သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္ၿမိဳ႕ေပၚတိုက္ပြဲမ်ားနည္းလာ၊ ၿမိဳ႕စြန္ေတြမွာပစ္ခတ္မႈရွိဆဲ


လိြဳင္ေကာ္က ထြက္ေျပးလာသူေတြခိုလံႈရာ ဆီဆုိင္ၿမိဳ႕ စစ္ေရွာင္စခန္းအတြက္ ေတာင္ႀကီးၿမိဳ႕မွ လာေရာက္အကူညီေပးေနသူမ်ား။ (ဓာတ္ပံု-ခြန္ေက်ာ္ေဆြ Facebook) ေဖေဖၚဝါရီ ၈၊ ၂၀၂၂။


[[Zawgyi/Unicode]]

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕တြင္းမွာ တိုက္ပြဲေတြ နည္းပါးသြားေပမယ့္ လြိဳင္ေကာ္ၿမိဳ႕အစြန္ အဖ်ားေတြမွာေတာ့ ဒီကေန႔အထိ တိုက္ပြဲေတြ ဆက္ရွိေနပါတယ္။ ၿမိဳ႕တြင္းအေျခအေန တည္ၿငိမ္စျပဳလာတာေၾကာင့္ စစ္ေျပးဒုကၡသည္တခ်ိဳ႕ ေနရပ္ျပန္တာလည္းရွိေနပါတယ္။ လြိဳင္ေကာ္ၿမိဳ႕တဝိုက္အေျခအေန ရန္ကုန္က သတင္းေပးပို႔ထားတာကို မဆုမြန္က တင္ျပေပးထားပါတယ္။

လြိဳင္ေကာ္ၿမိဳ႕အစြန္ စစ္ေကာင္စီတပ္ေတြ တပ္စြဲလႈပ္ရွားေနတဲ့ေနရာမွာ မေန႔ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ ညပိုင္းေလာက္က ေဒသခံကာကြယ္ေရးအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြ အျပန္အလွန္ပစ္ခတ္ေနသလို ဒီကေန႔မနက္ပိုင္းမွာလည္း ဆက္ၿပီး တိုက္ပြဲျဖစ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လက္နက္ႀကီးပစ္ခတ္သံေတြၾကားရၿပီး ေန႔စဥ္ရက္ဆက္ေတာ့ တိုက္ပြဲရွိေနတယ္လို႔ လြိဳင္ေကာ္ၿမိဳ႕ခံ သံဃာတပါးက မိန႔္ပါတယ္။

“ေဒါဥခူဘက္နဲ႔ ဒီႏြားလဝိုးတို႔၊ ထီလြီတို႔၊ ဒီးေမာ့ဆိုတို႔ အဲ့ဒီဘက္ေတြ ျဖစ္ေနတာ။ မေန႔ညတုန္းကလည္း ျဖစ္တယ္။ ဒီမနက္လည္း ၾကားေနတာပဲ။ လက္နက္ႀကီးသံေတြ ၾကားေနတာ၊ လက္နက္ႀကီးသံေတြ RPG သံေတြေတာ့ တခါ ၄၊ ၅၊ ၆လုံးၾကား ၾကားၿပီးျပန္တိတ္။ ၿမိဳ႕ပတ္ပတ္ခ်ာခ်ာလည္ ခ်ေနတာ၊ စစ္ေကာင္စီေတြ ၿမိဳ႕အစပ္ေတြမွာ ၿမိဳ႕အစြန႔္ေတြမွာ သူတို႔ရွိေနတဲ့ ေနရာေတြကို ဒီကာကြယ္ေရးတပ္ ကရင္နီတပ္ေတြ ပူးေပါင္းၿပီးေတာ့မွ လာလာျဖစ္ၾကတာပဲ။”

