သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုမွာ တိုက္ပြဲျပင္းထန္၊ စစ္ေရွာင္စခန္းထဲ လက္နက္ႀကီးက်ၿပီး တဦးဒဏ္ရာရ


ဒီးေမာ့ဆို စစ္ေဘးဒုကၡသည္စခန္းက ကေလးငယ္အခ်ဳိ႕/ယခင္ပံုေဟာင္း။ (ဓာတ္ပုံ - ကရင္နီလူငယ္အဖြဲ႔)

[[Zawgyi/Unicode]]

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲက ဒီးေမာ့ဆို ၿမိဳ႕မရဲစခန္းနဲ႔ ေငြေတာင္ဆည္ ဘက္မွာ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ဒီေန႔ ေဖေဖာ္ဝါရီ ၁၀ ရက္မနက္ပိုင္းက တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။ မနက္ လင္းအားႀကီးအခ်ိန္ကလည္း စစ္ေျပးဒုကၡသည္ေတြ ခိုလႈံေနတဲ့ ယာယီစခန္းတခုအေပၚ လက္နက္ႀကီးက်ည္ က်လို႔ အရပ္သား ျပည္သူတဦး ထိခိုက္ဒဏ္ရာရခဲ့ပါ တယ္။ ဒီးေမာ့ဆိုဘက္က အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။
ဒီကေန႔ ေဖေဖာ္ဝါရီ ၁၀ ရက္ မနက္ ၃ နာရီေလာက္မွာ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္း၊ ျမလဲေက်း႐ြာနားက စစ္ေျပးဒုကၡသည္ေတြ ပုန္းခိုေနတဲ့ ယာယီစခန္းတခုအေပၚ စစ္ေကာင္စီတပ္ေတြဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္လာလို႔ အရပ္သားျပည္သူတဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္ေနတဲ့အတြက္ ဒုကၡသည္ေတြ ေဘးလြတ္ရာေနရာေတြကို ထပ္ၿပီး ေျပာင္းခဲ့ၾကရပါတယ္။ မနက္ပိုင္း ၆ နာရီေက်ာ္ေလာက္ ေရာက္ခ်ိန္မွာေတာ့ ဒီးေမာ့ဆို ၿမိဳ႕မရဲစခန္းနဲ႔ ေငြေတာင္ဆည္ဘက္မွာ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕တို႔အၾကား တိုက္ ပြဲျပင္းထန္ခဲ့တယ္လို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားေရးတာဝန္ခံက VOA ကို ေျပာပါတယ္။
“မနက္ ၃ နာရီေလာက္ေတာ့ တိုက္ပြဲေတာ့မရွိဘူးဗ်။ ဒါေပမယ့္ စစ္ေကာင္စီဘက္ ကေနၿပီးေတာ့ လက္နက္ႀကီးေတြေလ ၁၂၀ မမနဲ႔ ထုလာတယ္ေပါ့။ ဒီစစ္ေဘးေရွာင္ေနတဲ့ ေနရာမွာေလ။ အဲ့လိုမ်ိဳးထုလာေတာ့ အသက္ ၄၅ ႏွစ္ေလာက္ရွိတဲ့ အမ်ိဳးသားတဦး ထိခိုက္ဒဏ္ရာရာထားတာရွိတယ္ေလး။ တိုက္ပြဲကေတာ့ မနက္ ၆ နာရီ ေက်ာ္ေက်ာ္ေလာက္မွာပဲ စတာေပါ့၊ ၇ နာရီခြဲေက်ာ္ေက်ာ္ေလာက္မွာ ၿပီးသြားတာေပါ့ေနာ္။ တိုက္ပြဲကေတာ့ ႏွစ္ခုေတာ့ ရွိတယ္။ ဒီးေမာ့ဆို ၿမိဳ႕မရဲစခန္းမွာနဲ႔ ေငြေတာင္ဆည္နားမွာေပါ့ေနာ္ နည္းနည္းျဖစ္တယ္။ တိုက္ပြဲျပင္းထန္တာေတာ့ ၿမိဳ႕မရဲစခန္းေပါ့ေနာ္။ ဒီးေမာ့ဆိုၿမိဳ႕မရဲစခန္းမွာ တိုက္ပြဲျပင္းထန္တယ္ေပါ့ေနာ္။ အဲဒီ ႏွစ္ခုေတာ့ ရွိတယ္ေလး။”
