနာ္ အဲ့အေနအထားကေတာ့ ေလာေလာဆယ္က ၁၃ ေလာင္းေပါ့ေနာ္။ ၁၃ေလာင္းေလာက္ေတာ့ ရွိတာျဖစ္ပါတယ္။ ဘယ္လိုအေနအထားေတြ ေတြ႕ရလဲဆိုေတာ့ ေသြးထြက္သံယိုေပါ့ေနာ္။ ေသြးထြက္သံယိုေတာ့ ေတြ႕ရတယ္။ တျခားကိစၥကေတာ့ က်ေနာ္တို႔ မသိဘူးေပါ့ေနာ္။ လမ္းေတြမွာကေတာ့ မ်ားတယ္ဗ် အိမ္ထဲမွာကေတာ့ ၃ဦးေလာက္ေတာ့ ေတြ႕တယ္။ အိမ္ထဲမွာေပါ့ေနာ္။”

တိုက္ပြဲျဖစ္ပြားခဲ့တဲ့ မိုင္းလုံရပ္ကြက္ ေဒါဥခူရပ္ကြက္၊ မဂၤလာရပ္ကြက္၊ နမ့္ေဘာ္ဝမ္ရပ္ကြက္ေတြမွာ အေလာင္းေတြ အမ်ားဆုံး ေတြ႕ခဲ့တယ္လို႔ ေျပာပါတယ္။ ကယားျပည္နယ္ထဲက တိုက္ပြဲေတြအတြင္း စစ္တပ္က ေလယာဥ္ကေနလည္း တိုက္ခိုက္ခဲ့ပါတယ္။ တိုက္ခိုက္မႈ မရွိခ်ိန္မ်ိဳးေတြမွာလည္း အရပ္သားေတြရွိရာဘက္ လက္နက္ႀကီးေတြနဲ႔ မၾကာ မၾကာပစ္ခတ္တာမ်ိဳးလုပ္တယ္လို႔ေဒသခံေတြက ေျပာပါတယ္။ ဒီတပတ္ထဲမွာပဲ ဒီးေမာ့ဆိုၿမိဳ႕နယ္နဲ႔ ဖ႐ူဆိုၿမိဳ႕နယ္က ယာယီစစ္ေရွာင္စခန္းရွိရာကို စစ္ေလယာဥ္နဲ႔ ဗုံးႀကဲလို႔ အျပစ္မဲ့ အရပ္သားျပည္သူ ၅ဦး ထက္မနည္း ေသဆုံးခဲ့ရပါတယ္။

ကယားျပည္နယ္ထဲမွာ ၿပီးခဲ့တဲ့ႏွစ္ ေမလထဲက တိုက္ပြဲေတြ စတင္ျဖစ္ပြားေနတာေၾကာင့္ ေဒသခံ အရပ္သားျပည္သူ သိန္းနဲ႔ခ်ီၿပီး
အိုးပစ္အိမ္ပစ္ ေဘးလြတ္ရာကို ေျပးထြက္ေနၾကရပါတယ္။ အစားအေသာက္၊ ေဆးဝါး၊ ေစာင္၊ အေႏြထည္ေတြလည္း အေရးေပၚ အကူအညီ လိုအပ္ေနၾကပါတယ္။

..................................................................................

တိုက္႐ိုက္ လင့္ခ္


လွိုင်ကော်မြို့ပတ်ဝန်းကျင် တိုက်ပွဲပြင်းထန်ဆဲ

(Unicode)

ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့ဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လဆန်းပိုင်းထဲက တိုက်ပွဲတွေဖြစ်ခဲ့တဲ့ လွိုင်ကော်မြို့ မှာ သွေးထွက်သံယို သေဆုံးနေသူ အလောင်း ၁၃ လောင်းအထိ တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ဒေါ်ခင်စိုးဝင်းက ပြောပြပါမယ်။

စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်နေကြတဲ့ ကယားပြည်နယ်ထဲက လွိုင်ကော်မြို့မှာ ဒီနေ့ ဇန်နဝါရီလ ၂၁ ရက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ လွိုင်ကော်မြို့ မိုင်းလုံရပ်ကွက်ဘက်က တိုက်ပွဲတွေပြင်းထန်ပုံရပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်သံတွေကြားနေရတယ်လို့ လွိုင်ကော်မြို့က သံဃာတပါးက ခုလိုမိန့်ပါတယ်။ လွိုင်ကော်နဲ့ဒီးမော့ဆိုမြို့ကြားက စံပြ(၆)မိုင် ကျေးရွာဘက်မှာလည်း တိုက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။

“၂၆၁ လွိုင်ကော်မြို့ လွယ်သမူ အမြောက်တပ်ကနေပြီးတော့မှ ဟိုဒေါငံခါးဖက်ကို လှမ်းထုတာ ဒေါငံခါးဘက်ကို လှမ်းထုတာနေတယ်။ ခုနဘက်ကတော့ ၆ မိုင်၊ ဟိုဖိတ်ဘက်မှာ တိုက်ပွဲဖြစ်နေတယ်ပေါ့။ တိုက်ပွဲဖြစ်တယ် တိုက်ပွဲဖြစ်ပြီးရင် ဒီကနေ အမြောက်တပ်ကနေ အဲ့ကို လှမ်းထုပေးတာ အဲ့လိုမျိုးပဲ။ ခုနတုန်းကတော့ အဲ့မိုင်းလုံဘက်မှာ မိုင်းလုံနဲ့ ဟိုဖိတ်နဲ့က မဝေးဘူးလေး။ သိပ်မဝေးဘူး အဲ့လယ်တောဖက်တွေပဲဆိုတော့ ခုနတော့ အဲ့မိုင်းလုံး ဟိုဖိတ်ဘက်ကြားတာပဲ တိုက်ပွဲက RPG သံတွေ စက်သေနတ်သံတွေ အစုံပဲပေါ့။”