တိုက္ပြဲေတြအတြင္း ႏွစ္ဘက္ ထိခိုက္ဒဏ္ရာအေျခအေနကိုေတာ့ မသိရေသးသလို လတ္ တေလာ တိုက္ပြဲေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။ ၿပီးခဲ့တဲ့ လြိဳင္ေကာ္တိုက္ပြဲတခ်ိဳ႕မွာေတာ့ ေလေၾကာင္းကပါ အကူအညီယူခဲ့ရတယ္ လို႔ စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။ အဲဒီေနာက္ပိုင္းေတာ့ လြိဳင္ေကာ္ၿမိဳ႕ေပၚမွာ ၿမိဳ႕ခံေတြ ပုံမွန္အတိုင္း သြားလာလႈပ္ရွားေနၾကၿပီလို႔ ဓါတ္ပုံေတြနဲ႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့လ လြိဳင္ေကာ္ၿမိဳ႕တိုက္ပြဲေတြမွာ စစ္တပ္ရဲ႕လက္နက္ႀကီးနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ တၿမိဳ႕လုံးနီးပါး ၿမိဳ႕ကိုစြန႔္ခြာထြက္ေျပးခဲ့ၾကရတာပါ။ အခုေတာ့ လက္နက္ႀကီးပစ္ခတ္မႈနည္းပါးသြားၿပီး ၿမိဳ႕တြင္း ေနရာတခ်ိဳ႕မွာ တိုက္ပြဲတည္ၿငိမ္စျပဳလို႔ ေဒသခံတခ်ိဳ႕ ေနရပ္ျပန္လာတယ္ လို႔ သိရပါတယ္။ ဒါေပမယ့္ လြိဳင္ေကာ္ၿမိဳ႕တြင္းက ေဈးဆိုင္ေတြ ပိတ္ထားၾကၿပီး မနက္ပိုင္းေလာက္သာ ေဈးဝယ္သူ ေရာင္းသူေတြနဲ႔ လမ္းသြားလမ္းလာေတြ ရွိတယ္လို႔ လြိဳင္ေကာ္ၿမိဳ႕ခံ တဦးက ေျပာပါတယ္။ က်န္တဲ့အခ်ိန္မွာ မသြားလာၾကေတာ့ဘူးလို႔ ဆိုပါတယ္။

“တိုက္ပြဲအေျခအေနေၾကာင့္ ေဈးဆိုင္ေတြကလည္း အကုန္လုံးပိတ္ကုန္ၿပီပဲ။ ဘယ္သူမွလည္း မသြားၾက၊ ေအခုလည္း ဒီၿမိဳ႕အထြက္ေတြမွာလည္း ႀကိဳၾကာႀကိဳၾကာ တိုက္ပြဲျဖစ္ေနၾကတယ္။ တိုက္ပြဲ ေဒါဥခူဘက္တို႔ ဘာတို႔ ေန႔တိုင္းလိုလိုျဖစ္ေနတယ္ တိုက္ပြဲက၊ က်ေနာ္တို႔ကေတာ့ အခုေလာေလာဆယ္ဆယ္ လက္ရွိေရွာင္ေနဆဲေနရာမွာပဲ ေနေနၾကရတယ္ခင္ဗ်ာ။ အျပင္ေတာ့ သိပ္မထြက္ျဖစ္ဘူး ခင္ဗ်။ မထြက္ျဖစ္ဘူးဆိုတာ ဟို…ထြက္လို႔လည္း အဆင္မေျပဘူးေလး ခင္ဗ်။ လုံၿခဳံေရးအေျခအေနက ဘယ္သူမွ အာမ မခံႏိုင္ဘူးခင္ဗ်။”

ၿမိဳ႕တြင္းတိုက္ခိုက္မႈေတြ ထိပ္တိုက္ တိုက္ပြဲေတြနည္းသြားေပမယ့္ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြက ေပ်ာက္က်ားနည္းသုံးၿပီး ၿခဳံခိုတိုက္ခိုက္တာေတြ ၾကားျဖတ္တိုက္ခိုက္တာေတြ ပိုလုပ္လာၾကတယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္လည္း စစ္ေကာင္စီတပ္ေတြ အထိုင္လႈပ္ရွားေနတဲ့ေနရာေတြကိုေတာ့ ျပန္မလာရဲၾကဘူးလို႔ ေဒသခံသံဃာက မိန႔္ပါတယ္။

“ခပ္မ်ားမ်ားမရွိၾကေတာ့ဘူး။ အဲ့ဒီေဒသခံေတြ အဲ့ဒီစစ္ေကာင္စီေတြ ထိုင္ထားတဲ့ေနရာတို႔ ဘာတို႔ ဆိုရင္ ဘုန္းႀကီးေတြကအစ ႐ြာသားေတြကအစ တေယာက္မရွိေတာ့ဘူး။ ေနာက္ၿပီးျပန္လည္ မျပန္ရဲၾကဘူး။ ျပန္လို႔လည္း မရဘူးေပါ့။ အဲ့လိုမ်ိဳးေပါ့။ သူတို႔က စႏိုက္ပါေတြ ဘာေတြနဲ႔ ပစ္တာကို။ အဲ့ေၾကာင့္မို႔လို႔ မျပန္ၾကဘူး။”