တိုက္ပြဲအတြင္းမွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဘက္က ၃ ဦး ဒဏ္ရာအငယ္နည္း ရရွိခဲ့ၿပီး စစ္ေကာင္စီဘက္က အက်အဆုံးကိုေတာ့ မသိရေသးဘူးလို႔ေျပာပါတယ္။ တိုက္ပြဲေတြျဖစ္တဲ့ေနရာတဝိုက္ စစ္ေကာင္စီက တပ္စြဲလႈပ္ရွားေနတဲ့ဘက္မွာ ဒီကေန႔ ေန႔ခင္းေလာက္မွာ ေနအိမ္ေတြမီးေလာင္ေနတာ ေတြ႕ရတယ္လို႔ မ်က္ျမင္ေဒသခံတဦးက ေျပာပါတယ္။
“မီးေလာင္တာကေတာ့ ေငြေတာင္ဘက္မွာလည္း ေတြ႔ရတယ္။ ေနာက္ၿပီးေတာ့ ဟိုဖိတ္ေပါ့ေနာ္။ ဟိုဖိတ္ဘက္မွာ ေတြ႔ရတယ္။ ေနာက္မိုင္းလုံဘက္မွာ ေတြ႔ရ တယ္ဗ်။ အေဝးကေန လွမ္းျမင္ေနရတယ္ဗ်။ ၃၊ ၄ ေနရာေတာ့ ရွိတယ္ဗ်။ တိုက္ ပြဲအေျခအေနရယ္လို႔လည္း မဟုတ္ဘူးေပ့ါေနာ္။ ဒီမနက္ကလည္း မနက္ ၃ နာရီေလာက္မွာဆိုရင္ လက္နက္ႀကီးနဲ႔ ရမ္းသမ္းပစ္ခတ္တာ ရွိတယ္ဗ်။ မိုးလင္းခါနီးေလာက္မွ တိုက္ပြဲ စျဖစ္တယ္ဗ်။ အဲ့ဒီ မနက္ ၃ နာရီေလာက္က သူတို႔ရမ္းသမ္း ပစ္ခတ္မႈေၾကာင့္ေပါ့ေနာ္။ ျမလဲက စစ္ေရွာင္စခန္းဘက္မွာ လက္နက္ႀကီးက်တာေပါ့ေနာ္။ အဲ့လိုက်တာ။ အဲ့မွာ လူႏွစ္ေယာက္ေတာ့ ထိခိုက္ဒဏ္ရာရသြားတာေပါ့ေနာ္။”
မီးေလာင္မႈအတြင္း ဘယ္ေလာက္ ပ်က္စီးဆုံးရႈံးလဲဆိုတာ အတိအက် မသိရေသးပါဘူး။ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ လႈပ္ရွားတဲ့ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲမွာ ျပည္သူေတြ ရွိတဲ့ဘက္၊ အထူးသျဖင့္ စစ္ေဘးေရွာင္ဒုကၡသည္ေတြ ရွိရာဘက္ေတြကိုလည္း စစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ မၾကာမၾကာ ပစ္ခတ္တဲ့အတြက္ စစ္ေျပးဒုကၡသည္ေတြ ထိတ္လန႔္ေၾကာက္႐ြံ႕ေနၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အခုဆို ေလေၾကာင္းတိုက္ခိုက္မႈေတြပါ လုပ္လာတယ္လို႔ ဒီးေမာ့ဆိုၿမိဳ႕ နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။
“ဒီေနာက္ပိုင္းက်ေတာ့ သူတို႔ စစ္ေလယာဥ္ေတြ အလြန္အကြၽံသုံးလာတယ္ေပါ့ေနာ္။ တိုက္ပြဲနည္းနည္းျဖစ္တာနဲ႔ ရဟတ္ယာဥ္ေတြ၊ ေနာက္ၿပီးေတာ့ ဂ်က္ေလယာဥ္ေတြ သုံးလာတာမ်ားတယ္။ ေနာက္ၿပီးေတာ့ လက္နက္ႀကီးလည္း နည္းနည္း ထုေထာင္းတဲ့ဟာေတြေပါ့ေနာ္။ အရင္ကမေတြ႔ဖူးတဲ့ လက္နက္ႀကီးေတြလည္း သူတို႔ရံဖန္ရံခါ ထုလာတာေတာ့ ရွိတယ္ဗ်။ ဒီတိုက္ပြဲမျဖစ္ဘဲနဲ႔ ခုနေျပာသလိုမ်ိဳးဘဲေပါ့-စစ္ေဘးေရွာင္ေတြ ရွိႏိုင္တဲ့ေနရာမွာ မွန္းၿပီးေတာ့ လက္နက္ႀကီးနဲ႔ လွမ္းထုတာေတြ ခပ္စိတ္စိတ္လုပ္လာတယ္ေပါ့ေနာ္။ အရင္ကလိုမ်ိဳးမဟုတ္ေတာ့ဘူးေပါ့။ ဒါနည္းနည္းထူးျခားတဲ့ အခ်က္ေတြေပါ့ေနာ္။”
ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္ေတြက ေနရာေတာ္ေတာ္မ်ားမ်ားမွာ ကင္းပုန္းေတြခ် လႈပ္ရွားေနၿပီး မၾကာခဏ ထိုးစစ္ဆင္ တိုက္ခိုက္ေနတာေၾကာင့္ ကရင္နီပူးေပါင္းတပ္ဖြဲ႔ေတြနဲ႔ မၾကာမၾကာ တိုက္ပြဲျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]


ဒီးမော့ဆိုမှာ တိုက်ပွဲပြင်းထန်၊ စစ်ရှောင်စခန်းထဲ လက်နက်ကြီးကျပြီး တဦးသေဆုံး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက ဒီးမော့ဆို မြို့မရဲစခန်းနဲ့ ငွေတောင်ဆည် ဘက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်မနက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ မနက် လင်းအားကြီးအချိန်ကလည်း စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ယာယီစခန်းတခုအပေါ် လက်နက်ကြီးကျည် ကျလို့ အရပ်သား ပြည်သူတဦး ထိခိုက်ဒဏ်ရာရခဲ့ပါ တယ်။ ဒီးမော့ဆိုဘက်က အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၃ နာရီလောက်မှာ ဒီးမော့ဆိုမြို့နယ်တွင်း၊ မြလဲကျေးရွာနားက စစ်ပြေးဒုက္ခသည်တွေ ပုန်းခိုနေတဲ့ ယာယီစခန်းတခုအပေါ် စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာလို့ အရပ်သားပြည်သူတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတဲ့အတွက် ဒုက္ခသည်တွေ ဘေးလွတ်ရာနေရာတွေကို ထပ်ပြီး ပြောင်းခဲ့ကြရပါတယ်။ မနက်ပိုင်း ၆ နာရီကျော်လောက် ရောက်ချိန်မှာတော့ ဒီးမော့ဆို မြို့မရဲစခန်းနဲ့ ငွေတောင်ဆည်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အကြား တိုက် ပွဲပြင်းထန်ခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက VOA ကို ပြောပါတယ်။
“မနက် ၃ နာရီလောက်တော့ တိုက်ပွဲတော့မရှိဘူးဗျ။ ဒါပေမယ့် စစ်ကောင်စီဘက် ကနေပြီးတော့ လက်နက်ကြီးတွေလေ ၁၂၀ မမနဲ့ ထုလာတယ်ပေါ့။ ဒီစစ်ဘေးရှောင်နေတဲ့ နေရာမှာလေ။ အဲ့လိုမျိုးထုလာတော့ အသက် ၄၅ နှစ်လောက်ရှိတဲ့ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရာထားတာရှိတယ်လေး။ တိုက်ပွဲကတော့ မနက် ၆ နာရီ ကျော်ကျော်လောက်မှာပဲ စတာပေါ့၊ ၇ နာရီခွဲကျော်ကျော်လောက်မှာ ပြီးသွားတာပေါ့နော်။ တိုက်ပွဲကတော့ နှစ်ခုတော့ ရှိတယ်။ ဒီးမော့ဆို မြို့မရဲစခန်းမှာနဲ့ ငွေတောင်ဆည်နားမှာပေါ့နော် နည်းနည်းဖြစ်တယ်။ တိုက်ပွဲပြင်းထန်တာတော့ မြို့မရဲစခန်းပေါ့နော်။ ဒီးမော့ဆိုမြို့မရဲစခန်းမှာ တိုက်ပွဲပြင်းထန်တယ်ပေါ့နော်။ အဲဒီ နှစ်ခုတော့ ရှိတယ်လေး။”
တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၃ ဦး ဒဏ်ရာအငယ်နည်း ရရှိခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးကိုတော့ မသိရသေးဘူးလို့ပြောပါတယ်။ တိုက်ပွဲတွေဖြစ်တဲ့နေရာတဝိုက် စစ်ကောင်စီက တပ်စွဲလှုပ်ရှားနေတဲ့ဘက်မှာ ဒီကနေ့ နေ့ခင်းလောက်မှာ နေအိမ်တွေမီးလောင်နေတာ တွေ့ရတယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။