အဲ့ဒီနေရာဒေသတဝိုက်တွေမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နေစဉ်လို တိုက်ပွဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုမြိုနယ် စံပြ (၆) မိုင်းကျေးရွာမှာ ဒီနေ့ တိုက်ပွဲဖြစ်တာနဲ့ပါတ်သက်လို့ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တယောက်က ခုလိုပြောပါတယ်။

“တိုက်ပွဲရှိတယ်လို့တော့ ပြောတယ်ရှင့်။ အခုက အဲ့ဖက်က မနေရတော့ဘူး။ ဒီဘက်ကို စစ်ရှောင်လာတာရှင့်။ အသံကတော့ သူတို့တွေ ဒီဖက်ကနေ လက်နက်ကြီးသံတွေ လက်နက်ငယ် သေနတ်သံတွေ ကြားရတယ်ရှင်။ ၆မိုင်ဘက်မှာလည်း ခဏခဏ တိုက်ပွဲဖြစ်တယ်။ ၆မိုင်မှာတော့ နေတဲ့မရှိတော့ဘူးရှင်။ ဘုန်းကြီးကျောင်းမှာနေရတာတို့ အဲ့လို တဲထိုးနေရတာတို့ အဲ့လိုမျိုးဘဲ နေရတယ်ရှင်။ နေစရာတွေ ဘာတွေတော့ အခက်အခဲရှိတယ်။ အစားအသောက်ကျတော့လည်း သူများလာလှူတဲ့ဟာတွေ အလုပ်မရှိကြတော့လေ သူများလာလှူတဲ့ဟာတွေဆီပဲ စားသောက်တာတော့။ နေရတာတော့ အဆင်မပြေ၊ တနေရာပြီး တနေရာတော့ ပြောင်းရွေ့ရတယ်ရှင်၊ အဲ့လို တနေရာထဲ အတည်တကျတော့ မနေရဘူးရှင်။”

ဇန်နဝါရီဆန်ပိုင်းကတည်းက တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့မှာတော့ လူသေအလောင်းတွေ တေ့ွရှိတာ အခုဆခု ၁၃ လောင်းရှိပြီလို့ အလောင်းတွေကို ကူညီမြေမြုပ်ပေးတဲ့ လူမှုကူညီရေးအသင်းက ပြောပါတယ်။

“အခုချိန်ထိတော့ ကျနော် အဲ့အနေအထားကတော့ လောလောဆယ်က ၁၃ လောင်းပေါ့နော်။ ၁၃လောင်းလောက်တော့ ရှိတာဖြစ်ပါတယ်။ ဘယ်လိုအနေအထားတွေ တွေ့ရလဲဆိုတော့ သွေးထွက်သံယိုပေါ့နော်။ သွေးထွက်သံယိုတော့ တွေ့ရတယ်။ တခြားကိစ္စကတော့ ကျနော်တို့ မသိဘူးပေါ့နော်။ လမ်းတွေမှာကတော့ များတယ်ဗျ အိမ်ထဲမှာကတော့ ၃ဦးလောက်တော့ တွေ့တယ်။ အိမ်ထဲမှာပေါ့နော်။”

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မိုင်းလုံရပ်ကွက် ဒေါဥခူရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ နမ့်ဘော်ဝမ်ရပ်ကွက်တွေမှာ အလောင်းတွေ အများဆုံး တွေ့ခဲ့တယ်လို့ ပြောပါတယ်။ ကယားပြည်နယ်ထဲက တိုက်ပွဲတွေအတွင်း စစ်တပ်က လေယာဉ်ကနေလည်း တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှု မရှိချိန်မျိုးတွေမှာလည်း အရပ်သားတွေရှိရာဘက် လက်နက်ကြီးတွေနဲ့ မကြာ မကြာပစ်ခတ်တာမျိုးလုပ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ ဒီတပတ်ထဲမှာပဲ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်က ယာယီစစ်ရှောင်စခန်းရှိရာကို စစ်လေယာဉ်နဲ့ ဗုံးကြဲလို့ အပြစ်မဲ့ အရပ်သားပြည်သူ ၅ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ကယားပြည်နယ်ထဲမှာ ပြီးခဲ့တဲ့နှစ် မေလထဲက တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာကြောင့် ဒေသခံ အရပ်သားပြည်သူ သိန်းနဲ့ချီပြီး
အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ပြေးထွက်နေကြရပါတယ်။ အစားအသောက်၊ ဆေးဝါး၊ စောင်၊ အနွေထည်တွေလည်း အရေးပေါ် အကူအညီ လိုအပ်နေကြပါတယ်။

XS
SM
MD
LG