ကယားျပည္နယ္တခုလုံးအတိုင္းအတာနဲ႔ဆိုရင္ေတာ့ တိုက္ပြဲေတြရွိေနၿပီး လုံၿခဳံမႈနဲ႔ သယ္ယူပို႔ေဆာင္ေရး သြားလာေရးေတြကေတာ့ ခက္ခဲေနတုန္းပါ။ ေနရာအေတာ္မ်ားမ်ားမွာလည္း ဖုန္းလိုင္း အင္တာနက္လိုင္း ဆက္သြယ္ေရးေတြလည္း ျပတ္ေတာက္ေနဆဲရွိတယ္လို႔ သိရပါတယ္ရွင္။

#MyanmarMilitaryCoup #KayahFighting #VOABurmese
#လြိဳင္ေကာ္ #ေဒါဥခူ #စစ္ေဘးဒုကၡသည္ #ႏြားလဝိုး #ထီြလီြ #ဒီးေမာ့ဆို #စစ္ေကာင္စီတပ္ #ဗီြအိုေအ

==========

[[Unicode]]

လွိုင်ကော်မြို့ပေါ်တိုက်ပွဲများနည်းလာ၊ မြို့စွန်တွေမှာပစ်ခတ်မှုရှိဆဲ

ကယားပြည်နယ် လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲတွေ နည်းပါးသွားပေမယ့် လွိုင်ကော်မြို့အစွန် အဖျားတွေမှာတော့ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ မြို့တွင်းအခြေအနေ တည်ငြိမ်စပြုလာတာကြောင့် စစ်ပြေးဒုက္ခသည်တချို့ နေရပ်ပြန်တာလည်းရှိနေပါတယ်။ လွိုင်ကော်မြို့တဝိုက်အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေးထားပါတယ်။

လွိုင်ကော်မြို့အစွန် စစ်ကောင်စီတပ်တွေ တပ်စွဲလှုပ်ရှားနေတဲ့နေရာမှာ မနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညပိုင်းလောက်က ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန်ပစ်ခတ်နေသလို ဒီကနေ့မနက်ပိုင်းမှာလည်း ဆက်ပြီး တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်နက်ကြီးပစ်ခတ်သံတွေကြားရပြီး နေ့စဉ်ရက်ဆက်တော့ တိုက်ပွဲရှိနေတယ်လို့ လွိုင်ကော်မြို့ခံ သံဃာတပါးက မိန့်ပါတယ်။

“ဒေါဥခူဘက်နဲ့ ဒီနွားလဝိုးတို့၊ ထီလွီတို့၊ ဒီးမော့ဆိုတို့ အဲ့ဒီဘက်တွေ ဖြစ်နေတာ။ မနေ့ညတုန်းကလည်း ဖြစ်တယ်။ ဒီမနက်လည်း ကြားနေတာပဲ။ လက်နက်ကြီးသံတွေ ကြားနေတာ၊ လက်နက်ကြီးသံတွေ RPG သံတွေတော့ တခါ ၄၊ ၅၊ ၆လုံးကြား ကြားပြီးပြန်တိတ်။ မြို့ပတ်ပတ်ချာချာလည် ချနေတာ၊ စစ်ကောင်စီတွေ မြို့အစပ်တွေမှာ မြို့အစွန့်တွေမှာ သူတို့ရှိနေတဲ့ နေရာတွေကို ဒီကာကွယ်ရေးတပ် ကရင်နီတပ်တွေ ပူးပေါင်းပြီးတော့မှ လာလာဖြစ်ကြတာပဲ။”