“မီးလောင်တာကတော့ ငွေတောင်ဘက်မှာလည်း တွေ့ရတယ်။ နောက်ပြီးတော့ ဟိုဖိတ်ပေါ့နော်။ ဟိုဖိတ်ဘက်မှာ တွေ့ရတယ်။ နောက်မိုင်းလုံဘက်မှာ တွေ့ရ တယ်ဗျ။ အဝေးကနေ လှမ်းမြင်နေရတယ်ဗျ။ ၃၊ ၄ နေရာတော့ ရှိတယ်ဗျ။ တိုက် ပွဲအခြေအနေရယ်လို့လည်း မဟုတ်ဘူးပေ့ါနော်။ ဒီမနက်ကလည်း မနက် ၃ နာရီလောက်မှာဆိုရင် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ ရှိတယ်ဗျ။ မိုးလင်းခါနီးလောက်မှ တိုက်ပွဲ စဖြစ်တယ်ဗျ။ အဲ့ဒီ မနက် ၃ နာရီလောက်က သူတို့ရမ်းသမ်း ပစ်ခတ်မှုကြောင့်ပေါ့နော်။ မြလဲက စစ်ရှောင်စခန်းဘက်မှာ လက်နက်ကြီးကျတာပေါ့နော်။ အဲ့လိုကျတာ။ အဲ့မှာ လူနှစ်ယောက်တော့ ထိခိုက်ဒဏ်ရာရသွားတာပေါ့နော်။”
မီးလောင်မှုအတွင်း ဘယ်လောက် ပျက်စီးဆုံးရှုံးလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားတဲ့ ဒီးမော့ဆိုမြို့နယ်ထဲမှာ ပြည်သူတွေ ရှိတဲ့ဘက်၊ အထူးသဖြင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ ရှိရာဘက်တွေကိုလည်း စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ မကြာမကြာ ပစ်ခတ်တဲ့အတွက် စစ်ပြေးဒုက္ခသည်တွေ ထိတ်လန့်ကြောက်ရွံ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုဆို လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်လာတယ်လို့ ဒီးမော့ဆိုမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ဒီနောက်ပိုင်းကျတော့ သူတို့ စစ်လေယာဉ်တွေ အလွန်အကျွံသုံးလာတယ်ပေါ့နော်။ တိုက်ပွဲနည်းနည်းဖြစ်တာနဲ့ ရဟတ်ယာဉ်တွေ၊ နောက်ပြီးတော့ ဂျက်လေယာဉ်တွေ သုံးလာတာများတယ်။ နောက်ပြီးတော့ လက်နက်ကြီးလည်း နည်းနည်း ထုထောင်းတဲ့ဟာတွေပေါ့နော်။ အရင်ကမတွေ့ဖူးတဲ့ လက်နက်ကြီးတွေလည်း သူတို့ရံဖန်ရံခါ ထုလာတာတော့ ရှိတယ်ဗျ။ ဒီတိုက်ပွဲမဖြစ်ဘဲနဲ့ ခုနပြောသလိုမျိုးဘဲပေါ့-စစ်ဘေးရှောင်တွေ ရှိနိုင်တဲ့နေရာမှာ မှန်းပြီးတော့ လက်နက်ကြီးနဲ့ လှမ်းထုတာတွေ ခပ်စိတ်စိတ်လုပ်လာတယ်ပေါ့နော်။ အရင်ကလိုမျိုးမဟုတ်တော့ဘူးပေါ့။ ဒါနည်းနည်းထူးခြားတဲ့ အချက်တွေပေါ့နော်။”
ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက နေရာတော်တော်များများမှာ ကင်းပုန်းတွေချ လှုပ်ရှားနေပြီး မကြာခဏ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ မကြာမကြာ တိုက်ပွဲဖြစ်နေပါတယ်။
===========

XS
SM
MD
LG