တိုက်ပွဲတွေအတွင်း နှစ်ဘက် ထိခိုက်ဒဏ်ရာအခြေအနေကိုတော့ မသိရသေးသလို လတ် တလော တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ ပြီးခဲ့တဲ့ လွိုင်ကော်တိုက်ပွဲတချို့မှာတော့ လေကြောင်းကပါ အကူအညီယူခဲ့ရတယ် လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ အဲဒီနောက်ပိုင်းတော့ လွိုင်ကော်မြို့ပေါ်မှာ မြို့ခံတွေ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပြီလို့ ဓါတ်ပုံတွေနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လ လွိုင်ကော်မြို့တိုက်ပွဲတွေမှာ စစ်တပ်ရဲ့လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တမြို့လုံးနီးပါး မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ကြရတာပါ။ အခုတော့ လက်နက်ကြီးပစ်ခတ်မှုနည်းပါးသွားပြီး မြို့တွင်း နေရာတချို့မှာ တိုက်ပွဲတည်ငြိမ်စပြုလို့ ဒေသခံတချို့ နေရပ်ပြန်လာတယ် လို့ သိရပါတယ်။ ဒါပေမယ့် လွိုင်ကော်မြို့တွင်းက ဈေးဆိုင်တွေ ပိတ်ထားကြပြီး မနက်ပိုင်းလောက်သာ ဈေးဝယ်သူ ရောင်းသူတွေနဲ့ လမ်းသွားလမ်းလာတွေ ရှိတယ်လို့ လွိုင်ကော်မြို့ခံ တဦးက ပြောပါတယ်။ ကျန်တဲ့အချိန်မှာ မသွားလာကြတော့ဘူးလို့ ဆိုပါတယ်။

“တိုက်ပွဲအခြေအနေကြောင့် ဈေးဆိုင်တွေကလည်း အကုန်လုံးပိတ်ကုန်ပြီပဲ။ ဘယ်သူမှလည်း မသွားကြ၊ အေခုလည်း ဒီမြို့အထွက်တွေမှာလည်း ကြိုကြာကြိုကြာ တိုက်ပွဲဖြစ်နေကြတယ်။ တိုက်ပွဲ ဒေါဥခူဘက်တို့ ဘာတို့ နေ့တိုင်းလိုလိုဖြစ်နေတယ် တိုက်ပွဲက၊ ကျနော်တို့ကတော့ အခုလောလောဆယ်ဆယ် လက်ရှိရှောင်နေဆဲနေရာမှာပဲ နေနေကြရတယ်ခင်ဗျာ။ အပြင်တော့ သိပ်မထွက်ဖြစ်ဘူး ခင်ဗျ။ မထွက်ဖြစ်ဘူးဆိုတာ ဟို…ထွက်လို့လည်း အဆင်မပြေဘူးလေး ခင်ဗျ။ လုံခြုံရေးအခြေအနေက ဘယ်သူမှ အာမ မခံနိုင်ဘူးခင်ဗျ။”

မြို့တွင်းတိုက်ခိုက်မှုတွေ ထိပ်တိုက် တိုက်ပွဲတွေနည်းသွားပေမယ့် ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပျောက်ကျားနည်းသုံးပြီး ခြုံခိုတိုက်ခိုက်တာတွေ ကြားဖြတ်တိုက်ခိုက်တာတွေ ပိုလုပ်လာကြတယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီတပ်တွေ အထိုင်လှုပ်ရှားနေတဲ့နေရာတွေကိုတော့ ပြန်မလာရဲကြဘူးလို့ ဒေသခံသံဃာက မိန့်ပါတယ်။

“ခပ်များများမရှိကြတော့ဘူး။ အဲ့ဒီဒေသခံတွေ အဲ့ဒီစစ်ကောင်စီတွေ ထိုင်ထားတဲ့နေရာတို့ ဘာတို့ ဆိုရင် ဘုန်းကြီးတွေကအစ ရွာသားတွေကအစ တယောက်မရှိတော့ဘူး။ နောက်ပြီးပြန်လည် မပြန်ရဲကြဘူး။ ပြန်လို့လည်း မရဘူးပေါ့။ အဲ့လိုမျိုးပေါ့။ သူတို့က စနိုက်ပါတွေ ဘာတွေနဲ့ ပစ်တာကို။ အဲ့ကြောင့်မို့လို့ မပြန်ကြဘူး။”

ကယားပြည်နယ်တခုလုံးအတိုင်းအတာနဲ့ဆိုရင်တော့ တိုက်ပွဲတွေရှိနေပြီး လုံခြုံမှုနဲ့ သယ်ယူပို့ဆောင်ရေး သွားလာရေးတွေကတော့ ခက်ခဲနေတုန်းပါ။ နေရာအတော်များများမှာလည်း ဖုန်းလိုင်း အင်တာနက်လိုင်း ဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေဆဲရှိတယ်လို့ သိရပါတယ်ရှင်။

#MyanmarMilitaryCoup #KayahFighting #VOABurmese
#လွိုင်ကော် #ဒေါဥခူ #စစ်ဘေးဒုက္ခသည် #နွားလဝိုး #ထွီလွီ #ဒီးမော့ဆို #စစ်ကောင်စီတပ် #ဗွီအိုအေ

==========

XS
SM
MD
LG